သံပိုက်ဖြင့် ရိုက်နှက်ခံခဲ့ရမှုနဲ့ပတ်သက်ပြီး ပီအက်စ်ဂျီအမျိုးသမီးအသင်းစတားရင်ဖွင့်လာ

ခီရာဟမ်မရိုဝီဟာမျက်နှာဖုံးစွပ်လူလေးဦးရဲ့တိုက်ခိုက်ခြင်းခံခဲ့ရမှုနဲ့ပတ်သက်ပြီးဖွင့်ဟပြောကြားလာပါတယ်။

အသက်၃၁နှစ်ရှိပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားဟာယခုလအစောပိုင်းတုန်းကကစားဖော်အေမီနာတာဒီရယ်လိုမောင်းတဲ့ကားကိုစီးနင်းစဉ် လူဆိုးများရဲ့တိုက်ခိုက်မှုကြုံခဲ့ရပါတယ်။

အသက်၂၆နှစ်ရှိဒီရယ်လိုဟာပီအက်စ်ဂျီပွဲထွက်လူစာရင်းတွင်ပါဝင်ခွင့်ရရေးအတွက်ကစားဖော်ဟမ်မရိုဝီဒဏ်ရာရအောင်လုပ်တယ်ဆိုပြီးစွပ်စွဲခြင်းခံခဲ့ရကာအချုပ်ခန်းတွင်ထိန်းသိမ်းခြင်းခံခဲ့ရပါတယ်။ဒါပေမယ့်ယခုအပတ်အစောပိုင်းမှာတော့သူမဟာလည်းစွပ်စွဲချက်ခြင်းမခံခဲ့ရဘဲလွတ်မြောက်လာခဲ့ပါတယ်။

ရဲတပ်ဖွဲ့ဟာဟမ်မရိုဝီတိုက်ခိုက်ခံရမှုနဲ့ပတ်သက်ပြီးပီအက်စ်ဂျီအမျိုးသမီးအသင်းကစားသမားအချို့တို့ကိုစုံစမ်းစစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။ဟမ်မရိုဝီဟာတိုက်ခိုက်ခံခဲ့ရပြီးနောက်ဘာစီလိုနာနှင့်ပြင်သစ်ဂန္ထဝင်ကစားသမားအဲရစ်အဘီဒယ်ကိုဖုန်းဆက်ခဲ့ကြောင်းသိရပါတယ်။ဘာစီလိုနာအားကစားဒါရိုက်တာဟောင်းဟာလည်းယင်းအမှုနဲ့ပတ်သက်ပြီးစစ်ဆေးခြင်းခံခဲ့ရပါမယ်။

ယနေ့မှာဟမ်မရိုဝီဟာ L’Equipe နှင့်တွေ့ဆုံရာတွင်သူမတိုက်ခိုက်ခံရမှုနှင့်ပတ်သက်ပြီးပြောကြားမှုပြုလုပ်လာပါတယ်။သူမဟာမျက်နှာဖုံးစွပ်လူဆိုးများရဲ့လက်သီးဖြင့်ထိုးခြင်း၊ကန်ခြင်းခံခဲ့ရတဲ့အပြင်သူမရဲ့ခြေထောက်ကိုပစ်မှတ်ထားပြီးသံပိုက်ဖြင့်ရိုက်ခြင်းခံခဲ့ရပါတယ်။

သူမက “တိုက်ခိုက်သူကသံပိုက်တဲ့အကြိမ်ကြိမ်ရိုက်တယ်။သူကကျွန်မခြေထောက်ကိုအဓိကထားတိုက်တာ။လက်နဲ့ကာဖို့ကြိုးစားခဲ့တယ်။အဲဒီတုန်းကလက်နက်တစ်ခုမှလည်းမရှိဘူး။သူတို့ကတံခါးဖွင့်တံခါးဖွင့်ဆိုပြီးအော်ကြတယ်။တစ်ယောက်ကကျွန်မကိုဖက်ပြီးကားပေါ်ကဆွဲချတယ်။နောက်တော့သူအင်္ကျီ(သို့မဟုတ်)ဘောင်းဘီနောက်မှာဝှက်ထားတဲ့သံပိုက်ကိုယူလိုက်တယ်။ပထမသူကကျွန်မကိုကားပေါ်ကဆွဲချလို့ရအောင်လက်သီးနဲ့ထိုးတယ်။လမ်းမပေါ်လဲကျသွားတယ်။ပြီးတော့လမ်းညာခြမ်းမှာကျွန်မကိုသံပိုက်နဲ့အကြိမ်ကြိမ်ရိုက်တယ်။ကျွန်မခြေထောက်ကိုဘဲအဓိကထားတိုက်တာပါ။လက်နဲ့ကာတယ်။မိနစ်အနည်းငယ်ကြာပါတယ်။ကျွန်မအတွက်တော့တသက်စာလိုကြာတယ်။အေမီနာတာဖြစ်ပျက်တာအရမ်းမြန်တယ်လို့ပြောပါတယ်။နှစ်ယောက်ကလမ်းမကားတွေရောက်လာတော့ထွက်ပြေးသွားကြတယ်။သူတို့ကကားရှုပ်ရာဘက်သို့ပြေးသွားကြတယ်။နောက်တော့မြင်ကွင်းကပျောက်သွားတယ်။အနီးအနားမှာကားတစ်စီးစီးတော့စောင့်နေမယ်ထင်တယ်”လို့ပြောကြားခဲ့ပါတယ်။

ဟမ်မရိုဝီဟာတိုက်ခိုက်ခြင်းခံခဲ့ရပြီးနောက်ဆေးရုံသို့ပို့ကာဆေးကုသမှုခံခဲ့ရပါတယ်။ဆရာဝန်ကသူမကိုသုံးပတ်အနားယူဖို့ပြောပါတယ်။

ZawGyi

သံပိုက္ျဖင့္ ႐ိုက္ႏွက္ခံခဲ့ရမႈနဲ႔ပတ္သက္ၿပီး ပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းစတားရင္ဖြင့္လာ

ခီရာဟမ္မ႐ိုဝီဟာမ်က္ႏွာဖုံးစြပ္လူေလးဦးရဲ႕တိုက္ခိုက္ျခင္းခံခဲ့ရမႈနဲ႔ပတ္သက္ၿပီးဖြင့္ဟေျပာၾကားလာပါတယ္။

အသက္၃၁ႏွစ္ရွိပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားဟာယခုလအေစာပိုင္းတုန္းကကစားေဖာ္ေအမီနာတာဒီရယ္လိုေမာင္းတဲ့ကားကိုစီးနင္းစဥ္ လူဆိုးမ်ားရဲ႕တိုက္ခိုက္မႈႀကဳံခဲ့ရပါတယ္။

အသက္၂၆ႏွစ္ရွိဒီရယ္လိုဟာပီအက္စ္ဂ်ီပြဲထြက္လူစာရင္းတြင္ပါဝင္ခြင့္ရေရးအတြက္ကစားေဖာ္ဟမ္မ႐ိုဝီဒဏ္ရာရေအာင္လုပ္တယ္ဆိုၿပီးစြပ္စြဲျခင္းခံခဲ့ရကာအခ်ဳပ္ခန္းတြင္ထိန္းသိမ္းျခင္းခံခဲ့ရပါတယ္။ဒါေပမယ့္ယခုအပတ္အေစာပိုင္းမွာေတာ့သူမဟာလည္းစြပ္စြဲခ်က္ျခင္းမခံခဲ့ရဘဲလြတ္ေျမာက္လာခဲ့ပါတယ္။

ရဲတပ္ဖြဲ႕ဟာဟမ္မ႐ိုဝီတိုက္ခိုက္ခံရမႈနဲ႔ပတ္သက္ၿပီးပီအက္စ္ဂ်ီအမ်ိဳးသမီးအသင္းကစားသမားအခ်ိဳ႕တို႔ကိုစုံစမ္းစစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။ဟမ္မ႐ိုဝီဟာတိုက္ခိုက္ခံခဲ့ရၿပီးေနာက္ဘာစီလိုနာႏွင့္ျပင္သစ္ဂႏၴဝင္ကစားသမားအဲရစ္အဘီဒယ္ကိုဖုန္းဆက္ခဲ့ေၾကာင္းသိရပါတယ္။ဘာစီလိုနာအားကစားဒါ႐ိုက္တာေဟာင္းဟာလည္းယင္းအမႈနဲ႔ပတ္သက္ၿပီးစစ္ေဆးျခင္းခံခဲ့ရပါမယ္။

ယေန႔မွာဟမ္မ႐ိုဝီဟာ L’Equipe ႏွင့္ေတြ႕ဆုံရာတြင္သူမတိုက္ခိုက္ခံရမႈႏွင့္ပတ္သက္ၿပီးေျပာၾကားမႈျပဳလုပ္လာပါတယ္။သူမဟာမ်က္ႏွာဖုံးစြပ္လူဆိုးမ်ားရဲ႕လက္သီးျဖင့္ထိုးျခင္း၊ကန္ျခင္းခံခဲ့ရတဲ့အျပင္သူမရဲ႕ေျခေထာက္ကိုပစ္မွတ္ထားၿပီးသံပိုက္ျဖင့္႐ိုက္ျခင္းခံခဲ့ရပါတယ္။

သူမက “တိုက္ခိုက္သူကသံပိုက္တဲ့အႀကိမ္ႀကိမ္႐ိုက္တယ္။သူကကြၽန္မေျခေထာက္ကိုအဓိကထားတိုက္တာ။လက္နဲ႔ကာဖို႔ႀကိဳးစားခဲ့တယ္။အဲဒီတုန္းကလက္နက္တစ္ခုမွလည္းမရွိဘူး။သူတို႔ကတံခါးဖြင့္တံခါးဖြင့္ဆိုၿပီးေအာ္ၾကတယ္။တစ္ေယာက္ကကြၽန္မကိုဖက္ၿပီးကားေပၚကဆြဲခ်တယ္။ေနာက္ေတာ့သူအက်ႌ(သို႔မဟုတ္)ေဘာင္းဘီေနာက္မွာဝွက္ထားတဲ့သံပိုက္ကိုယူလိုက္တယ္။ပထမသူကကြၽန္မကိုကားေပၚကဆြဲခ်လို႔ရေအာင္လက္သီးနဲ႔ထိုးတယ္။လမ္းမေပၚလဲက်သြားတယ္။ၿပီးေတာ့လမ္းညာျခမ္းမွာကြၽန္မကိုသံပိုက္နဲ႔အႀကိမ္ႀကိမ္႐ိုက္တယ္။ကြၽန္မေျခေထာက္ကိုဘဲအဓိကထားတိုက္တာပါ။လက္နဲ႔ကာတယ္။မိနစ္အနည္းငယ္ၾကာပါတယ္။ကြၽန္မအတြက္ေတာ့တသက္စာလိုၾကာတယ္။ေအမီနာတာျဖစ္ပ်က္တာအရမ္းျမန္တယ္လို႔ေျပာပါတယ္။ႏွစ္ေယာက္ကလမ္းမကားေတြေရာက္လာေတာ့ထြက္ေျပးသြားၾကတယ္။သူတို႔ကကားရႈပ္ရာဘက္သို႔ေျပးသြားၾကတယ္။ေနာက္ေတာ့ျမင္ကြင္းကေပ်ာက္သြားတယ္။အနီးအနားမွာကားတစ္စီးစီးေတာ့ေစာင့္ေနမယ္ထင္တယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟမ္မ႐ိုဝီဟာတိုက္ခိုက္ျခင္းခံခဲ့ရၿပီးေနာက္ေဆး႐ုံသို႔ပို႔ကာေဆးကုသမႈခံခဲ့ရပါတယ္။ဆရာဝန္ကသူမကိုသုံးပတ္အနားယူဖို႔ေျပာပါတယ္။