ဟင်ဒါဆင်နှင့်ဖြစ်ပျက်ခဲ့တဲ့ပြဿနာအတွက် အာဆင်နယ်စတားဂါဘရီရယ်ကို အက်ဖ်အေ အင်တာဗျူး

အက်ဖ်အေစည်းကမ်းထိန်းသိမ်းရေးကော်မတီဟာတနင်္ဂနွေနေ့တုန်းကအာဆင်နယ်နှင့်လီဗာပူးပွဲစဉ်တွင်အချင်းများခဲ့မှုနှင့်ပတ်သက်ပြီးအာဆင်နယ်နောက်ခံလူဂါဘရီရယ်ကိုအင်တာဗျူးပြုလုပ်ခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းကပွဲစဉ်တွင်ဒိုင်လူကြီးမိုက်ကယ်အိုလီဗာကအာဆင်နယ်အနိုင်ဂိုးရရှိသွားတဲ့ ပင်နယ်တီပေးလိုက်ပြီးနောက်နှစ်ဖက်ကစားသမားများရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ကြပါတယ်။

လီဗာပူးကစားသမားများဟာတီယာဂိုကဂါဘရီရယ်ဂျေဆူးအား ၅၀-၅၀ အနေအထားဖြင့်ခြေသလုံးအားကန်မိခဲ့မှုအတွက်ပင်နယ်တီပေးလိုက်မှုအပေါ်ဒိုင်လူကြီးအိုလီဗာအားဒေါသထွက်ခဲ့ကြပါတယ်။

ဒါ့အပြင်လီဗာပူးအသင်းခေါင်းဆောင်ဟင်ဒါဆင်နှင့်အာဆင်နယ်နောက်ခံလူဂါဘရီရယ်တို့ဟာလည်းအချင်းများမှုပြုလုပ်ခဲ့ကြပါတယ်။

အက်ဖ်အေဟာအာဆင်နယ်နှင့်လီဗာပူးပွဲစဉ်မှရုန်းရင်းဆန်ခတ်ဖြစ်မှုနှင့်ပတ်သက်ပြီးကစားသမားများကိုမထိန်းသိမ်းနိုင်မှုအတွက်စွဲချက်တင်ခံရနိုင်ပါတယ်။

တဖက်တွင်အက်ဖ်အေဟာဟင်ဒါဆင်နှင့်ဖြစ်ပျက်ခဲ့မှုနှင့်ပတ်သက်ပြီးဂါဘရီရယ်ကိုစစ်ဆေးမေးမြန်းမှုပြုလုပ်ခဲ့ကြောင်းသိရပါတယ်။

ZawGyi






