ဟင်နရီရဲ့ပရီးမီးယားလိဂ်ဂိုးစံချိန်ကို ကျော်ဖြတ်လိုက်နိုင်ပြီဖြစ်တဲ့ ဟယ်ရီကိန်း

ဟယ်ရီကိန်းဟာမနေ့ညတုန်းကအဲဗာတန်ကိုဂိုးပြတ်အနိုင်ရရှိတဲ့ပွဲမှာ၂ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက်သီယာရီဟင်နရီရဲ့ပရီးမီးယားလိဂ်ဂိုးစံချိန်ကိုကျော်ဖြတ်နိုင်ခဲ့ပါတယ်။

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာစပါးစ်ကဖရန့်လမ်းပတ်ရဲ့အဲဗာတန်ကို၅-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာ၂ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

ဟယ်ရီကိန်းဟာသူ့ရဲ့ဒုတိယဂိုးကိုပင်နယ်တီဧရိယာအတွင်းမှာဘယ်ခြေဖြင့်မြေမကျဘောကန်ပြီးရယူခဲ့ပါတယ်။ယင်းဂိုးကဟယ်ရီကိန်းအတွက်ပရီးမီးယားလိဂ်၁၇၆ဂိုးမြောက်ဂိုးဖြစ်ပြီးအာဆင်နယ်ဂန္ထဝင်ဟင်နရီထက်တစ်ဂိုးပိုများသွားပြီဖြစ်ပါတယ်။

ဟယ်ရီကိန်းက “သီယာရီကကျွန်တော်တို့မြင်တွေ့ခဲ့ဖူးတဲ့အကောင်းဆုံးတိုက်စစ်မှူးတွေထဲကတစ်ဦးဖြစ်ပါတယ်။ဂိုးသွင်းစာရင်းမှာသူ့ကိုကျော်ဖြတ်နိုင်ခဲ့တာကျေနပ်စရာပါ။နောက်ထပ်ဂိုးတွေအများကြီးသွင်းနိုင်ဖို့မျှော်လင့်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

သီယာရီဟင်နရီဟာပရီးမီးယားလိဂ်ပွဲ၂၅၄ပွဲတွင်၁၇၅ဂိုးသွင်းခဲ့တာဖြစ်ပြီးဟယ်ရီကိန်းကတော့ပွဲ၂၇၀တွင်၁၇၆ဂိုးသွင်းခဲ့တာဖြစ်ပါတယ်။

ZawGyi

ဟင္နရီရဲ႕ပရီးမီးယားလိဂ္ဂိုးစံခ်ိန္ကို ေက်ာ္ျဖတ္လိုက္ႏိုင္ၿပီျဖစ္တဲ့ ဟယ္ရီကိန္း

ဟယ္ရီကိန္းဟာမေန႔ညတုန္းကအဲဗာတန္ကိုဂိုးျပတ္အႏိုင္ရရွိတဲ့ပြဲမွာ၂ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္သီယာရီဟင္နရီရဲ႕ပရီးမီးယားလိဂ္ဂိုးစံခ်ိန္ကိုေက်ာ္ျဖတ္ႏိုင္ခဲ့ပါတယ္။

အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာစပါးစ္ကဖရန႔္လမ္းပတ္ရဲ႕အဲဗာတန္ကို၅-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာ၂ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ဟယ္ရီကိန္းဟာသူ႔ရဲ႕ဒုတိယဂိုးကိုပင္နယ္တီဧရိယာအတြင္းမွာဘယ္ေျချဖင့္ေျမမက်ေဘာကန္ၿပီးရယူခဲ့ပါတယ္။ယင္းဂိုးကဟယ္ရီကိန္းအတြက္ပရီးမီးယားလိဂ္၁၇၆ဂိုးေျမာက္ဂိုးျဖစ္ၿပီးအာဆင္နယ္ဂႏၴဝင္ဟင္နရီထက္တစ္ဂိုးပိုမ်ားသြားၿပီျဖစ္ပါတယ္။

ဟယ္ရီကိန္းက “သီယာရီကကြၽန္ေတာ္တို႔ျမင္ေတြ႕ခဲ့ဖူးတဲ့အေကာင္းဆုံးတိုက္စစ္မႉးေတြထဲကတစ္ဦးျဖစ္ပါတယ္။ဂိုးသြင္းစာရင္းမွာသူ႔ကိုေက်ာ္ျဖတ္ႏိုင္ခဲ့တာေက်နပ္စရာပါ။ေနာက္ထပ္ဂိုးေတြအမ်ားႀကီးသြင္းႏိုင္ဖို႔ေမွ်ာ္လင့္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

သီယာရီဟင္နရီဟာပရီးမီးယားလိဂ္ပြဲ၂၅၄ပြဲတြင္၁၇၅ဂိုးသြင္းခဲ့တာျဖစ္ၿပီးဟယ္ရီကိန္းကေတာ့ပြဲ၂၇၀တြင္၁၇၆ဂိုးသြင္းခဲ့တာျဖစ္ပါတယ္။