ဟတ်ဆန်အိုဒွိုင်းအား ဂါနာသို့ လက်လွှတ်ရန် အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်ဆုံးဖြတ်လိုက်ပြီ

အင်္ဂလန်ဘောလုံးအဖွဲ့ချုပ်မှတာဝန်ရှိသူများဟာကယ်လမ်ဟတ်ဆန်အိုဒွိုင်းအားဂါနာလက်ရွေးစင်အသင်းသို့လက်လွှတ်ဆုံးရှုံးရန်ဆုံးဖြတ်လိုက်ပြီဖြစ်ကြောင်းသိရပါတယ်။

အသက်၂၁နှစ်ရှိချဲလ်ဆီးတောင်ပံကစားသမားဟာအင်္ဂလန်လက်ရွေးစင်အသင်းအတွက်သုံးပွဲကစားထားသူဖြစ်ပြီးနောက်ဆုံးကစားခွင့်ရရှိခဲ့တာ၂၀၁၉ခုနှစ်တုန်းကဖြစ်ပါတယ်။

သူဟာပြီးခဲ့တဲ့လတုန်းကအင်္ဂလန်ယူ-၂၁အသင်းအတွက်ကစားရန်ရွေးချယ်ခြင်းခံခဲ့ရသော်လည်းပယ်ချခဲ့ပါတယ်။

ဟတ်ဆန်အိုဒွိုင်းဟာဂါနာအသင်းတွင်ကစားရန်ဖိတ်ခေါ်ခြင်းခံထားရသူဖြစ်ပြီးသူ့ရဲ့လက်ရှိအနေအထားနှင့်ပတ်သက်ပြီးအင်္ဂလန်ဘောလုံးအဖွဲ့ချုပ်အားပွင့်လင်းစွာပြောကြားခြင်းမရှိပါဘူး။

သူဟာလွန်ခဲ့တဲ့နှစ်နှစ်တုန်းကအင်္ဂလန်အသင်းအတွက်ပြိုင်ပွဲတစ်ခုတွင်ကစားခွင့်ရရှိတဲ့အသက်အငယ်ဆုံးကစားသမားအဖြစ်မှတ်တမ်းတင်နိုင်ခဲ့ပေမယ့်အင်္ဂလန်ယူ-၂၁အသင်းသို့အဆင့်လျှောကျခဲ့မှုအပေါ်စိတ်ပျက်နေပါတယ်။

ယခုလအစောပိုင်းတုန်းကအင်္ဂလန်နည်းပြဆောက်ဂိတ်ကဟတ်ဆန်အိုဒွိုင်းတွင်အင်္ဂလန်အသင်းတွင်ကစားရန်အခွင့်အရေးရှိနေဆဲဖြစ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဟတ်ဆန်အိုဒွိုင်းဟာအင်္ဂလန်အတွက်စီနီယာပွဲသုံးပွဲကစားပြီးဖြစ်ပေမယ့်လည်းဖီဖာရဲ့ဥပဒေသစ်အရအသက်၂၁နှစ်မကျော်မီကစားခဲ့ခြင်းဖြစ်ရာအခြားနိုင်ငံတစ်ခုအတွက်ပြောင်းလဲကစားခွင့်ရှိနေပါတယ်။

တစ်ဖက်တွင်ဟတ်ဆန်အိုဒွိုင်းကိုယ်တိုင်ကဂါနာအတွက်ကစားရန်တံခါးဖွင့်ပေးထားကြောင်းပြောကြားခဲ့ဖူးပါတယ်။

ZawGyi

ဟတ္ဆန္အိုဒြိဳင္းအား ဂါနာသို႔ လက္လႊတ္ရန္ အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ဆုံးျဖတ္လိုက္ၿပီ

အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္မွတာဝန္ရွိသူမ်ားဟာကယ္လမ္ဟတ္ဆန္အိုဒြိဳင္းအားဂါနာလက္ေ႐ြးစင္အသင္းသို႔လက္လႊတ္ဆုံးရႈံးရန္ဆုံးျဖတ္လိုက္ၿပီျဖစ္ေၾကာင္းသိရပါတယ္။

အသက္၂၁ႏွစ္ရွိခ်ဲလ္ဆီးေတာင္ပံကစားသမားဟာအဂၤလန္လက္ေ႐ြးစင္အသင္းအတြက္သုံးပြဲကစားထားသူျဖစ္ၿပီးေနာက္ဆုံးကစားခြင့္ရရွိခဲ့တာ၂၀၁၉ခုႏွစ္တုန္းကျဖစ္ပါတယ္။

သူဟာၿပီးခဲ့တဲ့လတုန္းကအဂၤလန္ယူ-၂၁အသင္းအတြက္ကစားရန္ေ႐ြးခ်ယ္ျခင္းခံခဲ့ရေသာ္လည္းပယ္ခ်ခဲ့ပါတယ္။

ဟတ္ဆန္အိုဒြိဳင္းဟာဂါနာအသင္းတြင္ကစားရန္ဖိတ္ေခၚျခင္းခံထားရသူျဖစ္ၿပီးသူ႔ရဲ႕လက္ရွိအေနအထားႏွင့္ပတ္သက္ၿပီးအဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္အားပြင့္လင္းစြာေျပာၾကားျခင္းမရွိပါဘူး။

သူဟာလြန္ခဲ့တဲ့ႏွစ္ႏွစ္တုန္းကအဂၤလန္အသင္းအတြက္ၿပိဳင္ပြဲတစ္ခုတြင္ကစားခြင့္ရရွိတဲ့အသက္အငယ္ဆုံးကစားသမားအျဖစ္မွတ္တမ္းတင္ႏိုင္ခဲ့ေပမယ့္အဂၤလန္ယူ-၂၁အသင္းသို႔အဆင့္ေလွ်ာက်ခဲ့မႈအေပၚစိတ္ပ်က္ေနပါတယ္။

ယခုလအေစာပိုင္းတုန္းကအဂၤလန္နည္းျပေဆာက္ဂိတ္ကဟတ္ဆန္အိုဒြိဳင္းတြင္အဂၤလန္အသင္းတြင္ကစားရန္အခြင့္အေရးရွိေနဆဲျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဟတ္ဆန္အိုဒြိဳင္းဟာအဂၤလန္အတြက္စီနီယာပြဲသုံးပြဲကစားၿပီးျဖစ္ေပမယ့္လည္းဖီဖာရဲ႕ဥပေဒသစ္အရအသက္၂၁ႏွစ္မေက်ာ္မီကစားခဲ့ျခင္းျဖစ္ရာအျခားႏိုင္ငံတစ္ခုအတြက္ေျပာင္းလဲကစားခြင့္ရွိေနပါတယ္။

တစ္ဖက္တြင္ဟတ္ဆန္အိုဒြိဳင္းကိုယ္တိုင္ကဂါနာအတြက္ကစားရန္တံခါးဖြင့္ေပးထားေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။