ဟန်ဂေရီနှင့်ပွဲမှဂိုးကို ဆုံးပါးသွားတဲ့ သူငယ်ချင်းအား ရည်ရွယ်ခဲ့တဲ့ စတာလင်း

ရာဟမ်းစတာလင်းဟာမနေ့ညတုန်းကဟန်ဂေရီအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲမှာသူ့ဂိုးအားကွယ်လွန်သွားရှာပြီဖြစ်တဲ့သူငယ်ချင်းဖြစ်သူစတီဖီဂရက်အားရည်ရွယ်ခဲ့ပါတယ်။

အသက်၂၆နှစ်ရှိစတီဖီဂရက်ဟာဂျာမေကာပရိုဂျူဆာနှင့်အဆိုတော် Rvssian ရဲ့တူမဖြစ်ပြီးယခုအပတ်အစောပိုင်းတုန်းကကွယ်လွန်သွားခဲ့ပါတယ်။

မန်စီးတီးစတားဟာဟန်ဂေရီနှင့်ပွဲမှာဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် Love you Forever Steffie Gregg ဆိုတဲ့စာသားပါအတွင်းအင်္ကျီဖြင့်အောင်ပွဲခံခဲ့ပါတယ်။

သူဟာအင်္ကျီချွတ်ပြီးအတွင်းအင်္ကျီဖြင့်အောင်ပွဲခံမှုကြောင့်အဝါကတ်ပြသခြင်းခံခဲ့ရပါတယ်။

စတာလင်းဟာပွဲချိန်၅၅မိနစ်မှာအင်္ဂလန်အတွက်ဂိုးသွင်းယူခဲ့တာဖြစ်ပြီးဂိုးသွင်းအောင်ပွဲခံစဉ်ဟန်ဂေရီပရိသတ်များရဲ့ဘီယာခွက်ဖြင့်ပစ်ပေါက်ခြင်းခံခဲ့ရပါတယ်။ဒါ့အပြင်သူနဲ့အင်္ဂလန်ကစားသမားများဟာဟန်ဂေရီပရိသတ်များရဲ့လူမျိုးရေးခွဲခြားဆက်ဆံမှုလည်းခံခဲ့ရပါတယ်။

Twitch Streamer တစ်ဦးဖြစ်တဲ့စတီဖီဂရက်ဟာဩဂုတ်လ၃၁ရက်နေ့တုန်းကမီယာမီတွင်ကိုဗစ်ရောဂါကြောင့်ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။စတာလင်းဟာစတီဖီဂရက်နှင့်အလွန်ရင်းနှီးသူလည်းဖြစ်ပါတယ်။

ZawGyi

ဟန္ေဂရီႏွင့္ပြဲမွဂိုးကို ကိုဗစ္ေၾကာင့္ဆုံးပါးသြားတဲ့ သူငယ္ခ်င္းအား ရည္႐ြယ္ခဲ့တဲ့ စတာလင္း

ရာဟမ္းစတာလင္းဟာမေန႔ညတုန္းကဟန္ေဂရီအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲမွာသူ႔ဂိုးအားကြယ္လြန္သြားရွာၿပီျဖစ္တဲ့သူငယ္ခ်င္းျဖစ္သူစတီဖီဂရက္အားရည္႐ြယ္ခဲ့ပါတယ္။

အသက္၂၆ႏွစ္ရွိစတီဖီဂရက္ဟာဂ်ာေမကာပ႐ိုဂ်ဴဆာႏွင့္အဆိုေတာ္ Rvssian ရဲ႕တူမျဖစ္ၿပီးယခုအပတ္အေစာပိုင္းတုန္းကကြယ္လြန္သြားခဲ့ပါတယ္။

မန္စီးတီးစတားဟာဟန္ေဂရီႏွင့္ပြဲမွာဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ Love you Forever Steffie Gregg ဆိုတဲ့စာသားပါအတြင္းအက်ႌျဖင့္ေအာင္ပြဲခံခဲ့ပါတယ္။

သူဟာအက်ႌခြၽတ္ၿပီးအတြင္းအက်ႌျဖင့္ေအာင္ပြဲခံမႈေၾကာင့္အဝါကတ္ျပသျခင္းခံခဲ့ရပါတယ္။

စတာလင္းဟာပြဲခ်ိန္၅၅မိနစ္မွာအဂၤလန္အတြက္ဂိုးသြင္းယူခဲ့တာျဖစ္ၿပီးဂိုးသြင္းေအာင္ပြဲခံစဥ္ဟန္ေဂရီပရိသတ္မ်ားရဲ႕ဘီယာခြက္ျဖင့္ပစ္ေပါက္ျခင္းခံခဲ့ရပါတယ္။ဒါ့အျပင္သူနဲ႔အဂၤလန္ကစားသမားမ်ားဟာဟန္ေဂရီပရိသတ္မ်ားရဲ႕လူမ်ိဳးေရးခြဲျခားဆက္ဆံမႈလည္းခံခဲ့ရပါတယ္။

Twitch Streamer တစ္ဦးျဖစ္တဲ့စတီဖီဂရက္ဟာဩဂုတ္လ၃၁ရက္ေန႔တုန္းကမီယာမီတြင္ကိုဗစ္ေရာဂါေၾကာင့္ကြယ္လြန္သြားခဲ့တာျဖစ္ပါတယ္။စတာလင္းဟာစတီဖီဂရက္ႏွင့္အလြန္ရင္းႏွီးသူလည္းျဖစ္ပါတယ္။pmnews