ဟန်ဂေရီနှင့်သရေကျပြီးနောက် ဖီဖာအဆင့် ၅ သို့ဆင်းပေးလိုက်ရတဲ့ အင်္ဂလန်

အင်္ဂလန်အသင်းဟာဟန်ဂေရီနှင့်သရေကျခဲ့ပြီးနောက်ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်တွင်အဆင့်၅သို့ဆင်းခဲ့ရပါတယ်။အင်္ဂလန်အသင်းဟာစက်တင်ဘာလတုန်းကဖီဖာကမ္ဘာ့အဆင့်တွင်အဆင့်၃နေရာသို့အထိတက်လှမ်းနိုင်ခဲ့ပြီးသမိုင်းတစ်လျှောက်အမြင့်မားဆုံးအဆင့်သို့တက်လှမ်းနိုင်ခဲ့ပါတယ်။

ဒါပေမယ့်အင်္ဂလန်အသင်းဟာပြီးခဲ့တဲ့အပတ်တုန်းကဝင်ဘာလေကွင်းတွင်ဟန်ဂေရီနှင့်စိတ်ပျက်ဖွယ်သရေကျခဲ့ပါတယ်။အင်္ဂလန်ဟာအမှတ်၅.၂၈မှတ်လျှော့ကျခဲ့ပြီးအမှတ်၁၇၅၀.၁၆သာရရှိခဲ့ကာအဆင့်၅သို့ဆင်းပေးလိုက်ရတာဖြစ်ပါတယ်။

ယူအီးအက်ဖ်အေနေးရှင်းလိဂ်ချန်ပီယံပြင်သစ်နှင့်ယူရို၂၀၂၀ချန်ပီယံအီတလီတို့ကဂါရတ်ဆောက်ဂိတ်အသင်းရဲ့အဆင့်၃နေရာနှင့်အဆင့်၄နေရာသို့တက်လှမ်းလာခဲ့ပါတယ်။

သုံးနှစ်ကျော်ကျော်တိုင်တိုင်ဖီဖာကမ္ဘာ့အဆင့်နံပါတ်တစ်နေရာကို ဆုပ်ကိုင်ထားခဲ့တဲ့ဘယ်လ်ဂျီယံအသင်းဟာပြင်သစ်နှင့်အီတလီအသင်းတို့ကိုဆက်တိုက်ရှုံးနိမ့်ခဲ့သော်လည်းနံပါတ်တစ်နေရာကိုဆက်လက်ထိန်းထားနိုင်ခဲ့ပါတယ်။

ဒါပေမယ့်၎င်းတို့ဟာဒုတိယနေရာမှဘရာဇီးကိုအမှတ်၁၂မှတ်တည်းသာဖြတ်ထားနိုင်တော့ရာလာမယ့်လနိုင်ငံတကာပွဲစဉ်များတွင်ရလဒ်မကောင်းပါက နံပါတ်တစ်နေရာကိုဖယ်ပေးလာရဖို့ရှိနေပါတယ်။

အင်္ဂလန်အသင်းဟာလာမယ့်လအယ်ဘေးနီးယား၊ဆန်မာရီနိုတို့နှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ်များမှအမြင့်ဆုံးအမှတ်၅မှတ်တည်းသာရယူနိုင်မှာဖြစ်လို့ လာမယ့်လမှာလည်းအဆင့်ပြောင်းလဲလာဖို့မရှိသေးပါဘူး။

ဖီဖာကမ္ဘာ့အဆင့်သတ်မှတ်ချက်မှာကမ္ဘာ့ဖလားပြိုင်ပွဲအတွက်အုပ်စုမဲခွဲရာတွင်ဆီဒင်အဆင့်သတ်မှတ်ချက်ရရှိရာအသင်းကြီးများအတွက်အလွန်အရေးပါနေပါတယ်။

ZawGyi

ဟန္ေဂရီႏွင့္သေရက်ၿပီးေနာက္ ဖီဖာအဆင့္ ၅ သို႔ဆင္းေပးလိုက္ရတဲ့ အဂၤလန္

အဂၤလန္အသင္းဟာဟန္ေဂရီႏွင့္သေရက်ခဲ့ၿပီးေနာက္ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္တြင္အဆင့္၅သို႔ဆင္းခဲ့ရပါတယ္။အဂၤလန္အသင္းဟာစက္တင္ဘာလတုန္းကဖီဖာကမာၻ႔အဆင့္တြင္အဆင့္၃ေနရာသို႔အထိတက္လွမ္းႏိုင္ခဲ့ၿပီးသမိုင္းတစ္ေလွ်ာက္အျမင့္မားဆုံးအဆင့္သို႔တက္လွမ္းႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္အဂၤလန္အသင္းဟာၿပီးခဲ့တဲ့အပတ္တုန္းကဝင္ဘာေလကြင္းတြင္ဟန္ေဂရီႏွင့္စိတ္ပ်က္ဖြယ္သေရက်ခဲ့ပါတယ္။အဂၤလန္ဟာအမွတ္၅.၂၈မွတ္ေလွ်ာ့က်ခဲ့ၿပီးအမွတ္၁၇၅၀.၁၆သာရရွိခဲ့ကာအဆင့္၅သို႔ဆင္းေပးလိုက္ရတာျဖစ္ပါတယ္။

ယူအီးအက္ဖ္ေအေနးရွင္းလိဂ္ခ်န္ပီယံျပင္သစ္ႏွင့္ယူ႐ို၂၀၂၀ခ်န္ပီယံအီတလီတို႔ကဂါရတ္ေဆာက္ဂိတ္အသင္းရဲ႕အဆင့္၃ေနရာႏွင့္အဆင့္၄ေနရာသို႔တက္လွမ္းလာခဲ့ပါတယ္။

သုံးႏွစ္ေက်ာ္ေက်ာ္တိုင္တိုင္ဖီဖာကမာၻ႔အဆင့္နံပါတ္တစ္ေနရာကို ဆုပ္ကိုင္ထားခဲ့တဲ့ဘယ္လ္ဂ်ီယံအသင္းဟာျပင္သစ္ႏွင့္အီတလီအသင္းတို႔ကိုဆက္တိုက္ရႈံးနိမ့္ခဲ့ေသာ္လည္းနံပါတ္တစ္ေနရာကိုဆက္လက္ထိန္းထားႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္၎တို႔ဟာဒုတိယေနရာမွဘရာဇီးကိုအမွတ္၁၂မွတ္တည္းသာျဖတ္ထားႏိုင္ေတာ့ရာလာမယ့္လႏိုင္ငံတကာပြဲစဥ္မ်ားတြင္ရလဒ္မေကာင္းပါက နံပါတ္တစ္ေနရာကိုဖယ္ေပးလာရဖို႔ရွိေနပါတယ္။

အဂၤလန္အသင္းဟာလာမယ့္လအယ္ေဘးနီးယား၊ဆန္မာရီႏိုတို႔ႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲစဥ္မ်ားမွအျမင့္ဆုံးအမွတ္၅မွတ္တည္းသာရယူႏိုင္မွာျဖစ္လို႔ လာမယ့္လမွာလည္းအဆင့္ေျပာင္းလဲလာဖို႔မရွိေသးပါဘူး။

ဖီဖာကမာၻ႔အဆင့္သတ္မွတ္ခ်က္မွာကမာၻ႔ဖလားၿပိဳင္ပြဲအတြက္အုပ္စုမဲခြဲရာတြင္ဆီဒင္အဆင့္သတ္မွတ္ခ်က္ရရွိရာအသင္းႀကီးမ်ားအတြက္အလြန္အေရးပါေနပါတယ္။