ဟန်ဂေရီပရိသတ်များရဲ့ဘီယာခွက်များနှင့်အပေါက်ခံခဲ့ရစဉ် ဘဝမှာ ပထမဆုံးအကြိမ်အဖြစ်ဘီယာသောက်ခဲ့ ဒက်လန်းရိုက်စ်

အင်္ဂလန်အသင်းကစားသမားတို့ဟာမနေ့ညတုန်းကဟန်ဂေရီအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပွဲမတိုင်ဒူးထောက်စဉ်လှောင်ပြောင်ခံခဲ့ရတဲ့အပြင်မီးရှူးပစ်ဖောက်ခြင်း၊ဘီယာခွက်များဖြင့်ပစ်ပေါက်ခြင်း၊မျောက်ဟုအော်ဟစ်ကာလူမျိုးရေးခွဲခြားမှုများခံခဲ့ရပါတယ်။

ဟန်ဂေရီပရိသတ်များဟာပွဲမစမီအင်္ဂလန်ကစားသမားများဒူးထောက်ကာလူမျိုးရေးခွဲခြားမှုဆန့်ကျင်ရေးလှုပ်ရှားမှုပြုလုပ်စဉ်ကတည်းကလှောင်ပြောင်ခံခဲ့ရတာပါ။

ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ဥက္ကဌဆန်ဒေါ်ဆန်ယီဟာလူမျိုးရေးခွဲခြားမှု၊ခွဲခြားဆက်ဆံမှု၊လိင်တူချစ်သူလှောင်ပြောင်မှုမပြုလုပ်ရန်တားဆီးမှုပြုလုပ်ခဲ့ရပါတယ်။

ရာဟမ်းစတာလင်း၊ဟယ်ရီကိန်း၊ဟယ်ရီမက်ဂွိုင်းယား၊ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးများဖြင့်အနိုင်ရရှိခဲ့တဲ့ယင်းပွဲမှာဟန်ဂေရီပရိသတ်များရဲ့လုပ်ရပ်ကအလွန်ရုပ်ဆိုးအကျည်းတန်လှပါတယ်။

၎င်းတို့ဟာစတာလင်းကဂိုးသွင်းယူပြီးနောက်မကြာသေးမီတုန်းကကိုဗစ်ကြောင့်သေဆုံးသွားတဲ့သူ့သူငယ်ချင်းစတက်ဖက်ဂရက်ဂျ်အားဂုဏ်ပြုတဲ့စာသားပါအင်္ကျီဖြင့်အောင်ပွဲခံစဉ်မှာလည်းပလတ်စတစ်ဘီယာခွက်များဖြင့်ပစ်ပေါက်ခဲ့ပါတယ်။

ယင်းသို့ဟန်ဂေရီပရိသတ်များရဲ့လုပ်ရပ်ကိုအင်္ဂလန်ကွင်းလယ်ကစားသမားဒက်လန်းရိုက်စ်ကခွက်ကျန်ကပ်သောက်ပြီးတုံ့ပြန်မှုပြုလုပ်ခဲ့ပါတယ်။ဒက်လန်းရိုက်စ်ဟာဘဝမှာတစ်ကြိမ်မျှဘီယာမသောက်သုံးခဲ့သူလည်းဖြစ်ပြီးယခုအကြိမ်ကပထမဆုံးအကြိမ်အဖြစ် ဘီယာသောက်မှုဖြစ်ပါတယ်။ဒါ့အပြင်ဂျက်ဂရဲလ်လစ်ရှ်လည်းဘီယာဖင်ကပ်ကို သောက်ကာဟန်ဂေရီပရိသတ်များကိုတုံ့ပြန်ခဲ့ပါတယ်။

ယင်းနောက်ပိုင်းတွင်ဟန်ဂေရီပရိသတ်များဟာမီးရှူးထွန်းခြင်း၊လူမျိုးရေးခွဲခြားလှောင်ပြောင်ခြင်းစတဲ့ဂုဏ်သိက္ခာမဲ့လုပ်ရပ်များကိုဆက်တိုက်ပြုလုပ်လာခဲ့ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းကတော့လူမျိုးရေးခွဲခြားအော်ဟစ်သံမကြားလိုက်ကြောင်း၊ကစားဖော်များကိုမေးမြန်းကြည့်ရဦးမည်ဖြစ်ကြောင်းဆိုသွားပါတယ်။

ဟန်ဂေရီဘောလုံးအဖွဲ့ချုပ်ဟာအထက်ပါဖြစ်ရပ်ကြောင့်ဖီဖာရဲ့အရေးယူခြင်းခံရဖို့သေချာနေပြီဖြစ်ပါတယ်။

ZawGyi

ဟန္ေဂရီပရိသတ္မ်ားရဲ႕ဘီယာခြက္မ်ားႏွင့္အေပါက္ခံခဲ့ရစဥ္ ဘဝမွာ ပထမဆုံးအႀကိမ္အျဖစ္ဘီယာေသာက္ခဲ့ ဒက္လန္း႐ိုက္စ္

အဂၤလန္အသင္းကစားသမားတို႔ဟာမေန႔ညတုန္းကဟန္ေဂရီအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပြဲမတိုင္ဒူးေထာက္စဥ္ေလွာင္ေျပာင္ခံခဲ့ရတဲ့အျပင္မီးရႉးပစ္ေဖာက္ျခင္း၊ဘီယာခြက္မ်ားျဖင့္ပစ္ေပါက္ျခင္း၊ေမ်ာက္ဟုေအာ္ဟစ္ကာလူမ်ိဳးေရးခြဲျခားမႈမ်ားခံခဲ့ရပါတယ္။

ဟန္ေဂရီပရိသတ္မ်ားဟာပြဲမစမီအဂၤလန္ကစားသမားမ်ားဒူးေထာက္ကာလူမ်ိဳးေရးခြဲျခားမႈဆန႔္က်င္ေရးလႈပ္ရွားမႈျပဳလုပ္စဥ္ကတည္းကေလွာင္ေျပာင္ခံခဲ့ရတာပါ။

ဟန္ေဂရီေဘာလုံးအဖြဲ႕ခ်ဳပ္ဥကၠဌဆန္ေဒၚဆန္ယီဟာလူမ်ိဳးေရးခြဲျခားမႈ၊ခြဲျခားဆက္ဆံမႈ၊လိင္တူခ်စ္သူေလွာင္ေျပာင္မႈမျပဳလုပ္ရန္တားဆီးမႈျပဳလုပ္ခဲ့ရပါတယ္။

ရာဟမ္းစတာလင္း၊ဟယ္ရီကိန္း၊ဟယ္ရီမက္ဂြိဳင္းယား၊ဒက္လန္း႐ိုက္စ္တို႔ရဲ႕ဂိုးမ်ားျဖင့္အႏိုင္ရရွိခဲ့တဲ့ယင္းပြဲမွာဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္ကအလြန္႐ုပ္ဆိုးအက်ည္းတန္လွပါတယ္။

၎တို႔ဟာစတာလင္းကဂိုးသြင္းယူၿပီးေနာက္မၾကာေသးမီတုန္းကကိုဗစ္ေၾကာင့္ေသဆုံးသြားတဲ့သူ႔သူငယ္ခ်င္းစတက္ဖက္ဂရက္ဂ်္အားဂုဏ္ျပဳတဲ့စာသားပါအက်ႌျဖင့္ေအာင္ပြဲခံစဥ္မွာလည္းပလတ္စတစ္ဘီယာခြက္မ်ားျဖင့္ပစ္ေပါက္ခဲ့ပါတယ္။

ယင္းသို႔ဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္ကိုအဂၤလန္ကြင္းလယ္ကစားသမားဒက္လန္း႐ိုက္စ္ကခြက္က်န္ကပ္ေသာက္ၿပီးတုံ႔ျပန္မႈျပဳလုပ္ခဲ့ပါတယ္။ဒက္လန္း႐ိုက္စ္ဟာဘဝမွာတစ္ႀကိမ္မွ်ဘီယာမေသာက္သုံးခဲ့သူလည္းျဖစ္ၿပီးယခုအႀကိမ္ကပထမဆုံးအႀကိမ္အျဖစ္ ဘီယာေသာက္မႈျဖစ္ပါတယ္။ဒါ့အျပင္ဂ်က္ဂရဲလ္လစ္ရွ္လည္းဘီယာဖင္ကပ္ကို ေသာက္ကာဟန္ေဂရီပရိသတ္မ်ားကိုတုံ႔ျပန္ခဲ့ပါတယ္။

ယင္းေနာက္ပိုင္းတြင္ဟန္ေဂရီပရိသတ္မ်ားဟာမီးရႉးထြန္းျခင္း၊လူမ်ိဳးေရးခြဲျခားေလွာင္ေျပာင္ျခင္းစတဲ့ဂုဏ္သိကၡာမဲ့လုပ္ရပ္မ်ားကိုဆက္တိုက္ျပဳလုပ္လာခဲ့ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းကေတာ့လူမ်ိဳးေရးခြဲျခားေအာ္ဟစ္သံမၾကားလိုက္ေၾကာင္း၊ကစားေဖာ္မ်ားကိုေမးျမန္းၾကည့္ရဦးမည္ျဖစ္ေၾကာင္းဆိုသြားပါတယ္။

ဟန္ေဂရီေဘာလုံးအဖြဲ႕ခ်ဳပ္ဟာအထက္ပါျဖစ္ရပ္ေၾကာင့္ဖီဖာရဲ႕အေရးယူျခင္းခံရဖို႔ေသခ်ာေနၿပီျဖစ္ပါတယ္။