
ဗြိတိန်ဝန်ကြီးချုပ်ဘိုရစ်ဂျွန်ဆင်ကမနေ့ညတုန်းကဟန်ဂေရီအား၄-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အင်္ဂလန်စတားများကိုလူမျိုးရေးခွဲခြားအော်ဟစ်မှုပြုလုပ်ခဲ့တဲ့ဟန်ဂေရီပရိသတ်များရဲ့လုပ်ရပ်မှာလုံးဝလက်ခံနိုင်စရာမရှိကြောင်းပြောကြားလာပါတယ်။
ဒါ့အပြင်ဗြိတိန်ဝန်ကြီးချုပ်ကအင်္ဂလန်စတားများဖြစ်ကြတဲ့ရာဟမ်းစတာလင်းနှင့်ဂျူ့ဘယ်လင်ဂမ်တို့အားပစ်မှတ်ထားခဲ့တဲ့ဟန်ဂေရီပရိသတ်များရဲ့လုပ်ရပ်အတွက်အပြင်းအထန်အရေးယူမှုပြုလုပ်ရန်လည်းဖီဖာကိုတိုက်တွန်းခဲ့ပါတယ်။
ဖီဖာကလည်းအရှက်ရစရာကောင်းလွန်းလှတဲ့ဟန်ဂေရီပရိသတ်များရဲ့လုပ်ရပ်အတွက်စုံစမ်းစစ်ဆေးမှုများပြုလုပ်နေပြီဖြစ်ကြောင်းကြေညာလာပါတယ်။
ဟန်ဂေရီပရိသတ်များဟာဘူဒါပတ်စ်ပွဲစဉ်မတိုင်မီ အင်္ဂလန်ကစားသမားများ ဒူးထောက်စဉ်အော်ဟစ်လှောင်ပြောင်ခဲ့ပြီးနောက်ပိုင်းတွင်လူမည်းကစားသမားများကိုမျောက်ဟုအော်ဟစ်ခြင်း၊မီးရှူးဖြင့်ပစ်ခြင်း၊ဘီယာခွက်ဖြင့်ပစ်ခြင်းတို့ပြုလုပ်ခဲ့ကြပါတယ်။
ဘိုရစ်က “မနေ့ညတုန်းကဟန်ဂေရီမှာအင်္ဂလန်ကစားသမားတွေလူမျိုးရေးခွဲခြားဆဲဆိုခံရတာလုံးဝလက်မခံစရာအဖြစ်အပျက်ပါ။ဒီဖြစ်ရပ်မျိုးနောက်ထပ်မဖြစ်လာဖို့အတွက်ဖီဖာအနေနဲ့ပြင်းပြင်းထန်ထန်အရေးယူမှုပြုလုပ်ဖို့တောင်းဆိုပါတယ်”လို့ပြောကြားသွားပါတယ်။
ဟန်ဂေရီနှင့်ပွဲစဉ်တွင်အင်္ဂလန်အသင်းဟာစတာလင်း၊ဟယ်ရီကိန်း၊ဟယ်ရီမက်ဂွိုင်းယား၊ဒက်လန်းရိုက်စ်တို့ရဲ့ဂိုးများဖြင့်၄-၀ဂိုးဖြင့်အနိုင်ရရှိခဲ့ပါတယ်။
ZawGyi
ဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္မွာ လုံးဝလက္ခံႏိုင္စရာမရွိဟု ၿဗိတိန္ဝန္ႀကီးခ်ဳပ္ေဝဖန္
ၿဗိတိန္ဝန္ႀကီးခ်ဳပ္ဘိုရစ္ဂြၽန္ဆင္ကမေန႔ညတုန္းကဟန္ေဂရီအား၄-၀ဂိုးျဖင့္အႏိုင္ရရွိတဲ့ပြဲတြင္အဂၤလန္စတားမ်ားကိုလူမ်ိဳးေရးခြဲျခားေအာ္ဟစ္မႈျပဳလုပ္ခဲ့တဲ့ဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္မွာလုံးဝလက္ခံႏိုင္စရာမရွိေၾကာင္းေျပာၾကားလာပါတယ္။
ဒါ့အျပင္ၿဗိတိန္ဝန္ႀကီးခ်ဳပ္ကအဂၤလန္စတားမ်ားျဖစ္ၾကတဲ့ရာဟမ္းစတာလင္းႏွင့္ဂ်ဴ႕ဘယ္လင္ဂမ္တို႔အားပစ္မွတ္ထားခဲ့တဲ့ဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္အတြက္အျပင္းအထန္အေရးယူမႈျပဳလုပ္ရန္လည္းဖီဖာကိုတိုက္တြန္းခဲ့ပါတယ္။
ဖီဖာကလည္းအရွက္ရစရာေကာင္းလြန္းလွတဲ့ဟန္ေဂရီပရိသတ္မ်ားရဲ႕လုပ္ရပ္အတြက္စုံစမ္းစစ္ေဆးမႈမ်ားျပဳလုပ္ေနၿပီျဖစ္ေၾကာင္းေၾကညာလာပါတယ္။
ဟန္ေဂရီပရိသတ္မ်ားဟာဘူဒါပတ္စ္ပြဲစဥ္မတိုင္မီ အဂၤလန္ကစားသမားမ်ား ဒူးေထာက္စဥ္ေအာ္ဟစ္ေလွာင္ေျပာင္ခဲ့ၿပီးေနာက္ပိုင္းတြင္လူမည္းကစားသမားမ်ားကိုေမ်ာက္ဟုေအာ္ဟစ္ျခင္း၊မီးရႉးျဖင့္ပစ္ျခင္း၊ဘီယာခြက္ျဖင့္ပစ္ျခင္းတို႔ျပဳလုပ္ခဲ့ၾကပါတယ္။
ဘိုရစ္က “မေန႔ညတုန္းကဟန္ေဂရီမွာအဂၤလန္ကစားသမားေတြလူမ်ိဳးေရးခြဲျခားဆဲဆိုခံရတာလုံးဝလက္မခံစရာအျဖစ္အပ်က္ပါ။ဒီျဖစ္ရပ္မ်ိဳးေနာက္ထပ္မျဖစ္လာဖို႔အတြက္ဖီဖာအေနနဲ႔ျပင္းျပင္းထန္ထန္အေရးယူမႈျပဳလုပ္ဖို႔ေတာင္းဆိုပါတယ္”လို႔ေျပာၾကားသြားပါတယ္။
ဟန္ေဂရီႏွင့္ပြဲစဥ္တြင္အဂၤလန္အသင္းဟာစတာလင္း၊ဟယ္ရီကိန္း၊ဟယ္ရီမက္ဂြိဳင္းယား၊ဒက္လန္း႐ိုက္စ္တို႔ရဲ႕ဂိုးမ်ားျဖင့္၄-၀ဂိုးျဖင့္အႏိုင္ရရွိခဲ့ပါတယ္။