ဟန်ဂေရီပွဲတွင် ဆန်ချို ပါဝင်ရန် မသေချာကြောင်း အင်္ဂလန်နည်းပြဆောက်ဂိတ်အတည်ပြု

ဂျာဒွန်ဆန်ချိုဟာဗုဒ္ဓဟူးနေ့နံနက်ပိုင်းတုန်းကလေ့ကျင့်ခန်းအစီအစဉ်တွင်ဒဏ်ရာရရှိခဲ့ပါတယ်။မန်ယူတောင်ပံကစားသမားဟာယနေ့ညတွင်ကစားရမယ့်ဟန်ဂေရီနှင့်ကမ္ဘာ့ဖလားခြေစစ်ပွဲတွင်ပါဝင်ရန်မရေမရာဖြစ်နေကြောင်းအင်္ဂလန်နည်းပြဆောက်ဂိတ်ကအတည်ပြုသွားပါတယ်။

ဆောက်ဂိတ်ဟာဆန်ချိုရဲ့ဒဏ်ရာအခြေအနေအတိမ်အနက်ကိုအတိအကျမပြောသွားသေးပါဘူး။ဆန်ချိုဟာဟန်ဂေရီနှင့်ပွဲမတိုင်မီမှာဒဏ်ရာအနေအထားကိုစစ်ဆေးမှုပြုလုပ်သွားရပါမယ်။

ဆောက်ဂိတ်က “ဒီနေ့နံနက်ပိုင်းမှာဆန်ချိုနည်းနည်းထိသွားပါတယ်။သူ့အခြေအနေ တစ်ချက်ကြည့်ရပါမယ်။ကျန်တဲ့လူတွေကတော့ပွဲအတွက်အားလုံးအသင့်ဖြစ်နေပါတယ်”လို့ပြောကြားသွားပါတယ်။

အင်္ဂလန်ဟာဟန်ဂေရီနှင့်ပွဲအပြီးမှာအန်ဒိုရာ၊ပိုလန်တို့နှင့်လည်းကမ္ဘာ့ဖလားခြေစစ်ပွဲဆက်လက်ကစားသွားရပါမယ်။

ဆန်ချိုဟာနွေရာသီတွင်ဒေါ့မွန်မှမန်ယူသို့ပြောင်းလာပြီးနောက်မန်ယူရဲ့ပထမဆုံးပရီးမီးယားလိဂ်ပွဲနှစ်ပွဲတွင်အရန်အဖြစ်ဝင်ရောက်ကစားခဲ့ပြီးဝုဗ်နှင့်ပွဲမှာပွဲထွက်ကစားခဲ့ပါတယ်။

ZawGyi

ဟန္ေဂရီပြဲတြင္ ဆန္ခ်ိဳ ပါဝင္ရန္ မေသခ်ာေၾကာင္း အဂၤလန္နည္းျပေဆာက္ဂိတ္အတည္ျပဳ

ဂ်ာဒြန္ဆန္ခ်ိဳဟာဗုဒၶဟူးေန႔နံနက္ပိုင္းတုန္းကေလ့က်င့္ခန္းအစီအစဥ္တြင္ဒဏ္ရာရရွိခဲ့ပါတယ္။မန္ယူေတာင္ပံကစားသမားဟာယေန႔ညတြင္ကစားရမယ့္ဟန္ေဂရီႏွင့္ကမာၻ႔ဖလားေျခစစ္ပြဲတြင္ပါဝင္ရန္မေရမရာျဖစ္ေနေၾကာင္းအဂၤလန္နည္းျပေဆာက္ဂိတ္ကအတည္ျပဳသြားပါတယ္။

ေဆာက္ဂိတ္ဟာဆန္ခ်ိဳရဲ႕ဒဏ္ရာအေျခအေနအတိမ္အနက္ကိုအတိအက်မေျပာသြားေသးပါဘူး။ဆန္ခ်ိဳဟာဟန္ေဂရီႏွင့္ပြဲမတိုင္မီမွာဒဏ္ရာအေနအထားကိုစစ္ေဆးမႈျပဳလုပ္သြားရပါမယ္။

ေဆာက္ဂိတ္က “ဒီေန႔နံနက္ပိုင္းမွာဆန္ခ်ိဳနည္းနည္းထိသြားပါတယ္။သူ႔အေျခအေန တစ္ခ်က္ၾကည့္ရပါမယ္။က်န္တဲ့လူေတြကေတာ့ပြဲအတြက္အားလုံးအသင့္ျဖစ္ေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

အဂၤလန္ဟာဟန္ေဂရီႏွင့္ပြဲအၿပီးမွာအန္ဒိုရာ၊ပိုလန္တို႔ႏွင့္လည္းကမာၻ႔ဖလားေျခစစ္ပြဲဆက္လက္ကစားသြားရပါမယ္။

ဆန္ခ်ိဳဟာေႏြရာသီတြင္ေဒါ့မြန္မွမန္ယူသို႔ေျပာင္းလာၿပီးေနာက္မန္ယူရဲ႕ပထမဆုံးပရီးမီးယားလိဂ္ပြဲႏွစ္ပြဲတြင္အရန္အျဖစ္ဝင္ေရာက္ကစားခဲ့ၿပီးဝုဗ္ႏွင့္ပြဲမွာပြဲထြက္ကစားခဲ့ပါတယ္။