ဟန်ဂေရီဗန်ဒိုက်လို့ နာမည်ကြီးနေတဲ့ ဖီနာဘာချီနောက်ခံလူဆာလိုင်ကို ခေါ်ယူရန် ချဲလ်ဆီးခေါ်ယူမည်

ချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင်ဖီနာဘာချီနောက်ခံလူအတ်တီလာဆာလိုင်ကိုခေါ်ယူရန်ကြိုးပမ်းသွားမည်ဖြစ်ကြောင်းသိရပါတယ်။

ဟန်ဂေရီလက်ရွေးစင်နောက်ခံလူဟာနွေရာသီတုန်းကကျင်းပတဲ့ယူရို၂၀၂၀ပြိုင်ပွဲတွင်ဟန်ဂေရီအသင်းနှင့်အတူခြေစွမ်းပြကစားခဲ့သူလည်းဖြစ်ပါတယ်။

အသက်၂၃နှစ်ရှိလူကောင်ကြီးမားတဲ့ဆာလိုင်ဟာဟန်ဂေရီဗန်ဒိုက်အဖြစ်နာမည်ကြီးနေသူလည်းဖြစ်ပါတယ်။

သူ့ကိုနွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကလက်စတာနှင့်ဝက်စ်ဟမ်းတို့ကခေါ်ယူရန်စိတ်ဝင်စားခဲ့ကြဖူးပါတယ်။

တူရကီနှင့်ဟန်ဂေရီမီဒီယာများရဲ့ဖော်ပြမှုအရချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်တွင် အရပ်၆ပေ၊၄လက်မရှိဆာလိုင်ကိုပေါင်၁၇သန်းဖြင့်ကမ်းလှမ်းရန်စီစဉ်ထားပါတယ်။

ဖီနာဘာချီဟာပြီးခဲ့တဲ့ဇန်နဝါရီလတုန်းကမှဆာလိုင်ကိုအပိုလ်လွန်လီမက်စ်ဆိုလ်မှပေါင်၁.၈သန်းဖြင့်ခေါ်ယူခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးဟာယခုရာသီအကုန်တွင်အသင်းမှထွက်ခွာမယ့်အသက်၃၆နှစ်ရှိဗဟိုခံစစ်မှူးတီယာဂိုဆေးလ်ဗားရဲ့နေရာတွင်အစားထိုးရန်သူ့ကိုခေါ်ယူလိုနေတာလည်းဖြစ်ပါတယ်။

ZawGyi

ဟန္ေဂရီဗန္ဒိုက္လို႔ နာမည္ႀကီးေနတဲ့ ဖီနာဘာခ်ီေနာက္ခံလူဆာလိုင္ကို ေခၚယူရန္ ခ်ဲလ္ဆီးေခၚယူမည္

ခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ဖီနာဘာခ်ီေနာက္ခံလူအတ္တီလာဆာလိုင္ကိုေခၚယူရန္ႀကိဳးပမ္းသြားမည္ျဖစ္ေၾကာင္းသိရပါတယ္။

ဟန္ေဂရီလက္ေ႐ြးစင္ေနာက္ခံလူဟာေႏြရာသီတုန္းကက်င္းပတဲ့ယူ႐ို၂၀၂၀ၿပိဳင္ပြဲတြင္ဟန္ေဂရီအသင္းႏွင့္အတူေျခစြမ္းျပကစားခဲ့သူလည္းျဖစ္ပါတယ္။

အသက္၂၃ႏွစ္ရွိလူေကာင္ႀကီးမားတဲ့ဆာလိုင္ဟာဟန္ေဂရီဗန္ဒိုက္အျဖစ္နာမည္ႀကီးေနသူလည္းျဖစ္ပါတယ္။

သူ႔ကိုေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကလက္စတာႏွင့္ဝက္စ္ဟမ္းတို႔ကေခၚယူရန္စိတ္ဝင္စားခဲ့ၾကဖူးပါတယ္။

တူရကီႏွင့္ဟန္ေဂရီမီဒီယာမ်ားရဲ႕ေဖာ္ျပမႈအရခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္တြင္ အရပ္၆ေပ၊၄လက္မရွိဆာလိုင္ကိုေပါင္၁၇သန္းျဖင့္ကမ္းလွမ္းရန္စီစဥ္ထားပါတယ္။

ဖီနာဘာခ်ီဟာၿပီးခဲ့တဲ့ဇန္နဝါရီလတုန္းကမွဆာလိုင္ကိုအပိုလ္လြန္လီမက္စ္ဆိုလ္မွေပါင္၁.၈သန္းျဖင့္ေခၚယူခဲ့တာျဖစ္ပါတယ္။

ခ်ဲလ္ဆီးဟာယခုရာသီအကုန္တြင္အသင္းမွထြက္ခြာမယ့္အသက္၃၆ႏွစ္ရွိဗဟိုခံစစ္မႉးတီယာဂိုေဆးလ္ဗားရဲ႕ေနရာတြင္အစားထိုးရန္သူ႔ကိုေခၚယူလိုေနတာလည္းျဖစ္ပါတယ္။