ဟယ်ဆေးရိုဒရီဂွက်ဇ်ကို ရည်းစားဖြစ်သူက ကားဖြင့်တိုက်သတ်ရန် ကြိုးစားသလား?

ရီးရဲလ်မက်ဒရစ်စတားဟောင်းဟယ်ဆေးရိုဒရီဂွက်ဇ်နဲ့တွဲလိုက်ပြတ်လိုက်ဖြစ်နေတဲ့ရည်းစားဖြစ်သူဟာစပိန်တောင်ပံကစားသမားကိုကားဖြင့်တိုက်သတ်ရန်ကြိုးပမ်းခဲ့တယ်လို့မီဒီယာများရဲ့ဖော်ပြမှုကိုငြင်းဆိုလာပါတယ်။

အွန်လိုင်းတွင်ထွက်ပေါ်လာတဲ့ဗီဒီယိုဖိုင်တစ်ခုအရ ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာကားမတော်တဆမှုကြောင့်ထော့နင်းထော့နင်းဖြစ်ခဲ့ကြောင်းတွေ့ရပါတယ်။ကနေရီကျွန်းဒေသခံသတင်းစာ ကလည်းအဆိုပါနေရာမှာဟယ်ဆေးရိုဒရီဂွက်ဇ်နှင့်ချစ်သူတို့နေထိုင်တဲ့နေရာအနားတွင်ဖြစ်ကြောင်းဖော်ပြသွားပါတယ်။

၎င်းတို့စုံတွဲဟာ Grand Canaria Stadium တွင် ပြုလုပ်တဲ့ရှိုးပွဲသို့သွားရောက်ခဲ့ကြတာဖြစ်ပြီးရည်စားဟောင်းအူရာဟာစတုတ်စီးတီးကစားသမားဟောင်းနှင့်အချင်းများပြီးနောက်ကားနှင့်တိုက်သတ်ရန်ကြိုးပမ်းခဲ့ကြောင်းမီဒီယာများကဆိုပါတယ်။

ဒါပေမယ့်အူရာကအချင်းများခဲ့တယ်ဆိုပေမယ့်ကားတိုက်သတ်ကြိုးပမ်းခဲ့ခြင်းမရှိကြောင်းငြင်းဆိုလာပါတယ်။

အူရာက “ဘယ်သူ့ကိုမှကားတိုက်သတ်ဖို့မကြိုးစားဖူးပါဘူး။ဒီကအလိမ်အညာပါ။တကယ့်ကိုကြီးမားတဲ့အလိမ်အညာပါ။ကျွန်မရည်းစားကိုကားတိုက်သတ်ဖို့ကြိုးစားတယ်လို့ဘယ်သူမှပြောတာခွင့်ပြုမှာမဟုတ်ပါဘူး။ကျွန်မတို့အကြားမှာဖြစ်ပျက်ခဲ့တာတွေကအများကြီးပါ။ဒီအတွက်ကျွန်မတို့လည်းဂုဏ်မယူပါဘူး။ဒါပေမယ့်ကျွန်မတို့တစ်ယောက်ကိုတစ်ယောက်ချစ်ကြပါတယ်။သူ့ကိုလည်းကားတိုက်သတ်ဖို့မကြိုးစားဖူးပါဘူး”လို့ပြောကြားသွားပါတယ်။

တစ်နေ့တွင်ကမ္ဘာ့အကောင်းဆုံးကစားသမားများထဲမှတစ်ဦးဖြစ်လာမယ်လို့သတ်မှတ်ခံခဲ့ရဖူးတဲ့ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာလာလီဂါဒုတိယတန်းကလပ်လက်စ်ပါးမက်စ်တွင်ကစားနေပါတယ်။

လက်စ်ပါးမက်စ်အသင်းမှာလည်းဟယ်ဆေးရိုဒရီဂွက်ဇ်မှာအထက်ပါမတော်တဆမှုတွင်မပါဝင်ကြောင်းနှင့်ပုံမှန်အတိုင်းလေ့ကျင့်ခန်းဆင်းနေကြောင်းကြေညာသွားပါတယ်။

၎င်းတို့ချစ်သူနှစ်ဦးတို့ဟာ၂နှစ်အရွယ်သားတစ်ဦးပိုင်ဆိုင်ထားပါတယ်။၎င်းတို့စုံတွဲဟာမကြာခဏဆိုသလိုပြတ်လိုက်တွဲလိုက်ဖြစ်နေပြီးတရားစွဲမှုများလည်းရှိခဲ့ကြပါတယ်။အူရာဟာကလေးစရိတ်မပေးမှုအတွက်ဟယ်ဆေးရိုဒရီဂွက်ဇ်ကိုတရားစွဲဆိုခဲ့ပြီး၂၀၂၀ခုနှစ်တွင်အဆင်ပြေမှုရရှိခဲ့ပါတယ်။

ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာချစ်သူကိုကလဲ့စားပြန်ချေတဲ့အနေဖြင့်သူမယှဉ်ပြိုင်တဲ့ ၂၀၁၈ခုနှစ်တုန်းက Big Brother ပြိုင်ပွဲမှစောစောစီးစီးထွက်ရအောင်ယူရို၅၀၀၀သုံးပြီးလူငှားရမ်းကာပြုလုပ်ခဲ့ပါတယ်။အူရာဟာလည်းယင်းပြိုင်ပွဲမှာပထမဆုံးထွက်ရတဲ့သူဖြစ်လာခဲ့ပါတယ်။

ဟယ်ဆေးရိုဒရီဂွက်ဇ်ဟာပြီးခဲ့တဲ့၂၀၂၀ခုနှစ်တုန်းကအူရာရဲ့နောက်ကွယ်တွင်သူမရဲ့သူငယ်ချင်းရိုစီယိုမေမာနှင့်ဖောက်ပြန်မှုကြောင့်ပီအက်စ်ဂျီအသင်းရဲ့စာချုပ်ဖျက်သိမ်းခြင်းခံခဲ့ရပါတယ်။

ZawGyi

ဟယ္ေဆး႐ိုဒရီဂြက္ဇ္ကို ရည္းစားျဖစ္သူက ကားျဖင့္တိုက္သတ္ရန္ ႀကိဳးစားသလား?

ရီးရဲလ္မက္ဒရစ္စတားေဟာင္းဟယ္ေဆး႐ိုဒရီဂြက္ဇ္နဲ႔တြဲလိုက္ျပတ္လိုက္ျဖစ္ေနတဲ့ရည္းစားျဖစ္သူဟာစပိန္ေတာင္ပံကစားသမားကိုကားျဖင့္တိုက္သတ္ရန္ႀကိဳးပမ္းခဲ့တယ္လို႔မီဒီယာမ်ားရဲ႕ေဖာ္ျပမႈကိုျငင္းဆိုလာပါတယ္။

အြန္လိုင္းတြင္ထြက္ေပၚလာတဲ့ဗီဒီယိုဖိုင္တစ္ခုအရ ဟယ္ေဆး႐ိုဒရီဂြက္ဇ္ဟာကားမေတာ္တဆမႈေၾကာင့္ေထာ့နင္းေထာ့နင္းျဖစ္ခဲ့ေၾကာင္းေတြ႕ရပါတယ္။ကေနရီကြၽန္းေဒသခံသတင္းစာ ကလည္းအဆိုပါေနရာမွာဟယ္ေဆး႐ိုဒရီဂြက္ဇ္ႏွင့္ခ်စ္သူတို႔ေနထိုင္တဲ့ေနရာအနားတြင္ျဖစ္ေၾကာင္းေဖာ္ျပသြားပါတယ္။

၎တို႔စုံတြဲဟာ Grand Canaria Stadium တြင္ ျပဳလုပ္တဲ့ရႈိးပြဲသို႔သြားေရာက္ခဲ့ၾကတာျဖစ္ၿပီးရည္စားေဟာင္းအူရာဟာစတုတ္စီးတီးကစားသမားေဟာင္းႏွင့္အခ်င္းမ်ားၿပီးေနာက္ကားႏွင့္တိုက္သတ္ရန္ႀကိဳးပမ္းခဲ့ေၾကာင္းမီဒီယာမ်ားကဆိုပါတယ္။

ဒါေပမယ့္အူရာကအခ်င္းမ်ားခဲ့တယ္ဆိုေပမယ့္ကားတိုက္သတ္ႀကိဳးပမ္းခဲ့ျခင္းမရွိေၾကာင္းျငင္းဆိုလာပါတယ္။

အူရာက “ဘယ္သူ႔ကိုမွကားတိုက္သတ္ဖို႔မႀကိဳးစားဖူးပါဘူး။ဒီကအလိမ္အညာပါ။တကယ့္ကိုႀကီးမားတဲ့အလိမ္အညာပါ။ကြၽန္မရည္းစားကိုကားတိုက္သတ္ဖို႔ႀကိဳးစားတယ္လို႔ဘယ္သူမွေျပာတာခြင့္ျပဳမွာမဟုတ္ပါဘူး။ကြၽန္မတို႔အၾကားမွာျဖစ္ပ်က္ခဲ့တာေတြကအမ်ားႀကီးပါ။ဒီအတြက္ကြၽန္မတို႔လည္းဂုဏ္မယူပါဘူး။ဒါေပမယ့္ကြၽန္မတို႔တစ္ေယာက္ကိုတစ္ေယာက္ခ်စ္ၾကပါတယ္။သူ႔ကိုလည္းကားတိုက္သတ္ဖို႔မႀကိဳးစားဖူးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

တစ္ေန႔တြင္ကမာၻ႔အေကာင္းဆုံးကစားသမားမ်ားထဲမွတစ္ဦးျဖစ္လာမယ္လို႔သတ္မွတ္ခံခဲ့ရဖူးတဲ့ဟယ္ေဆး႐ိုဒရီဂြက္ဇ္ဟာလာလီဂါဒုတိယတန္းကလပ္လက္စ္ပါးမက္စ္တြင္ကစားေနပါတယ္။

လက္စ္ပါးမက္စ္အသင္းမွာလည္းဟယ္ေဆး႐ိုဒရီဂြက္ဇ္မွာအထက္ပါမေတာ္တဆမႈတြင္မပါဝင္ေၾကာင္းႏွင့္ပုံမွန္အတိုင္းေလ့က်င့္ခန္းဆင္းေနေၾကာင္းေၾကညာသြားပါတယ္။

၎တို႔ခ်စ္သူႏွစ္ဦးတို႔ဟာ၂ႏွစ္အ႐ြယ္သားတစ္ဦးပိုင္ဆိုင္ထားပါတယ္။၎တို႔စုံတြဲဟာမၾကာခဏဆိုသလိုျပတ္လိုက္တြဲလိုက္ျဖစ္ေနၿပီးတရားစြဲမႈမ်ားလည္းရွိခဲ့ၾကပါတယ္။အူရာဟာကေလးစရိတ္မေပးမႈအတြက္ဟယ္ေဆး႐ိုဒရီဂြက္ဇ္ကိုတရားစြဲဆိုခဲ့ၿပီး၂၀၂၀ခုႏွစ္တြင္အဆင္ေျပမႈရရွိခဲ့ပါတယ္။

ဟယ္ေဆး႐ိုဒရီဂြက္ဇ္ဟာခ်စ္သူကိုကလဲ့စားျပန္ေခ်တဲ့အေနျဖင့္သူမယွဥ္ၿပိဳင္တဲ့ ၂၀၁၈ခုႏွစ္တုန္းက Big Brother ၿပိဳင္ပြဲမွေစာေစာစီးစီးထြက္ရေအာင္ယူ႐ို၅၀၀၀သုံးၿပီးလူငွားရမ္းကာျပဳလုပ္ခဲ့ပါတယ္။အူရာဟာလည္းယင္းၿပိဳင္ပြဲမွာပထမဆုံးထြက္ရတဲ့သူျဖစ္လာခဲ့ပါတယ္။

ဟယ္ေဆး႐ိုဒရီဂြက္ဇ္ဟာၿပီးခဲ့တဲ့၂၀၂၀ခုႏွစ္တုန္းကအူရာရဲ႕ေနာက္ကြယ္တြင္သူမရဲ႕သူငယ္ခ်င္း႐ိုစီယိုေမမာႏွင့္ေဖာက္ျပန္မႈေၾကာင့္ပီအက္စ္ဂ်ီအသင္းရဲ႕စာခ်ဳပ္ဖ်က္သိမ္းျခင္းခံခဲ့ရပါတယ္။