ဟယ်ရီကိန်းကို ခေါ်ယူရေး ကြိုးပမ်းရန် မန်ယူကို ဂယ်ရီနဗီးလ်တိုက်တွန်း

မန်ယူဂန္ထဝင်ဂယ်ရီနဗီးလ်ကစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းအားခေါ်ယူနိုင်ရေးအတွက်မန်ယူအနေဖြင့်မြို့ခံပြိုင်ဘက်မန်စီးတီးနှင့်အပြိုင်ကြိုးပမ်းရန်တိုက်တွန်းပြောကြားလိုက်ပါတယ်။

အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာယခုနွေရာသီတွင်စပါးစ်မှထွက်ခွာရန်ကြိုးပမ်းနေပြီးမန်စီးတီးကခေါ်ယူရန်ထိပ်ဆုံးမှသတင်းထွက်နေပါတယ်။

မန်ယူဂန္ထဝင်ကစားသမားကမန်ယူအနေဖြင့်ပရီးမီးယားလိဂ်ချန်ပီယံဆုအတွက်စိန်ခေါ်လိုပါကအိုးထရက်ဖို့ဒ်သို့ဟယ်ရီကိန်းကိုခေါ်ယူသင့်တယ်လို့ယုံကြည်နေပါတယ်။

မန်ယူဟာ၂၀၁၃ခုနှစ်နောက်ပိုင်းတွင်ပရီးမီးယားလိဂ်ဖလားနှင့်ဝေးကွာလာခဲ့တဲ့အသင်းဖြစ်ပါတယ်။ဂယ်ရီနဗီးလ်ကမန်ယူမှာဆန်ချိုနှင့်ဗာရိန်းတို့ကိုခေါ်ယူထားသော်လည်းအမှတ်ပေးဖလားဆွတ်ခူးနိုင်လောက်တဲ့တောင့်တင်းမှုမျိုးမရှိကြောင်းဆိုသွားပါတယ်။

ဂယ်ရီနဗီးလ်က “ဆန်ချိုနဲ့ဗာရိန်းတို့ကိုခေါ်ယူလိုက်မှုကချန်ပီယံဆုအတွက်စိန်ခေါ်ဖို့လုံလောက်တယ်လို့မထင်ပါဘူး။သူတို့နဲ့မလုံလောက်ပါဘူး။ချဲလ်ဆီးဆိုရင်လူကာကူကိုခေါ်ယူထားတယ်။လီဗာပူးမှာလည်းဗန်ဒိုက်ပြန်လာပါပြီ။မန်စီးတီးဆိုရင်ဂျက်ဂရဲလ်လစ်ရှ်ကိုခေါ်ယူထားတယ်။ဟယ်ရီကိန်းကိုလည်းခေါ်ယူဖို့ကြိုးစားနေတယ်။မန်စီးတီးသာ ဟယ်ရီကိန်းခေါ်ယူလိုက်နိုင်တယ်ဆိုရင်မန်ယူအတွက်ပြဿနာအကြီးအကြီးတက်ပါပြီ။မန်ယူဟာဒီအပြောင်းအရွှေ့မှာဘာလို့နောက်ထပ်ခြေလှမ်းတစ်လှမ်းမလှမ်းရတာလဲဆိုတာစဉ်းစားလို့မရပါဘူး။သမိုင်းကြောင်းကိုကြည့်လိုက်ရင်မန်ယူဟာအင်္ဂလိပ်(သို့မဟုတ်)ဗြိတိန်ရဲ့အကောင်းဆုံးကစားသမားတွေကိုပိုင်ဆိုင်လာတဲ့အသင်းပါ။ဟယ်ရီကိန်းကိုသာခေါ်ယူလိုက်နိုင်ရင်မန်ယူဟာ၉၀ကနေ၉၅မှတ်အထိရယူလာနိုင်ပါလိမ့်မယ်။မန်ယူဟာတစ်ချိန်ကျရင်ဗဟိုတိုက်စစ်မှူးတစ်ဦးရှာရပါမယ်(ကာဗာနီမှာတစ်နှစ်စာချုပ်သာကျန်တော့)။ဒီတော့ရမှတ်၉၅မှတ်အထိယူပေမးယ့်သူ့ကိုဘာကြောင့်မခေါ်ယူရမှာလဲ။ဆန်ချို၊ဗာရိန်းတို့လောက်နဲ့ရမယ်မထင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟယ္ရီကိန္းကို ေခၚယူေရး ႀကိဳးပမ္းရန္ မန္ယူကို ဂယ္ရီနဗီးလ္တိုက္တြန္း

မန္ယူဂႏၴဝင္ဂယ္ရီနဗီးလ္ကစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းအားေခၚယူႏိုင္ေရးအတြက္မန္ယူအေနျဖင့္ၿမိဳ႕ခံၿပိဳင္ဘက္မန္စီးတီးႏွင့္အၿပိဳင္ႀကိဳးပမ္းရန္တိုက္တြန္းေျပာၾကားလိုက္ပါတယ္။

အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာယခုေႏြရာသီတြင္စပါးစ္မွထြက္ခြာရန္ႀကိဳးပမ္းေနၿပီးမန္စီးတီးကေခၚယူရန္ထိပ္ဆုံးမွသတင္းထြက္ေနပါတယ္။

မန္ယူဂႏၴဝင္ကစားသမားကမန္ယူအေနျဖင့္ပရီးမီးယားလိဂ္ခ်န္ပီယံဆုအတြက္စိန္ေခၚလိုပါကအိုးထရက္ဖို႔ဒ္သို႔ဟယ္ရီကိန္းကိုေခၚယူသင့္တယ္လို႔ယုံၾကည္ေနပါတယ္။

မန္ယူဟာ၂၀၁၃ခုႏွစ္ေနာက္ပိုင္းတြင္ပရီးမီးယားလိဂ္ဖလားႏွင့္ေဝးကြာလာခဲ့တဲ့အသင္းျဖစ္ပါတယ္။ဂယ္ရီနဗီးလ္ကမန္ယူမွာဆန္ခ်ိဳႏွင့္ဗာရိန္းတို႔ကိုေခၚယူထားေသာ္လည္းအမွတ္ေပးဖလားဆြတ္ခူးႏိုင္ေလာက္တဲ့ေတာင့္တင္းမႈမ်ိဳးမရွိေၾကာင္းဆိုသြားပါတယ္။

ဂယ္ရီနဗီးလ္က “ဆန္ခ်ိဳနဲ႔ဗာရိန္းတို႔ကိုေခၚယူလိုက္မႈကခ်န္ပီယံဆုအတြက္စိန္ေခၚဖို႔လုံေလာက္တယ္လို႔မထင္ပါဘူး။သူတို႔နဲ႔မလုံေလာက္ပါဘူး။ခ်ဲလ္ဆီးဆိုရင္လူကာကူကိုေခၚယူထားတယ္။လီဗာပူးမွာလည္းဗန္ဒိုက္ျပန္လာပါၿပီ။မန္စီးတီးဆိုရင္ဂ်က္ဂရဲလ္လစ္ရွ္ကိုေခၚယူထားတယ္။ဟယ္ရီကိန္းကိုလည္းေခၚယူဖို႔ႀကိဳးစားေနတယ္။မန္စီးတီးသာ ဟယ္ရီကိန္းေခၚယူလိုက္ႏိုင္တယ္ဆိုရင္မန္ယူအတြက္ျပႆနာအႀကီးအႀကီးတက္ပါၿပီ။မန္ယူဟာဒီအေျပာင္းအေ႐ႊ႕မွာဘာလို႔ေနာက္ထပ္ေျခလွမ္းတစ္လွမ္းမလွမ္းရတာလဲဆိုတာစဥ္းစားလို႔မရပါဘူး။သမိုင္းေၾကာင္းကိုၾကည့္လိုက္ရင္မန္ယူဟာအဂၤလိပ္(သို႔မဟုတ္)ၿဗိတိန္ရဲ႕အေကာင္းဆုံးကစားသမားေတြကိုပိုင္ဆိုင္လာတဲ့အသင္းပါ။ဟယ္ရီကိန္းကိုသာေခၚယူလိုက္ႏိုင္ရင္မန္ယူဟာ၉၀ကေန၉၅မွတ္အထိရယူလာႏိုင္ပါလိမ့္မယ္။မန္ယူဟာတစ္ခ်ိန္က်ရင္ဗဟိုတိုက္စစ္မႉးတစ္ဦးရွာရပါမယ္(ကာဗာနီမွာတစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့)။ဒီေတာ့ရမွတ္၉၅မွတ္အထိယူေပမးယ့္သူ႔ကိုဘာေၾကာင့္မေခၚယူရမွာလဲ။ဆန္ခ်ိဳ၊ဗာရိန္းတို႔ေလာက္နဲ႔ရမယ္မထင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။