ဟယ်ရီကိန်းကို ရောင်းမည်မဟုတ်ဟု နည်းပြသစ် နူနိုကို စပါးစ်ဥက္ကဌကတိပေးထား

စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာစပါးစ်နည်းပြသစ်နူနိုအက်စ်ပီရီတိုဆန်တိုအားယခုနွေရာသီတွင်အသင်းခေါင်းဆောင်ဟယ်ရီကိန်းအားရောင်းချသွားမည်မဟုတ်ဟုကတိပေးထားကြောင်းသိရပါတယ်။

အင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာဆုဖလားတစ်ကြိမ်မျှဆွတ်ခူးဖူးခြင်းမရှိမှုနဲ့အတူအသင်းပြောင်းခွင့်တောင်းဆိုထားပါတယ်။

အသက်၂၇နှစ်ရှိဟယ်ရီကိန်းဟာစပါးစ်နှင့်သုံးနှစ်စာချုပ်ကျန်နေပါသေးတယ်။ဒါကြောင့်စပါးစ်ဥက္ကဌလီဗိုင်းကဟယ်ရီကိန်းကိုအမြင့်မားဆုံးဈေးပေါင်သန်း၁၅၀အထိ ရရှိမှသာလျှင်ရောင်းချရန်ဆုံးဖြတ်ထားပါတယ်။

ပြီးခဲ့တဲ့လတုန်းကမန်စီးတီးဟာရာဟမ်းစတာလင်း၊ဂါဘရီရယ်ဂျီဆပ်စ်(သို့မဟုတ်)လာပေါ်တီအားအလိုက်ပေးကာပေါင်သန်း၁၀၀ဖြင့်ကမ်းလှမ်းဖူးပါတယ်။ဒါပေမယ့်စပါးစ်ဟာမန်စီးတီးရဲ့ဟယ်ရီကိန်းအတွက်ကမ်းလှမ်းမှုကိုချက်ချင်းဘဲပယ်ချခဲ့ပါတယ်။

စပါးစ်ဟာအင်္ဂါနေ့တုန်းကနည်းပြသစ်အဖြစ်ဝုဗ်နည်းပြဟောင်းနူနိုအားခန့်အပ်ခဲ့ပါတယ်။လီဗိုင်းဟာနူနိုအားယခုနွေရာသီတွင်ဟယ်ရီကိန်းအားရောင်းချမည်မဟုတ်ကြောင်းဆိုထားပါတယ်။

ZawGyi

ဟယ္ရီကိန္းကို ေရာင္းမည္မဟုတ္ဟု နည္းျပသစ္ ႏူႏိုကို စပါးစ္ဥကၠဌကတိေပးထား

စပါးစ္ဥကၠဌဒါနီရယ္လီဗိုင္းဟာစပါးစ္နည္းျပသစ္ႏူႏိုအက္စ္ပီရီတိုဆန္တိုအားယခုေႏြရာသီတြင္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းအားေရာင္းခ်သြားမည္မဟုတ္ဟုကတိေပးထားေၾကာင္းသိရပါတယ္။

အဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးဖူးျခင္းမရွိမႈနဲ႔အတူအသင္းေျပာင္းခြင့္ေတာင္းဆိုထားပါတယ္။

အသက္၂၇ႏွစ္ရွိဟယ္ရီကိန္းဟာစပါးစ္ႏွင့္သုံးႏွစ္စာခ်ဳပ္က်န္ေနပါေသးတယ္။ဒါေၾကာင့္စပါးစ္ဥကၠဌလီဗိုင္းကဟယ္ရီကိန္းကိုအျမင့္မားဆုံးေဈးေပါင္သန္း၁၅၀အထိ ရရွိမွသာလွ်င္ေရာင္းခ်ရန္ဆုံးျဖတ္ထားပါတယ္။

ၿပီးခဲ့တဲ့လတုန္းကမန္စီးတီးဟာရာဟမ္းစတာလင္း၊ဂါဘရီရယ္ဂ်ီဆပ္စ္(သို႔မဟုတ္)လာေပၚတီအားအလိုက္ေပးကာေပါင္သန္း၁၀၀ျဖင့္ကမ္းလွမ္းဖူးပါတယ္။ဒါေပမယ့္စပါးစ္ဟာမန္စီးတီးရဲ႕ဟယ္ရီကိန္းအတြက္ကမ္းလွမ္းမႈကိုခ်က္ခ်င္းဘဲပယ္ခ်ခဲ့ပါတယ္။

စပါးစ္ဟာအဂၤါေန႔တုန္းကနည္းျပသစ္အျဖစ္ဝုဗ္နည္းျပေဟာင္းႏူႏိုအားခန႔္အပ္ခဲ့ပါတယ္။လီဗိုင္းဟာႏူႏိုအားယခုေႏြရာသီတြင္ဟယ္ရီကိန္းအားေရာင္းခ်မည္မဟုတ္ေၾကာင္းဆိုထားပါတယ္။