ဟယ်ရီကိန်းရဲ့ဂိုးကို ခွင့်မပြုမှုအပေါ် အန်တိုနီယိုကွန်တီအကြီးအကျယ်ဒေါသထွက်

အန်တိုနီယိုကွန်တီဟာချဲလ်ဆီးကို၂-၀ဂိုးဖြင့်ရှုံးနိမ့်တဲ့ပွဲတွင်ဟယ်ရီကိန်းရဲ့ပထမပိုင်းဂိုးအားခွင့်မပြုမှုမှာအလွန်ဆိုးရွားတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်းဝေဖန်လိုက်ပါတယ်။

ဟယ်ရီကိန်းဟာပထမပိုင်းမှာစပါးစ်အတွက်ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့ပေမဲ့ ကွင်းလယ်ဒိုင်လူကြီးပေါလ်တီယာနေးက တီယာဂိုဆေးလ်ဗားကိုတွန်းတယ်ဆိုပြီးဂိုးမပေးခဲ့ပါဘူး။ဒါ့အပြင်VAR ကလည်းဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကိုထောက်ခံခဲ့ပါတယ်။

ဒါပေမဲ့အနှေးပြကွက်အရဟယ်ရီကိန်းဟာတီယာဂိုဆေးလ်ဗားကိုမဆိုစလောက်သာထိတွေ့ခဲ့တွေ့ရပါတယ်။

ကွန်တီက “ဒိုင်လူကြီးကဂိုးတစ်ဂိုးခွင့်မပြုခဲ့ဘူး။အခုအချိန်ကဒိုင်နဲ့ပတ်သက်ပြီးပြောဖို့အကောင်းဆုံးအချိန်ပါ။အခုဟာကရှင်းနေတယ်။ဒီလိုဂိုးမျိုးကိုအင်္ဂလန်မှာခွင့်မပြုတာကြီးမားလွန်းလှပါတယ်။အီတလီမှာဆို၅၀-၅၀ ဖြစ်နိုင်တယ်။ဒါပေမဲ့အင်္ဂလန်မှာတော့တကယ့်ကိုကြီးမားလွန်းတယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကလည်းဟယ်ရီကိန်းရဲ့ဂိုးကိုခွင့်မပြုမှုအပေါ် အံ့ဩသင့်ခဲ့ရကြောင်းပြောကြားသွားပါတယ်။၎င်းက “မမြင်လိုက်ဘူး။ဂိုးပေးလိုက်ပြီထင်တာ။အရမ်းအံ့ဩခဲ့ရတယ်”လို့ပြောကြားသွားပါတယ်။

ချဲလ်ဆီးဟာ၁၈ရက်တာကာလအတွင်းတွင်ချဲလ်ဆီးကိုသုံးကြိမ်မြောက်ရှုံးနိမ့်ခဲ့တာလည်းဖြစ်ပါတယ်။၎င်းတို့ဟာခါရာဘောင်ဖလားဆီမီးဖိုင်နယ်တွင်လည်းချဲလ်ဆီးကိုနှစ်ကြိမ်ရှုံးနိမ့်ခဲ့ပါတယ်။ချဲလ်ဆီးအတွက်အနိုင်ဂိုးများကိုဇီယက်ချ်နှင့်တီယာဂိုဆေးလ်ဗားတို့ကသွင်းယူခဲ့ကြပါတယ်။

ZawGyi

ဟယ္ရီကိန္းရဲ႕ဂိုးကို ခြင့္မျပဳမႈအေပၚ အန္တိုနီယိုကြန္တီအႀကီးအက်ယ္ေဒါသထြက္

အန္တိုနီယိုကြန္တီဟာခ်ဲလ္ဆီးကို၂-၀ဂိုးျဖင့္ရႈံးနိမ့္တဲ့ပြဲတြင္ဟယ္ရီကိန္းရဲ႕ပထမပိုင္းဂိုးအားခြင့္မျပဳမႈမွာအလြန္ဆိုး႐ြားတဲ့ဆုံးျဖတ္ခ်က္ျဖစ္ေၾကာင္းေဝဖန္လိုက္ပါတယ္။

ဟယ္ရီကိန္းဟာပထမပိုင္းမွာစပါးစ္အတြက္ဦးေဆာင္ဂိုးသြင္းယူႏိုင္ခဲ့ေပမဲ့ ကြင္းလယ္ဒိုင္လူႀကီးေပါလ္တီယာေနးက တီယာဂိုေဆးလ္ဗားကိုတြန္းတယ္ဆိုၿပီးဂိုးမေပးခဲ့ပါဘူး။ဒါ့အျပင္VAR ကလည္းဒိုင္လူႀကီးရဲ႕ဆုံးျဖတ္ခ်က္ကိုေထာက္ခံခဲ့ပါတယ္။

ဒါေပမဲ့အေႏွးျပကြက္အရဟယ္ရီကိန္းဟာတီယာဂိုေဆးလ္ဗားကိုမဆိုစေလာက္သာထိေတြ႕ခဲ့ေတြ႕ရပါတယ္။

ကြန္တီက “ဒိုင္လူႀကီးကဂိုးတစ္ဂိုးခြင့္မျပဳခဲ့ဘူး။အခုအခ်ိန္ကဒိုင္နဲ႔ပတ္သက္ၿပီးေျပာဖို႔အေကာင္းဆုံးအခ်ိန္ပါ။အခုဟာကရွင္းေနတယ္။ဒီလိုဂိုးမ်ိဳးကိုအဂၤလန္မွာခြင့္မျပဳတာႀကီးမားလြန္းလွပါတယ္။အီတလီမွာဆို၅၀-၅၀ ျဖစ္ႏိုင္တယ္။ဒါေပမဲ့အဂၤလန္မွာေတာ့တကယ့္ကိုႀကီးမားလြန္းတယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကလည္းဟယ္ရီကိန္းရဲ႕ဂိုးကိုခြင့္မျပဳမႈအေပၚ အံ့ဩသင့္ခဲ့ရေၾကာင္းေျပာၾကားသြားပါတယ္။၎က “မျမင္လိုက္ဘူး။ဂိုးေပးလိုက္ၿပီထင္တာ။အရမ္းအံ့ဩခဲ့ရတယ္”လို႔ေျပာၾကားသြားပါတယ္။

ခ်ဲလ္ဆီးဟာ၁၈ရက္တာကာလအတြင္းတြင္ခ်ဲလ္ဆီးကိုသုံးႀကိမ္ေျမာက္ရႈံးနိမ့္ခဲ့တာလည္းျဖစ္ပါတယ္။၎တို႔ဟာခါရာေဘာင္ဖလားဆီမီးဖိုင္နယ္တြင္လည္းခ်ဲလ္ဆီးကိုႏွစ္ႀကိမ္ရႈံးနိမ့္ခဲ့ပါတယ္။ခ်ဲလ္ဆီးအတြက္အႏိုင္ဂိုးမ်ားကိုဇီယက္ခ်္ႏွင့္တီယာဂိုေဆးလ္ဗားတို႔ကသြင္းယူခဲ့ၾကပါတယ္။