ဟယ်ရီကိန်းရဲ့အန်တိုနီယိုအား လူကပ်ပျင်းမှုကြောင့် စပါးစ်ရှုံးပွဲကြုံခဲ့ရ

ဟယ်ရီကိန်းဟာမနေ့ညတုန်းကဝက်စ်ဟမ်းကိုစပါးစ်ကရှုံးနိမ့်တဲ့ပွဲတွင်သူ့ရဲ့မီချဲလ်အန်တိုနီယိုအားလူကပ်ညံ့ဖျင်းမှုကြောင့်အနိုင်ဂိုးပေးခဲ့ရမှုအတွက်အပြင်းအထန်ဝေဖန်မှုများနှင့်ရင်ဆိုင်နေရပါတယ်။

မနေ့ညတုန်းကလန်ဒန်ကွင်းတွင်ကစားခဲ့တဲ့လန်ဒန်ဒါဘီပွဲစဉ်တွင်အန်တိုနီယိုဟာပွဲချိန်၇၂မိနစ်တွင်ဝက်စ်ဟမ်းအတွက်တစ်လုံးတည်းသောအနိုင်ဂိုးကိုသွင်းယူခဲ့ပါတယ်။

ယင်းအနိုင်ဂိုးမှာစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းရဲ့အမှားကြောင့်ပေးလိုက်ရတာဆိုရင်လည်းမမှားပါဘူး။အေရွန်ခရက်စ်ဝဲလ်ရဲ့ထောင့်ကန်ဘောကန်ရန်ပြင်နေစဉ်ဟယ်ရီကိန်းဟာအန်တိုနီယိုကိုလူကပ်ရန်တာဝန်ယူခဲ့ပါတယ်။ဒါပေမယ့်ဟယ်ရီကိန်းရဲ့လူကပ်မှုလျှော့တိလျှော့ရဲနိုင်ခဲ့မှုနဲ့အတူအန်တိုနီယိုကအဖိုးတန်အနိုင်ဂိုးသွင်းယူသွားခဲ့ပါတယ်။

ဟယ်ရီကိန်းဟာပြီးခဲ့တဲ့နွေရာသီတုန်းကစပါးစ်မှထွက်ခွာရန်မန်စီးတီးသို့ ပြောင်းရွှေ့ရန်ကြိုးပမ်းခဲ့သူလည်းဖြစ်ပါတယ်။စပါးစ်တိုက်စစ်မှူးဟောင်းဂျာမိန်းဒီဖိုးကဟယ်ရီကိန်းမှာဘောလုံးကိုမြင်တွေ့ခြင်းမရှိကြောင်းဝေဖန်ခဲ့သလိုဘလက်ဘန်းနည်းပြဟောင်းဂရေမီဆောင်းနက်စ်ကလည်းဟယ်ရီကိန်းမှာပွဲအပေါ်တွင်အပြည့်အဝအာရုံစိုက်နေခဲ့ခြင်းမရှိကြောင်းဝေဖန်သွားပါတယ်။

ဝက်စ်ဟမ်းတိုက်စစ်မှူးအန်တိုနီယိုဟာဝက်စ်ဟမ်းအတွက်အဖိုးတန်အနိုင်ဂိုးကိုသွင်းယူပြီးနောက်ကမ္ဘာကျော်ရုပ်ရှင်ဇာတ်ကား Matrix မှဇာတ်ဝင်ခန်းမှ ဇာတ်ဝင်ခန်းကဲ့သို့အောင်ပွဲခံခဲ့တာတွေ့ရပါတယ်။

ZawGyi

ဟယ္ရီကိန္းရဲ႕အန္တိုနီယိုအား လူကပ္ပ်င္းမႈေၾကာင့္ စပါးစ္ရႈံးပြဲႀကဳံခဲ့ရ

ဟယ္ရီကိန္းဟာမေန႔ညတုန္းကဝက္စ္ဟမ္းကိုစပါးစ္ကရႈံးနိမ့္တဲ့ပြဲတြင္သူ႔ရဲ႕မီခ်ဲလ္အန္တိုနီယိုအားလူကပ္ညံ့ဖ်င္းမႈေၾကာင့္အႏိုင္ဂိုးေပးခဲ့ရမႈအတြက္အျပင္းအထန္ေဝဖန္မႈမ်ားႏွင့္ရင္ဆိုင္ေနရပါတယ္။

မေန႔ညတုန္းကလန္ဒန္ကြင္းတြင္ကစားခဲ့တဲ့လန္ဒန္ဒါဘီပြဲစဥ္တြင္အန္တိုနီယိုဟာပြဲခ်ိန္၇၂မိနစ္တြင္ဝက္စ္ဟမ္းအတြက္တစ္လုံးတည္းေသာအႏိုင္ဂိုးကိုသြင္းယူခဲ့ပါတယ္။

ယင္းအႏိုင္ဂိုးမွာစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းရဲ႕အမွားေၾကာင့္ေပးလိုက္ရတာဆိုရင္လည္းမမွားပါဘူး။ေအ႐ြန္ခရက္စ္ဝဲလ္ရဲ႕ေထာင့္ကန္ေဘာကန္ရန္ျပင္ေနစဥ္ဟယ္ရီကိန္းဟာအန္တိုနီယိုကိုလူကပ္ရန္တာဝန္ယူခဲ့ပါတယ္။ဒါေပမယ့္ဟယ္ရီကိန္းရဲ႕လူကပ္မႈေလွ်ာ့တိေလွ်ာ့ရဲႏိုင္ခဲ့မႈနဲ႔အတူအန္တိုနီယိုကအဖိုးတန္အႏိုင္ဂိုးသြင္းယူသြားခဲ့ပါတယ္။

ဟယ္ရီကိန္းဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကစပါးစ္မွထြက္ခြာရန္မန္စီးတီးသို႔ ေျပာင္းေ႐ႊ႕ရန္ႀကိဳးပမ္းခဲ့သူလည္းျဖစ္ပါတယ္။စပါးစ္တိုက္စစ္မႉးေဟာင္းဂ်ာမိန္းဒီဖိုးကဟယ္ရီကိန္းမွာေဘာလုံးကိုျမင္ေတြ႕ျခင္းမရွိေၾကာင္းေဝဖန္ခဲ့သလိုဘလက္ဘန္းနည္းျပေဟာင္းဂေရမီေဆာင္းနက္စ္ကလည္းဟယ္ရီကိန္းမွာပြဲအေပၚတြင္အျပည့္အဝအာ႐ုံစိုက္ေနခဲ့ျခင္းမရွိေၾကာင္းေဝဖန္သြားပါတယ္။

ဝက္စ္ဟမ္းတိုက္စစ္မႉးအန္တိုနီယိုဟာဝက္စ္ဟမ္းအတြက္အဖိုးတန္အႏိုင္ဂိုးကိုသြင္းယူၿပီးေနာက္ကမာၻေက်ာ္႐ုပ္ရွင္ဇာတ္ကား Matrix မွဇာတ္ဝင္ခန္းမွ ဇာတ္ဝင္ခန္းကဲ့သို႔ေအာင္ပြဲခံခဲ့တာေတြ႕ရပါတယ္။