ဟယ်ရီကိန်းအတွက် ငွေသားချည်းသီးသန့်တောင်းဆိုလိုက်တဲ့ စပါးစ်ဥက္ကဌ

ဒါနီရယ်လီဗိုင်းဟာအသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုခေါ်ယူလိုတဲ့ကလပ်များအနေဖြင့်ငွေသားချည်းသီးသန့်ပေးရမှာဖြစ်ကြောင်းသတိပေးလိုက်ပါတယ်။

စပါးစ်ဥက္ကဌဟာအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်အတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀တောင်းဆိုထားပါတယ်။

ဒါပေမယ့်သူဟာအသက်၂၇နှစ်ရှိတိုက်စစ်မှူးအား ကစားသမားအလိုက်ပေးကမ်းလှမ်းလာမှုမျိုးကိုလက်ခံမှာမဟုတ်ပါဘူး။

ယင်းကဲ့သို့ဟယ်ရီကိန်းအတွက်စပါးစ်ဘက်ကငွေသားချည်းလိုချင်နေမှုကမန်စီးတီးအတွက်အခက်တွေ့လာစေပါလိ့မ်မယ်။

မန်စီးတီးဟာဂန္ထဝင်တိုက်စစ်မှူးအဂူရိုရဲ့နေရာမှာအစားထိုးဖို့တိုက်စစ်မှူးရှာဖွေနေပြီးဟယ်ရီကိန်းကိုဂါဘရီရယ်ဂျီးဆပ်စ်၊စတာလင်းတို့အပြင်ပေါင်သန်း၆၀အလိုက်ပေးကမ်းလှမ်းရန်စီစဉ်ထားပါတယ်။

ဒါပေမယ့်လီဗိုင်းဟာဥရောပကွန်ဖရင့်လိဂ်တွင်ဝင်ရောက်ယှဉ်ပြိုင်ရတော့မယ့်စပါးစ်အတွက်ကစားသမားသစ်ဝယ်ယူအားဖြည့်မှုပြုလုပ်ရန်လုပ်လိုနေပါတယ်။ကိုဗစ်ကြောင့်ကလပ်အများစုမှာငွေကြေးထိခိုက်နေရာငွေကြေးသာရှိပါကမည်သည့်ကစားသမားကိုမဆိုစိတ်ကြိုက်ခေါ်ယူနိုင်ပါမယ်။

စပါးစ်ဥက္ကဌကစတာလင်း၊ဂျီးဆပ်စ်တို့ကအသင်းအတွက်ကောင်းမွန်တဲ့အားဖြည့်မှုဖြစ်လာမယ်ဆိုပေမယ့်ငွေသားရရှိမှုနည်းပါးတာကြောင့်စိတ်ကြိုက်ကစားသမားခေါ်ယူနိုင်ခွင့်နည်းပါးလာမယ်လို့ယုံကြည်နေပါတယ်။

ZawGyi

ဟယ္ရီကိန္းအတြက္ ေငြသားခ်ည္းသီးသန႔္ေတာင္းဆိုလိုက္တဲ့ စပါးစ္ဥကၠဌ

ဒါနီရယ္လီဗိုင္းဟာအသင္းေခါင္းေဆာင္ဟယ္ရီကိန္းကိုေခၚယူလိုတဲ့ကလပ္မ်ားအေနျဖင့္ေငြသားခ်ည္းသီးသန႔္ေပးရမွာျဖစ္ေၾကာင္းသတိေပးလိုက္ပါတယ္။

စပါးစ္ဥကၠဌဟာအဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္အတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀ေတာင္းဆိုထားပါတယ္။

ဒါေပမယ့္သူဟာအသက္၂၇ႏွစ္ရွိတိုက္စစ္မႉးအား ကစားသမားအလိုက္ေပးကမ္းလွမ္းလာမႈမ်ိဳးကိုလက္ခံမွာမဟုတ္ပါဘူး။

ယင္းကဲ့သို႔ဟယ္ရီကိန္းအတြက္စပါးစ္ဘက္ကေငြသားခ်ည္းလိုခ်င္ေနမႈကမန္စီးတီးအတြက္အခက္ေတြ႕လာေစပါလိ့မ္မယ္။

မန္စီးတီးဟာဂႏၴဝင္တိုက္စစ္မႉးအဂူ႐ိုရဲ႕ေနရာမွာအစားထိုးဖို႔တိုက္စစ္မႉးရွာေဖြေနၿပီးဟယ္ရီကိန္းကိုဂါဘရီရယ္ဂ်ီးဆပ္စ္၊စတာလင္းတို႔အျပင္ေပါင္သန္း၆၀အလိုက္ေပးကမ္းလွမ္းရန္စီစဥ္ထားပါတယ္။

ဒါေပမယ့္လီဗိုင္းဟာဥေရာပကြန္ဖရင့္လိဂ္တြင္ဝင္ေရာက္ယွဥ္ၿပိဳင္ရေတာ့မယ့္စပါးစ္အတြက္ကစားသမားသစ္ဝယ္ယူအားျဖည့္မႈျပဳလုပ္ရန္လုပ္လိုေနပါတယ္။ကိုဗစ္ေၾကာင့္ကလပ္အမ်ားစုမွာေငြေၾကးထိခိုက္ေနရာေငြေၾကးသာရွိပါကမည္သည့္ကစားသမားကိုမဆိုစိတ္ႀကိဳက္ေခၚယူႏိုင္ပါမယ္။

စပါးစ္ဥကၠဌကစတာလင္း၊ဂ်ီးဆပ္စ္တို႔ကအသင္းအတြက္ေကာင္းမြန္တဲ့အားျဖည့္မႈျဖစ္လာမယ္ဆိုေပမယ့္ေငြသားရရွိမႈနည္းပါးတာေၾကာင့္စိတ္ႀကိဳက္ကစားသမားေခၚယူႏိုင္ခြင့္နည္းပါးလာမယ္လို႔ယုံၾကည္ေနပါတယ္။