ဟယ်ရီကိန်းကို ပရီးမီးယားလိဂ်အကောင်းဆုံးတိုက်စစ်မှူးတွေနှင့် အလဲအထပ်လုပ်ချင်နေတဲ့စပါးစ်

စပါးစ်ဟာဟယ်ရီကိန်းအပြောင်းအရွှေ့အတွက်မန်ယူတိုက်စစ်မှူး(သို့မဟုတ်)မန်စီးတီးတိုက်စစ်မှူးတစ်ဦးအားအလဲအထပ်အဖြစ်ရယူရန်စီစဉ်ထားပါတယ်။

စပါးစ်နှင့်အင်္ဂလန်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာလာမယ့်နွေရာသီမှစပါးစ်မှထွက်ခွာရန်အသင်းပြောင်းခွင့်တောင်းဆိုထားပါတယ်။ဒါပေမယ့်စပါးအသင်းဥက္ကဌဒါနီရယ်လီဗိုင်းဟာဟယ်ရီကိန်းနေရာမှာအစားထိုးမယ့်ကစားသမားကိုဦးနှောက်အရှုပ်ခံကာစဉ်းစားစရာမလိုဘဲအစားထိုးနိုင်မယ့်အပြင်ငွေကြေးပါအလိုက်အဖြစ်ရရှိအောင်စီစဉ်ထားပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းကဟယ်ရီကိန်းကိုမန်ယူကသာခေါ်ယူလိုပါကပြင်သစ်တိုက်စစ်မှူးအန်တိုနီမာရှယ်ကိုအလိုက်အဖြစ်ကမ်းလှမ်းရန်ပြောဆိုသွားမှာဖြစ်ပြီးမန်စီးတီးကသာကမ်းလှမ်းလာပါကဘရာဇီးတိုက်စစ်မှူးဂါဘရီရယ်ဂျီးဆပ်စ်အားအလိုက်အဖြစ်ပေးရန်တောင်းဆိုသွားပါမယ်။

စပါးစ်ဟာဟယ်ရီကိန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀သတ်မှတ်ထားပါတယ်။လက်ရှိအချိန်မှာမန်ချက်စတာအခြေစိုက်ကလပ်နှစ်ခုအပြင်ဟယ်ရီကိန်းကိုပီအက်စ်ဂျီနှင့်ချဲလ်ဆီးတို့ကလည်းစိတ်ဝင်စားနေပါတယ်။

ယင်းသို့စပါးစ်ကသာတောင်းဆိုလာပါကမန်ချက်စတာကလပ်နှစ်ခုအတွက်အထူးစဉ်းစားစရာဖြစ်လာဖို့သေချာနေပါတယ်။လက်ရှိအချိန်မှာမာရှယ်ကအသက်၂၅နှစ်ဖြစ်ပြီးဂျီးဆပ်စ်ကအသက်၂၄နှစ်ဖြစ်ကာဟယ်ရီကိန်းအတွက်ပိုမိုနုပျိုငယ်ရွယ်ကြပါတယ်။

ZawGyi

ဟယ်ရီကိန်းကို ပရီးမီးယားလိဂ်အကောင်းဆုံးတိုက်စစ်မှူးတွေနှင့် အလဲအထပ်လုပ်ချင်နေတဲ့စပါးစ်

စပါးစ္ဟာဟယ္ရီကိန္းအေျပာင္းအေ႐ႊ႕အတြက္မန္ယူတိုက္စစ္မႉး(သို႔မဟုတ္)မန္စီးတီးတိုက္စစ္မႉးတစ္ဦးအားအလဲအထပ္အျဖစ္ရယူရန္စီစဥ္ထားပါတယ္။

စပါးစ္ႏွင့္အဂၤလန္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာလာမယ့္ေႏြရာသီမွစပါးစ္မွထြက္ခြာရန္အသင္းေျပာင္းခြင့္ေတာင္းဆိုထားပါတယ္။ဒါေပမယ့္စပါးအသင္းဥကၠဌဒါနီရယ္လီဗိုင္းဟာဟယ္ရီကိန္းေနရာမွာအစားထိုးမယ့္ကစားသမားကိုဦးေႏွာက္အရႈပ္ခံကာစဥ္းစားစရာမလိုဘဲအစားထိုးႏိုင္မယ့္အျပင္ေငြေၾကးပါအလိုက္အျဖစ္ရရွိေအာင္စီစဥ္ထားပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းကဟယ္ရီကိန္းကိုမန္ယူကသာေခၚယူလိုပါကျပင္သစ္တိုက္စစ္မႉးအန္တိုနီမာရွယ္ကိုအလိုက္အျဖစ္ကမ္းလွမ္းရန္ေျပာဆိုသြားမွာျဖစ္ၿပီးမန္စီးတီးကသာကမ္းလွမ္းလာပါကဘရာဇီးတိုက္စစ္မႉးဂါဘရီရယ္ဂ်ီးဆပ္စ္အားအလိုက္အျဖစ္ေပးရန္ေတာင္းဆိုသြားပါမယ္။

စပါးစ္ဟာဟယ္ရီကိန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀သတ္မွတ္ထားပါတယ္။လက္ရွိအခ်ိန္မွာမန္ခ်က္စတာအေျခစိုက္ကလပ္ႏွစ္ခုအျပင္ဟယ္ရီကိန္းကိုပီအက္စ္ဂ်ီႏွင့္ခ်ဲလ္ဆီးတို႔ကလည္းစိတ္ဝင္စားေနပါတယ္။

ယင္းသို႔စပါးစ္ကသာေတာင္းဆိုလာပါကမန္ခ်က္စတာကလပ္ႏွစ္ခုအတြက္အထူးစဥ္းစားစရာျဖစ္လာဖို႔ေသခ်ာေနပါတယ္။လက္ရွိအခ်ိန္မွာမာရွယ္ကအသက္၂၅ႏွစ္ျဖစ္ၿပီးဂ်ီးဆပ္စ္ကအသက္၂၄ႏွစ္ျဖစ္ကာဟယ္ရီကိန္းအတြက္ပိုမိုႏုပ်ိဳငယ္႐ြယ္ၾကပါတယ္။