ဟယ်ရီကိန်းအပြောင်းအရွှေ့အပေါ် စိတ်ပျက်ကာ ၄၈၆ ဂိုးသွင်းထားတဲ့တိုက်စစ်မှူးဘက် မန်စီးတီး မျှားဦးလှည့်လာ

မန်စီးတီးဟာဟယ်ရီကိန်းအားခေါ်ယူရေးကြိုးပမ်းမှုမှာ ထင်မှတ်ထားသလောက်ခရီးရောက်ခြင်းမရှိမှုအပေါ်တွင်စိတ်ပျက်ကာဘွန်ဒက်စ်လီဂါဂိုးသွင်းစက်အားခေါ်ယူရေးအာရုံစိုက်လာကြောင်းသိရပါတယ်။

မန်စီးတီးဟာအသင်းသမိုင်းတွင်ဂိုးအများဆုံးသွင်းယူထားတဲ့တိုက်စစ်မှူးဆာဂျီယိုအဂွဲရိုးအားဘာစီလိုနာသို့လက်လွှတ်လိုက်ရပြီးနောက်အထောင်တိုက်စစ်မှူးနေရာအတွက်ဂါဘရီရယ်ဂျီးဆပ်စ်တစ်ဦးတည်းကိုသာအားကိုးစရာရှိပါတော့တယ်။မန်စီးတီးဟာအဂွဲရိုးနေရာမှာစပါးစ်နှင့်အင်္ဂလန်တိုက်စစ်မှူးဟယ်ရီကိန်းကိုပစ်မှတ်ထားနေပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံဟာဟယ်ရီကိန်းကိုခေါ်ယူရေးအတွက်ပေါင်သန်း၁၀၀ဖြင့်တရားဝင်ကမ်းလှမ်းမှုပြုလုပ်ထားပြီးဖြစ်ပါတယ်။

ကာယကံရှင်ဟယ်ရီကိန်းကိုယ်တိုင်ကနွေရာသီတွင်အသင်းပြောင်းလိုကြောင်းဆိုထားပေမယ့်လည်းစပါးစ်ဥက္ကဌလီဗိုင်းကအသင်းရဲ့အရေးအပါဆုံးကစားသမားကိုလက်လွှတ်လိုတာကြောင့်ပယ်ချခဲ့ပါတယ်။

ဒါကြောင့်လည်းမန်စီးတီးဟာဘိုင်ယန်မြူးနစ်နှင့်၂နှစ်စာချုပ်သက်တမ်းသာကျန်တော့တဲ့ရောဘတ်လီဝန်ဒေါ့စကီးအားခေါ်ယူရေးလုပ်ဆောင်လာပါတယ်။အသက်၃၂နှစ်ရှိလီဝန်ဒေါ့စကီးဟာဘိုင်ယန်တွင်တစ်ပတ်လုပ်ခပေါင််၃၀၀၀၀၀ရရှိနေပါတယ်။

လီဝန်ဒေါ့စကီးကလည်းကစားသမားဘဝမကုန်ဆုံးမီအခြားနိုင်ငံတစ်ခုသို့သွားရောက်ကာစိန်ခေါ်မှုသစ်ရင်ဆိုင်လိုနေပါတယ်။

ဂွါဒီယိုလာဟာဘိုင်ယန်မြူးနစ်ကိုကိုင်တွယ်တုန်းကလီဝန်ဒေါ့စကီးနှင့်နှစ်ရာသီတိုင်တိုင်လက်တွဲဖူးကာတစ်ဦးနှင့်တစ်ဦးနားလည်မှုရှိထားပြီးသူများလည်းဖြစ်ပါတယ်။

လီဝန်ဒေါ့စကီးဟာအသက်အရွယ်ကြီးနေပြီဖြစ်ပေမယ့်ပြီးခဲ့တဲ့ရာသီတုန်းကဘိုင်ယန်အတွက်၄၈ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

သူဟာကစားသမားဘဝတစ်လျှောက်၆၉၈ပွဲကစားထားရာမှာ၄၈၆ဂိုးအထိသွင်းယူထားနိုင်သူလည်းဖြစ်ပါတယ်။

ZawGyi

ဟယ္ရီကိန္းအေျပာင္းအေ႐ႊ႕အေပၚ စိတ္ပ်က္ကာ ၄၈၆ ဂိုးသြင္းထားတဲ့တိုက္စစ္မႉးဘက္ မန္စီးတီး မွ်ားဦးလွည့္လာ

မန္စီးတီးဟာဟယ္ရီကိန္းအားေခၚယူေရးႀကိဳးပမ္းမႈမွာ ထင္မွတ္ထားသေလာက္ခရီးေရာက္ျခင္းမရွိမႈအေပၚတြင္စိတ္ပ်က္ကာဘြန္ဒက္စ္လီဂါဂိုးသြင္းစက္အားေခၚယူေရးအာ႐ုံစိုက္လာေၾကာင္းသိရပါတယ္။

မန္စီးတီးဟာအသင္းသမိုင္းတြင္ဂိုးအမ်ားဆုံးသြင္းယူထားတဲ့တိုက္စစ္မႉးဆာဂ်ီယိုအဂြဲ႐ိုးအားဘာစီလိုနာသို႔လက္လႊတ္လိုက္ရၿပီးေနာက္အေထာင္တိုက္စစ္မႉးေနရာအတြက္ဂါဘရီရယ္ဂ်ီးဆပ္စ္တစ္ဦးတည္းကိုသာအားကိုးစရာရွိပါေတာ့တယ္။မန္စီးတီးဟာအဂြဲ႐ိုးေနရာမွာစပါးစ္ႏွင့္အဂၤလန္တိုက္စစ္မႉးဟယ္ရီကိန္းကိုပစ္မွတ္ထားေနပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံဟာဟယ္ရီကိန္းကိုေခၚယူေရးအတြက္ေပါင္သန္း၁၀၀ျဖင့္တရားဝင္ကမ္းလွမ္းမႈျပဳလုပ္ထားၿပီးျဖစ္ပါတယ္။

ကာယကံရွင္ဟယ္ရီကိန္းကိုယ္တိုင္ကေႏြရာသီတြင္အသင္းေျပာင္းလိုေၾကာင္းဆိုထားေပမယ့္လည္းစပါးစ္ဥကၠဌလီဗိုင္းကအသင္းရဲ႕အေရးအပါဆုံးကစားသမားကိုလက္လႊတ္လိုတာေၾကာင့္ပယ္ခ်ခဲ့ပါတယ္။

ဒါေၾကာင့္လည္းမန္စီးတီးဟာဘိုင္ယန္ျမဴးနစ္ႏွင့္၂ႏွစ္စာခ်ဳပ္သက္တမ္းသာက်န္ေတာ့တဲ့ေရာဘတ္လီဝန္ေဒါ့စကီးအားေခၚယူေရးလုပ္ေဆာင္လာပါတယ္။အသက္၃၂ႏွစ္ရွိလီဝန္ေဒါ့စကီးဟာဘိုင္ယန္တြင္တစ္ပတ္လုပ္ခေပါင္္၃၀၀၀၀၀ရရွိေနပါတယ္။

လီဝန္ေဒါ့စကီးကလည္းကစားသမားဘဝမကုန္ဆုံးမီအျခားႏိုင္ငံတစ္ခုသို႔သြားေရာက္ကာစိန္ေခၚမႈသစ္ရင္ဆိုင္လိုေနပါတယ္။

ဂြါဒီယိုလာဟာဘိုင္ယန္ျမဴးနစ္ကိုကိုင္တြယ္တုန္းကလီဝန္ေဒါ့စကီးႏွင့္ႏွစ္ရာသီတိုင္တိုင္လက္တြဲဖူးကာတစ္ဦးႏွင့္တစ္ဦးနားလည္မႈရွိထားၿပီးသူမ်ားလည္းျဖစ္ပါတယ္။

လီဝန္ေဒါ့စကီးဟာအသက္အ႐ြယ္ႀကီးေနၿပီျဖစ္ေပမယ့္ၿပီးခဲ့တဲ့ရာသီတုန္းကဘိုင္ယန္အတြက္၄၈ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

သူဟာကစားသမားဘဝတစ္ေလွ်ာက္၆၉၈ပြဲကစားထားရာမွာ၄၈၆ဂိုးအထိသြင္းယူထားႏိုင္သူလည္းျဖစ္ပါတယ္။