ဟယ်ရီကိန်းအား ခေါ်ယူရန် စတာလင်းနှင့်ဂျီးဆပ်စ်ကို အလိုက်ပေးဖို့အသင့်ရှိနေတဲ့ မန်စီးတီး

မန်စီးတီးဟာဟယ်ရီကိန်းအားခေါ်ယူနိုင်ရေးအတွက်ရာဟမ်းစတာလင်းနှင့်ဂါဘရီရယ်ဂျီးဆပ်စ်တို့အားစပါးစ်ထံသို့အလိုက်ပေးကမ်းလှမ်းရန်အသင့်ဖြစ်နေကြောင်းသိရပါတယ်။

ပရီးမီးယားလိဂ်ချန်ပီယံလိဂ်မန်စီးတီးဟာမြို့ခံပြိုင်ဘက်မန်ယူနှင့်ချန်ပီယံလိဂ်ချန်ပီယံချဲလ်ဆီးတို့အားကျော်ဖြတ်ကာဟယ်ရီကိန်းကိုခေါ်ယူနိုင်ရေးအစွမ်းကုန်လုပ်ဆောင်လိုနေပါတယ်။၎င်းတို့ဟာအင်္ဂလန်အသင်းခေါင်းဆောင်ကိုအသင်းရဲ့စတားကစားသမားနှစ်ဦးနှင့်အလိုက်ပေးလဲလှယ်ရန်စီစဉ်နေပါတယ်။

အသက်၂၇နှစ်ရှိစပါးစ်အသင်းခေါင်းဆောင်ဟယ်ရီကိန်းဟာကစားသမားဘဝတစ်လျှောက်ဆုဖလားတစ်ကြိမ်မျှဆွတ်ခူးဖူးခြင်းမရှိမှုနဲ့အတူနွေရာသီတွင်အသင်းပြောင်းလိုကြောင်းစပါးစ်ဥက္ကဌလီဗိုင်းကိုတောင်းဆိုထားပါတယ်။

ကီဗင်ဒီဘရိုင်းကမန်စီးတီးကွင်းလယ်ကစားသမားကီဗင်ဒီဘရိုင်းနှင့်တွဲကစားလိုကြောင်းဖွင့်ဟပြောဆိုဖူးရာမန်စီးတီးမှာသူပြောင်းရွှေ့ဖို့ဆန္ဒရှိတဲ့ကလပ်လို့ယူဆရပါတယ်။

စပါးစ်ဥက္ကဌလီဗိုင်းဟာဆုဖလားလက်မဲ့ရာသီတစ်ခုနှင့်ထပ်ကြုံရမှု၊ဥရောပစူပါလိဂ်တွင်ပါဝင်မှု၊သုံးနှစ်စာချုပ်ကျန်နေသေးတဲ့ကိန်းအားဆုံးရှုံးရခြေရှိမှုတို့အတွက်စပါးစ်ပရိသတ်များရဲ့ဝေဖန်မှုများခံနေရပါတယ်။

သူဟာဟယ်ရီကိန်းကိုအသင်းတွင်ဆက်လက်ထိန်းထားနိုင်ရေးအတွက်နည်းပြဟောင်းမော်ရီစီယိုပိုချက်တီနိုအားခေါ်ယူလိုနေပါတယ်။

ဒါပေမယ့်လီဗိုင်းကပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်အားဆက်ထိန်းရေးမှာအလွန်ခက်ခဲနေကြောင်းသိထားပြီးဖြစ်ကာပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀ရရှိလျှင်ထွက်ခွာခွင့်ပေးဖို့ဆုံးဖြတ်ထားပါတယ်။

တစ်ဖက်တွင်မန်စီးတီးကလည်းဂါဘရီရယ်ဂျီးဆပ်စ်နှင့်စတာလင်းတို့အားအသုံးချကာကိန်းကိုခေါ်ယူနိုင်ရေးမျှော်လင့်နေပါတယ်။

မန်စီးတီးနည်းပြဂွါဒီယိုလာဟာချန်ပီယံလိဂ်ဗိုလ်လုပွဲတွင်ရှုံးနိမ့်ပြီးနောက်အသင်းရှိကစားသမားအချို့တို့ကိုထွက်ခွာစေပြီးအသင်းကိုအပြောင်းအလဲလုပ်ဖို့စီစဉ်နေပါတယ်။

စတာလင်းဟာယခုရာသီမှာပြိုင်ပွဲအရပ်ရပ်မှာ၁၅ဂိုးသွင်းယူထားနိုင်သော်လည်းဖီးလ်ဖိုဒန်ခြေစွမ်းပြနေမှုနဲ့အတူမန်စီးတီးတွင်အရေးပါမှုလျှော့ကျလာနေပါတယ်။အသက်၂၆နှစ်ရှိစတာလင်းဟာ၂၀၁၅ခုနှစ်၊ဇူလိုင်လတွင်လီဗာပူးမှပေါင်၄၄သန်းဖြင့်ပြောင်းလာသူဖြစ်ပြီးတစ်ပတ်လုပ်ခပေါင်၃သိန်းရရှိနေကာ၂နှစ်စာချုပ်သာကျန်ပါတော့တယ်။

အသက်၂၄နှစ်ရှိဂါဘရီရယ်ဂျီးဆပ်စ်မှာမန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်မှာ၂၃ဂိုးသွင်းယူကာကလပ်ရဲ့ဂိုးသွင်းဘုရင်အဖြစ်ရပ်တည်နိုင်ခဲ့သော်လည်းဂွါဒီယိုလာရဲ့နံပါတ်တစ်တိုက်စစ်မှူးအဖြစ်ယူဆခြင်းမခံရသူဖြစ်ပါတယ်။

သူ့အနေဖြင့်ကိန်းရောက်လာပါကနေရာပျောက်ဖို့သေချာနေရာစပါးစ်သို့ပြောင်းရန်ပိုမိုဆန္ဒရှိနေနိုင်ပါတယ်။

သူဟာမန်စီးတီးမှာတစ်ပတ်လုပ်ခပေါင်၉၀၀၀၀ရရှိနေရာစပါးစ်အတွက်လုပ်ခတိုးမြှင့်ပေးရပါကလည်းပြဿနာဖြစ်လာဖို့မရှိပါဘူး။ဒါပေမယ့်စပါးစ်အနေဖြင့်စတာလင်းရဲ့တစ်ပတ်လုပ်ခပေါင်၃၀၀၀၀၀ပမာဏကအခက်အခဲဖြစ်လာဖို့ရှိပါတယ်။

ZawGyi

ဟယ္ရီကိန္းအား ေခၚယူရန္ စတာလင္းႏွင့္ဂ်ီးဆပ္စ္ကို အလိုက္ေပးဖို႔အသင့္ရွိေနတဲ့ မန္စီးတီး

မန္စီးတီးဟာဟယ္ရီကိန္းအားေခၚယူႏိုင္ေရးအတြက္ရာဟမ္းစတာလင္းႏွင့္ဂါဘရီရယ္ဂ်ီးဆပ္စ္တို႔အားစပါးစ္ထံသို႔အလိုက္ေပးကမ္းလွမ္းရန္အသင့္ျဖစ္ေနေၾကာင္းသိရပါတယ္။

ပရီးမီးယားလိဂ္ခ်န္ပီယံလိဂ္မန္စီးတီးဟာၿမိဳ႕ခံၿပိဳင္ဘက္မန္ယူႏွင့္ခ်န္ပီယံလိဂ္ခ်န္ပီယံခ်ဲလ္ဆီးတို႔အားေက်ာ္ျဖတ္ကာဟယ္ရီကိန္းကိုေခၚယူႏိုင္ေရးအစြမ္းကုန္လုပ္ေဆာင္လိုေနပါတယ္။၎တို႔ဟာအဂၤလန္အသင္းေခါင္းေဆာင္ကိုအသင္းရဲ႕စတားကစားသမားႏွစ္ဦးႏွင့္အလိုက္ေပးလဲလွယ္ရန္စီစဥ္ေနပါတယ္။

အသက္၂၇ႏွစ္ရွိစပါးစ္အသင္းေခါင္းေဆာင္ဟယ္ရီကိန္းဟာကစားသမားဘဝတစ္ေလွ်ာက္ဆုဖလားတစ္ႀကိမ္မွ်ဆြတ္ခူးဖူးျခင္းမရွိမႈနဲ႔အတူေႏြရာသီတြင္အသင္းေျပာင္းလိုေၾကာင္းစပါးစ္ဥကၠဌလီဗိုင္းကိုေတာင္းဆိုထားပါတယ္။

ကီဗင္ဒီဘ႐ိုင္းကမန္စီးတီးကြင္းလယ္ကစားသမားကီဗင္ဒီဘ႐ိုင္းႏွင့္တြဲကစားလိုေၾကာင္းဖြင့္ဟေျပာဆိုဖူးရာမန္စီးတီးမွာသူေျပာင္းေ႐ႊ႕ဖို႔ဆႏၵရွိတဲ့ကလပ္လို႔ယူဆရပါတယ္။

စပါးစ္ဥကၠဌလီဗိုင္းဟာဆုဖလားလက္မဲ့ရာသီတစ္ခုႏွင့္ထပ္ႀကဳံရမႈ၊ဥေရာပစူပါလိဂ္တြင္ပါဝင္မႈ၊သုံးႏွစ္စာခ်ဳပ္က်န္ေနေသးတဲ့ကိန္းအားဆုံးရႈံးရေျခရွိမႈတို႔အတြက္စပါးစ္ပရိသတ္မ်ားရဲ႕ေဝဖန္မႈမ်ားခံေနရပါတယ္။

သူဟာဟယ္ရီကိန္းကိုအသင္းတြင္ဆက္လက္ထိန္းထားႏိုင္ေရးအတြက္နည္းျပေဟာင္းေမာ္ရီစီယိုပိုခ်က္တီႏိုအားေခၚယူလိုေနပါတယ္။

ဒါေပမယ့္လီဗိုင္းကပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္အားဆက္ထိန္းေရးမွာအလြန္ခက္ခဲေနေၾကာင္းသိထားၿပီးျဖစ္ကာေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀ရရွိလွ်င္ထြက္ခြာခြင့္ေပးဖို႔ဆုံးျဖတ္ထားပါတယ္။

တစ္ဖက္တြင္မန္စီးတီးကလည္းဂါဘရီရယ္ဂ်ီးဆပ္စ္ႏွင့္စတာလင္းတို႔အားအသုံးခ်ကာကိန္းကိုေခၚယူႏိုင္ေရးေမွ်ာ္လင့္ေနပါတယ္။

မန္စီးတီးနည္းျပဂြါဒီယိုလာဟာခ်န္ပီယံလိဂ္ဗိုလ္လုပြဲတြင္ရႈံးနိမ့္ၿပီးေနာက္အသင္းရွိကစားသမားအခ်ိဳ႕တို႔ကိုထြက္ခြာေစၿပီးအသင္းကိုအေျပာင္းအလဲလုပ္ဖို႔စီစဥ္ေနပါတယ္။

စတာလင္းဟာယခုရာသီမွာၿပိဳင္ပြဲအရပ္ရပ္မွာ၁၅ဂိုးသြင္းယူထားႏိုင္ေသာ္လည္းဖီးလ္ဖိုဒန္ေျခစြမ္းျပေနမႈနဲ႔အတူမန္စီးတီးတြင္အေရးပါမႈေလွ်ာ့က်လာေနပါတယ္။အသက္၂၆ႏွစ္ရွိစတာလင္းဟာ၂၀၁၅ခုႏွစ္၊ဇူလိုင္လတြင္လီဗာပူးမွေပါင္၄၄သန္းျဖင့္ေျပာင္းလာသူျဖစ္ၿပီးတစ္ပတ္လုပ္ခေပါင္၃သိန္းရရွိေနကာ၂ႏွစ္စာခ်ဳပ္သာက်န္ပါေတာ့တယ္။

အသက္၂၄ႏွစ္ရွိဂါဘရီရယ္ဂ်ီးဆပ္စ္မွာမန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္မွာ၂၃ဂိုးသြင္းယူကာကလပ္ရဲ႕ဂိုးသြင္းဘုရင္အျဖစ္ရပ္တည္ႏိုင္ခဲ့ေသာ္လည္းဂြါဒီယိုလာရဲ႕နံပါတ္တစ္တိုက္စစ္မႉးအျဖစ္ယူဆျခင္းမခံရသူျဖစ္ပါတယ္။

သူ႔အေနျဖင့္ကိန္းေရာက္လာပါကေနရာေပ်ာက္ဖို႔ေသခ်ာေနရာစပါးစ္သို႔ေျပာင္းရန္ပိုမိုဆႏၵရွိေနႏိုင္ပါတယ္။

သူဟာမန္စီးတီးမွာတစ္ပတ္လုပ္ခေပါင္၉၀၀၀၀ရရွိေနရာစပါးစ္အတြက္လုပ္ခတိုးျမႇင့္ေပးရပါကလည္းျပႆနာျဖစ္လာဖို႔မရွိပါဘူး။ဒါေပမယ့္စပါးစ္အေနျဖင့္စတာလင္းရဲ႕တစ္ပတ္လုပ္ခေပါင္၃၀၀၀၀၀ပမာဏကအခက္အခဲျဖစ္လာဖို႔ရွိပါတယ္။