ဟယ်ရီကိန်းအား မန်စီးတီးသို့ ပေါင်သန်း ၁၆၀ ဖြင့် စပါးစ်ဥက္ကဌလီဗိုင်း ပြောင်းခွင့်ပြုလိုက်ပြီ

စပါးစ်ဥက္ကဌဒါနီရယ်လီဗိုင်းဟာအသင်းခေါင်းဆောင်ဟယ်ရီကိန်းအားပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်သို့ပြောင်းခွင့်ပြုလိုက်မှုနဲ့အတူ အင်္ဂလန်အသင်းခေါင်းဆောင်ဟာပေါင်သန်း၁၆၀ဖြင့်မန်စီးတီးသို့ပြောင်းလာတော့မှာဖြစ်ပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်သူရဲကောင်းဟာမန်စီးတီးအသင်းမှာတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀ရရှိလာမှာဖြစ်ပြီးပရီးမီးယားလိဂ်ရဲ့လုပ်ခအများဆုံးရရှိတဲ့ကစားသမားဖြစ်လာပါမယ်။

လီဗိုင်းဟာအစောပိုင်းတုန်းကအသင်းခေါင်းဆောင်ဟယ်ရီကိန်းကိုမည်သို့မျှလက်မလွှတ်ဖို့ဆုံးဖြတ်ထားခဲ့ပေမယ့်လည်းပြီးခဲ့တဲ့သောကြာနေ့မှာတော့စိတ်ပြောင်းကာအသင်းပြောင်းခွင့်ပြုလိုက်တာလည်းဖြစ်ပါတယ်။

ဟယ်ရီကိန်းနှင့်ရင်းနှီးသူတစ်ဦးက “ဟယ်ရီအရမ်းပျော်နေပါတယ်။သူကလည်းဆိုးရွားတဲ့အေနအထားမျိုးနဲ့မထွက်ခွာချင်ပါဘူး”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာမန်စီးတီးသို့ပေါင်သန်း၁၆၀ဖြင့်ပြောင်းနိုင်တော့မယ့်အခြေအနေတွင်ရှိနေတဲ့အပြင်အစ်ကိုဖြစ်သူရဲ့မင်္ဂလာပွဲမှာလည်းသတို့သားအရန်အဖြစ်လုပ်ဆောင်ပေးခဲ့ပါတယ်။

ဟယ်ရီကိန်းရဲ့အစ်ကိုဖြစ်တဲ့ချာလီဟာအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ရဲ့အေးဂျင့်အဖြစ်လည်းဆောင်ရွက်နေသူဖြစ်ပါတယ်။ဟယ်ရီကိန်း မန်စီးတီးသို့ပြောင်းခွင့်ရမှု၊ အေးဂျင့်ဖြစ်တဲ့အစ်ကိုမင်္ဂလာဆောင်မှုတို့ကဟယ်ရီကိန်းတို့မိသားစုအတွက်သတင်းကောင်းကြီးတွေ ဖြစ်လို့နေပါတယ်။

ဟယ်ရီကိန်းဟာမန်စီးတီးမှာတစ်ပတ်လုပ်ခပေါင်၄၀၀၀၀၀အထိရရှိလာမှာဖြစ်ပြီးမန်စီးတီးနှင့်လေးနှစ်(သို့မဟုတ်)ငါးနှစ်စာချုပ်ချုပ်ဆိုသွားပါမယ်။

လီဗိုင်းဟာချာလီ လက်မထပ်ခင် ၂ ရက်မှာစိတ်ပြောင်းပြီးဖုန်းဆက်သွယ်မှုပြုလုပ်ကာအသင်းပြောင်းခွင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။

စပါးစ်အတွင်းလူတစ်ဦးကလည်း “ပြီးခဲ့တဲ့အပတ်အကုန်မှာဟယ်ရီနဲ့ချာလီဆီသို့ဖုန်းဆက်ခဲ့တာပါ။ဟယ်ရီကတော့အရမ်းပျော်နေတယ်။သူကစပါးစ်ကနေ ဆိုးရွားတဲ့အနေအထားမျိုးနဲ့မထွက်ခွာချင်ပါဘူး။ဒါနီရယ်လီဗိုင်းဟာယူရိုမှာကိန်းရဲ့ဂိုးတွေနဲ့စွမ်းဆောင်မှုကိုမြင်တွေ့လိုက်ပြီးတဲ့နောက်သူ့တန်ဖိုးကိုပေါင်သန်း၂၀တိုးပြီးသတ်မှတ်လိုက်တယ်။မန်စီးတီးနဲ့တော့စာချုပ်မချုပ်ဆိုရသေးပါဘူး။စပါးစ်အတွက်ကတော့ပြီးပြည့်စုံတဲ့အမြင်တစ်ခုဖြစ်ပါတယ်။ပြီးတော့သူ့ကိုအခြားလန်ဒန်ကလပ်တစ်ခုသို့(ချဲလ်ဆီး)လည်းမဆုံးရှုံးချင်ပါဘူး။ကစားသမားနဲ့မန်စီးတီးအကြားမှာပုဂ္ဂိုလ်ရေးပိုင်းသဘောတူညီမှုရထားပြီးပါပြီ။အရမ်းမိုက်တဲ့စာချုပ်ပါ။အခုအပြီးသတ်လုပ်ဖို့ဘဲကျန်တော့တယ်။ဟယ်ရီကကစားသမားဘဝအထွဋ်အထိပ်သို့ရောက်နေပါတယ်။ဆုဖလားတွေရယူချင်နေပါတယ်။နှစ်ဖက်လုံးအတွက်ကောင်းမွန်တဲ့စာချုပ်ချုပ်ဆိုမှုဖြစ်လာမှာပါ”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာစပါးစ်တွင်ကစားစဉ်ကာလအတွင်းတစ်ကိုယ်တော်ဆုများစွာရရှိထားပေမယ့်လည်းဆုဖလားတစ်ကြိမ်မျှဆွတ်ခူးနိုင်ခြင်းမရှိသေးပါဘူး။

ZawGyi










