ဟယ်ရီကိန်း ခြေစွမ်းမပြနိုင်မှုနဲ့အတူ အွန်လိုင်းတွင် ပရိသတ်များရဲ့ပစ်မှတ်ထားခြင်းခံလာရတဲ့ ဇနီးသည်ကိတ်

ဟယ်ရီကိန်းရဲ့ဇနီးသည်ကိတ်ဟာယခုရာသီတွင်ခင်ပွန်းသည်မှာအကောင်းဆုံးပုံစံမပြနိုင်ရန်ဘဲရုန်းကန်ရမှုနဲ့အတူအွန်လိုင်းတွင်ပရိသတ်များရဲ့ပစ်မှတ်ထားတိုက်ခိုက်ခြင်းခံလာရပါတယ်။ပရိသတ်တစ်ဦးကသူမကို ခင်ပွန်းသည်ကိုစွန့်ပစ်ရန်ပါပြောဆိုခဲ့ပါတယ်။

အသက်၂၈နှစ်ရှိအင်္ဂလန်နှင့်စပါးစ်အသင်းခေါင်းဆောင်ဟာနွေရာသီအပြောင်းအရွှေ့တုန်းကအသင်းဥက္ကဌလီဗိုင်းထံအသင်းပြောင်းခွင့်တောင်းဆိုခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်စပါးစ်ကတောင်းဆိုတဲ့ပေါင်သန်း၁၅၀ကိုမန်စီးတီးကပေးလာခြင်းမရှိမှုနဲ့အတူဟယ်ရီကိန်းမှာစပါးစ်တွင်ပင်ဆက်ကစားခဲ့ရပါတယ်။

ဟယ်ရီကိန်းဟာယခုရာသီတွင်အကောင်းဆုံးပုံစံပြသနိုင်ရန်ရုန်းကန်နေရပြီး ပရီးမီးယားလိဂ်ပွဲ၉ပွဲတွင်၁ဂိုးတည်းသာသွင်းယူထားနိုင်ပါတယ်။

ဟယ်ရီကိန်းနှင့်ဇနီးသည်ကိတ်တို့ဟာတနင်္ဂနွေနေ့တုန်းကလန်ဒန်တွင်ကျင်းပတဲ့ Pride of Britain Awards သို့တက်ရောက်ခဲ့ပါတယ်။ပွဲသို့တက်ရောက်သို့ဓာတ်ပုံကဇနီးသည်ကိတ်ကအင်စတာဂရမ်တွင်မျှဝေမှုပြုလုပ်ခဲ့ပါတယ်။

ယင်းဓာတ်ပုံကိုတင်လာပြီးနောက်စပါးစ်ပရိသတ်များအပါအဝင် လူ့စိတ်ပျောက်ဆုံးနေတဲ့ပရိသတ်များဟာတိုက်ခိုက်ရေးသားမှုပြုလုပ်လာပါတယ်။

ပရိသတ်တစ်ဦးက “စပါးစ်အတွက်ဘောလုံးပွဲတွေအနိုင်ရဖို့အာရုံစိုက်ရမယ့်အစားခင်ဗျားယောင်္ကျားဘယ်နေရာကိုသွားအာရုံစိုက်လဲသိပြီလား”လို့ရေးသားသွားသလိုတစ်ဦးကလည်း “ဒီအရှုပ်ထုပ်ကိုကွာရှင်းပစ်လိုက်ပါ။ဒါမှသူလည်းဒီရာသီကိုအပြောင်းအလဲဖြစ်အောင်လုပ်လာနိုင်လိမ့်မယ်”လို့ရေးသားခဲ့ပါတယ်။အခြားတစ်ဦးကလည်း “စပါးစ်အတွက်ကစားရတာဂုဏ်ယူတဲ့စိတ်လိုနေတယ်”လို့ဆိုသွားပါတယ်။

စပါးစ်ဟာယခုရာသီတွင်ဟယ်ရီကိန်းရုန်းကန်ရမှုနဲ့အတူပရီးမီးယားလိဂ်တွင်၉ဂိုးတည်းသာသွင်းထားနိုင်ပြီးယင်းမှ၄ဂိုးကိုဆန်ဟောင်မင်းကသွင်းယူထားတာဖြစ်ပါတယ်။ပရီးမီးယားလိဂ်တွင်စပါးစ်ထက်တိုက်စစ်အားနည်းတဲ့အသင်းအဖြစ်နော့ဝှစ်ချ်သာရှိပါတော့တယ်။

ဒါကြောင့်လည်းစပါးစ်အသင်းမှကစားသမားများဟာနွေရာသီတုန်းကဟယ်ရီကိန်းနေရာတွင်အသင့်အစားထိုးရန်အတွက်တိုက်စစ်မှူးတစ်ဦးမခေါ်ယူခဲ့တဲ့စပါးစ်အသင်းတာဝန်ရှိသူများရဲ့လုပ်ဆောင်မှုအပေါ်ဝေခွဲမရဖြစ်ခဲ့ကြပါတယ်။

ZawGyi

ဟယ္ရီကိန္း ေျခစြမ္းမျပႏိုင္မႈနဲ႔အတူ အြန္လိုင္းတြင္ ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားျခင္းခံလာရတဲ့ ဇနီးသည္ကိတ္

ဟယ္ရီကိန္းရဲ႕ဇနီးသည္ကိတ္ဟာယခုရာသီတြင္ခင္ပြန္းသည္မွာအေကာင္းဆုံးပုံစံမျပႏိုင္ရန္ဘဲ႐ုန္းကန္ရမႈနဲ႔အတူအြန္လိုင္းတြင္ပရိသတ္မ်ားရဲ႕ပစ္မွတ္ထားတိုက္ခိုက္ျခင္းခံလာရပါတယ္။ပရိသတ္တစ္ဦးကသူမကို ခင္ပြန္းသည္ကိုစြန႔္ပစ္ရန္ပါေျပာဆိုခဲ့ပါတယ္။

အသက္၂၈ႏွစ္ရွိအဂၤလန္ႏွင့္စပါးစ္အသင္းေခါင္းေဆာင္ဟာေႏြရာသီအေျပာင္းအေ႐ႊ႕တုန္းကအသင္းဥကၠဌလီဗိုင္းထံအသင္းေျပာင္းခြင့္ေတာင္းဆိုခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္စပါးစ္ကေတာင္းဆိုတဲ့ေပါင္သန္း၁၅၀ကိုမန္စီးတီးကေပးလာျခင္းမရွိမႈနဲ႔အတူဟယ္ရီကိန္းမွာစပါးစ္တြင္ပင္ဆက္ကစားခဲ့ရပါတယ္။

ဟယ္ရီကိန္းဟာယခုရာသီတြင္အေကာင္းဆုံးပုံစံျပသႏိုင္ရန္႐ုန္းကန္ေနရၿပီး ပရီးမီးယားလိဂ္ပြဲ၉ပြဲတြင္၁ဂိုးတည္းသာသြင္းယူထားႏိုင္ပါတယ္။

ဟယ္ရီကိန္းႏွင့္ဇနီးသည္ကိတ္တို႔ဟာတနဂၤေႏြေန႔တုန္းကလန္ဒန္တြင္က်င္းပတဲ့ Pride of Britain Awards သို႔တက္ေရာက္ခဲ့ပါတယ္။ပြဲသို႔တက္ေရာက္သို႔ဓာတ္ပုံကဇနီးသည္ကိတ္ကအင္စတာဂရမ္တြင္မွ်ေဝမႈျပဳလုပ္ခဲ့ပါတယ္။

ယင္းဓာတ္ပုံကိုတင္လာၿပီးေနာက္စပါးစ္ပရိသတ္မ်ားအပါအဝင္ လူ႔စိတ္ေပ်ာက္ဆုံးေနတဲ့ပရိသတ္မ်ားဟာတိုက္ခိုက္ေရးသားမႈျပဳလုပ္လာပါတယ္။

ပရိသတ္တစ္ဦးက “စပါးစ္အတြက္ေဘာလုံးပြဲေတြအႏိုင္ရဖို႔အာ႐ုံစိုက္ရမယ့္အစားခင္ဗ်ားေယာက်ၤားဘယ္ေနရာကိုသြားအာ႐ုံစိုက္လဲသိၿပီလား”လို႔ေရးသားသြားသလိုတစ္ဦးကလည္း “ဒီအရႈပ္ထုပ္ကိုကြာရွင္းပစ္လိုက္ပါ။ဒါမွသူလည္းဒီရာသီကိုအေျပာင္းအလဲျဖစ္ေအာင္လုပ္လာႏိုင္လိမ့္မယ္”လို႔ေရးသားခဲ့ပါတယ္။အျခားတစ္ဦးကလည္း “စပါးစ္အတြက္ကစားရတာဂုဏ္ယူတဲ့စိတ္လိုေနတယ္”လို႔ဆိုသြားပါတယ္။

စပါးစ္ဟာယခုရာသီတြင္ဟယ္ရီကိန္း႐ုန္းကန္ရမႈနဲ႔အတူပရီးမီးယားလိဂ္တြင္၉ဂိုးတည္းသာသြင္းထားႏိုင္ၿပီးယင္းမွ၄ဂိုးကိုဆန္ေဟာင္မင္းကသြင္းယူထားတာျဖစ္ပါတယ္။ပရီးမီးယားလိဂ္တြင္စပါးစ္ထက္တိုက္စစ္အားနည္းတဲ့အသင္းအျဖစ္ေနာ့ဝွစ္ခ်္သာရွိပါေတာ့တယ္။

ဒါေၾကာင့္လည္းစပါးစ္အသင္းမွကစားသမားမ်ားဟာေႏြရာသီတုန္းကဟယ္ရီကိန္းေနရာတြင္အသင့္အစားထိုးရန္အတြက္တိုက္စစ္မႉးတစ္ဦးမေခၚယူခဲ့တဲ့စပါးစ္အသင္းတာဝန္ရွိသူမ်ားရဲ႕လုပ္ေဆာင္မႈအေပၚေဝခြဲမရျဖစ္ခဲ့ၾကပါတယ္။