ဟယ်ရီကိန်း ထွက်ခွာမည်မဟုတ်ဘဲ အသင်းကို ပြန်တည်ဆောက်ရေးအားဦးဆောင်သွားမည်ဟု အတည်ပြု

စပါးစ်အပြောင်းအရွှေ့အကြီးအကဲဖေဘီယိုပါရာတီချီကဟယ်ရီကိန်းမှာစပါးစ်အသင်းကိုချစ်မြတ်နိုးသူဖြစ်ပြီးအသင်းရဲ့ပြန်လည်တည်ဆောက်ရေးအစီအစဉ်တွင်ပါဝင်နေကြောင်းပြောကြားလိုက်ပါတယ်။

အသက်၂၈နှစ်ရှိဟယ်ရီကိန်းဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကစပါးစ်မှထွက်ခွာရန်တောင်းဆိုခဲ့သူဖြစ်ပြီးမန်စီးတီးသို့ပေါင်သန်း၁၅၀ဖြင့်ပြောင်းရန်ကြိုးပမ်းခဲ့ပါတယ်။

ဒါပေမယ့်စပါးစ်ဥက္ကဌလီဗိုင်းကမန်စီးတီးဘက်ကဟယ်ရီကိန်းအတွက်ချဉ်းကပ်လာမှုအားလုံးကိုပယ်ချလိုက်မှုနဲ့အတူကိန်းမှာစပါးစ်တွင်ပင်ဆက်နေရပါတယ်။

ယခုအခါပါရာတီချီက “ဟယ်ရီကိန်းကစပါးစ်ကိုချစ်ပါတယ်။အသင်းကိုပြန်လည်တည် ဆောက်ရေးစတင်ဖို့အတွက်ဟယ်ရီကိန်းကိုဆက်ထိန်းဖို့ဆုံးဖြတ်ခဲ့တာပါ။ကျွန်တော်တို့ရဲ့ရွေးချယ်မှုအပေါ်ကျေနပ်ပါတယ်။ဟယ်ရီကိန်းနဲ့ပတ်သက်ပြီးဘာမှအသစ်ထပ်မံပြောစရာမရှိတော့ပါဘူး။သူဟာစပါးစ်နဲ့ပတ်သက်တဲ့အမြင်တွေကဘယ်လိုမျှဝေရမလဲသိပါတယ်”လို့ပြောကြားသွားပါတယ်။

နွေရာသီတုန်းကအသင်းပြောင်းရန်ကြိုးပမ်းမှုမအောင်မြင်ခဲ့တဲ့ဟယ်ရီကိန်းဟာနည်းပြနူနိုအက်စ်ပီရီတိုဆန်တိုရဲ့လက်အောက်မှာပရီးမီးယားလိဂ်တွင်တစ်ဂိုးမျှသွင်းယူနိုင်ခြင်းမရှိသေးပါဘူး။

ဒါ့အပြင်ပါရာတီချီကဖီအိုရင်တီးနားတိုက်စစ်မှူးဗလာဟိုဗစ်ကိုခေါ်ယူရန်စိတ်ဝင်စားခြင်းမရှိကြောင်းလည်းအတည်ပြုပြောကြားသွားပါတယ်။

၎င်းက”ဖီအိုရင်တီးနားရဲ့စာချုပ်လက်မှာဘဲရှိသေးတဲ့ဒူဆန်ဗလာဟိုဗစ်နဲ့ပတ်သက်ပြီးကျွန်တော်မပြောလိုပါဘူး။ဒါပေမယ့်ကျွန်တော်တို့မှာကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးဟယ်ရီကိန်းရှိပြီးသားပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟယ္ရီကိန္း ထြက္ခြာမည္မဟုတ္ဘဲ အသင္းကို ျပန္တည္ေဆာက္ေရးအားဦးေဆာင္သြားမည္ဟု အတည္ျပဳ

စပါးစ္အေျပာင္းအေ႐ႊ႕အႀကီးအကဲေဖဘီယိုပါရာတီခ်ီကဟယ္ရီကိန္းမွာစပါးစ္အသင္းကိုခ်စ္ျမတ္ႏိုးသူျဖစ္ၿပီးအသင္းရဲ႕ျပန္လည္တည္ေဆာက္ေရးအစီအစဥ္တြင္ပါဝင္ေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၂၈ႏွစ္ရွိဟယ္ရီကိန္းဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကစပါးစ္မွထြက္ခြာရန္ေတာင္းဆိုခဲ့သူျဖစ္ၿပီးမန္စီးတီးသို႔ေပါင္သန္း၁၅၀ျဖင့္ေျပာင္းရန္ႀကိဳးပမ္းခဲ့ပါတယ္။

ဒါေပမယ့္စပါးစ္ဥကၠဌလီဗိုင္းကမန္စီးတီးဘက္ကဟယ္ရီကိန္းအတြက္ခ်ဥ္းကပ္လာမႈအားလုံးကိုပယ္ခ်လိုက္မႈနဲ႔အတူကိန္းမွာစပါးစ္တြင္ပင္ဆက္ေနရပါတယ္။

ယခုအခါပါရာတီခ်ီက “ဟယ္ရီကိန္းကစပါးစ္ကိုခ်စ္ပါတယ္။အသင္းကိုျပန္လည္တည္ ေဆာက္ေရးစတင္ဖို႔အတြက္ဟယ္ရီကိန္းကိုဆက္ထိန္းဖို႔ဆုံးျဖတ္ခဲ့တာပါ။ကြၽန္ေတာ္တို႔ရဲ႕ေ႐ြးခ်ယ္မႈအေပၚေက်နပ္ပါတယ္။ဟယ္ရီကိန္းနဲ႔ပတ္သက္ၿပီးဘာမွအသစ္ထပ္မံေျပာစရာမရွိေတာ့ပါဘူး။သူဟာစပါးစ္နဲ႔ပတ္သက္တဲ့အျမင္ေတြကဘယ္လိုမွ်ေဝရမလဲသိပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေႏြရာသီတုန္းကအသင္းေျပာင္းရန္ႀကိဳးပမ္းမႈမေအာင္ျမင္ခဲ့တဲ့ဟယ္ရီကိန္းဟာနည္းျပႏူႏိုအက္စ္ပီရီတိုဆန္တိုရဲ႕လက္ေအာက္မွာပရီးမီးယားလိဂ္တြင္တစ္ဂိုးမွ်သြင္းယူႏိုင္ျခင္းမရွိေသးပါဘူး။

ဒါ့အျပင္ပါရာတီခ်ီကဖီအိုရင္တီးနားတိုက္စစ္မႉးဗလာဟိုဗစ္ကိုေခၚယူရန္စိတ္ဝင္စားျခင္းမရွိေၾကာင္းလည္းအတည္ျပဳေျပာၾကားသြားပါတယ္။

၎က”ဖီအိုရင္တီးနားရဲ႕စာခ်ဳပ္လက္မွာဘဲရွိေသးတဲ့ဒူဆန္ဗလာဟိုဗစ္နဲ႔ပတ္သက္ၿပီးကြၽန္ေတာ္မေျပာလိုပါဘူး။ဒါေပမယ့္ကြၽန္ေတာ္တို႔မွာကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးဟယ္ရီကိန္းရွိၿပီးသားပါ”လို႔ေျပာၾကားသြားပါတယ္။