ဟယ်ရီကိန်း မပါလေ စပါးစ်အသင်း ပိုကောင်းလာလေ

ဂျေမီအိုဟားရားကဟယ်ရီကိန်းပါဝင်တဲ့စပါးစ်အသင်းထက် ဟယ်ရီကိန်းမပါဝင်တဲ့စပါးစ်အသင်းကကစားပုံပိုမိုကောင်းမွန်ကြောင်းပြောကြားလိုက်ပါတယ်။

စပါးစ်ကစားသမားဟောင်းဟာတနင်္ဂနွေနေ့တုန်းကချဲလ်ဆီးကို၃-၀ဂိုးဖြင့်စပါးစ်အသင်းရှုံးနိမ့်ပြီးနောက်ယခုကဲ့သို့ သုံးသပ်မှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။

မြောက်လန်ဒန်ကလပ်ဟာယခုလအစောပိုင်းတုန်းကပရီးမီးယားလိဂ်အဖွင့်ပွဲသုံးပွဲတွင်သုံးပွဲလုံးအနိုင်ရရှိကာပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးတွင်ရပ်တည်နိုင်ခဲ့တဲ့အသင်းဖြစ်ပါတယ်။

အိုဟာရားက “ဟယ်ရီကိန်းကမစ္စတာတော့တင်ဟမ်ဆိုတော့ကျွန်တော့်အတွက်ပြောရခက်ပါတယ်။ဒါပေမယ့်ကျွန်တော့်အမြင်ပြောရရင်သူ့ခန္ဓာကိုယ်အပြုအမူ၊ကစားပုံကိုကြည့်လိုက်ရင် သူကစားတာအရမ်းမကောင်းပါဘူး။သူမကစားတုန်းကစပါးစ်အသင်းကစားတာပိုကြည့်ကောင်းပါတယ်။သူကထိပ်တန်းကစားသမားတစ်ဦးဖြစ်တာကြောင့် အပြုသဘောမဆောင်ဘူးလို့ထင်စရာပါ။သူကအသင်းကလိုအပ်နေတဲ့ကစားသမားတစ်ဦးပါ။ဒါပေမယ့်အခုသူပြန်လည်းကစားရောကျွန်တော်တို့အနိုင်မရတော့ပါဘူး”လို့ပြောကြားသွားပါတယ်။

ဟယ်ရီကိန်းဟာယနေ့ညတွင်ဝုဗ်နှင့်ရင်ဆိုင်ကစားရမယ့်ခါရာဘောင်ဖလားပွဲစဉ်တွင်အနားပေးထားနိုင်ပါတယ်။ဟယ်ရီကိန်းဟာချဲလ်ဆီးနှင့်ပွဲတွင်အသင်းကိုအကောင်းဆုံးဦးဆောင်နိုင်ခြင်းမရှိမှုအတွက်ဝေဖန်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

ZawGyi





