ဟယ်ရီကိန်း အနားယူရမှုက စပါးစ်ရဲ့ပရီးမီးယားလိဂ်မျှော်လင့်ချက်ကို အဆုံးသတ်လာစေနိုင်

ဟယ်ရီကိန်းဟာခြေကျင်းဝတ်ဒဏ်ရာကြောင့်လေးပတ်ကနေခြောက်ပတ်အထိအနားယူရတော့မှာဖြစ်ပါတယ်။ မှတ်တမ်းမှတ်ရာများအရစပါးစ်အသင်းဟာအသင်းခေါင်းဆောင်နှင့်တိုက်စစ်မှူးဟယ်ရီကိန်းမပါဝင်ချိန်မှာအကြီး အကျယ်ရုန်းကန်ရလေ့ရှိတာကြောင့်ဒီသတင်းကစပါးစ်အတွက်အကြီးမားဆုံးထိုးနှက်ချက်ကြီးတစ်ခုဖြစ်လို့နေပါတယ်။

အသက်၂၇နှစ်ရှိအင်္ဂလန်အသင်းခေါင်းဆောင်ဟာယခုရာသီမှာစပါးစ်ရဲ့ပရီးမီးယားလိဂ်ပွဲတိုင်းကိုပွဲထွက်ကစားခဲ့ပြီး ၁၂ဂိုးသွင်းကာ၁၁ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

စပါးစ်အသင်းရဲ့တိုက်စစ်မှာဆန်ဟောင်မင်း၊ဂါရတ်ဘေးလ်၊ကားလို့စ်ဗီနီစီးယပ်စ်တို့ရှိနေပေမယ့်လည်းသမိုင်းကြောင်းအရဟယ်ရီကိန်းမရှိတဲ့စပါးစ်ဟာအဆိပ်မရှိတဲ့ရေမြေလိုဖြစ်နေကြောင်းတွေ့ရပါတယ်။

ကိန်းဟာ၂၀၁၄-၁၅ရာသီမှစတင်ကာစပါးစ်အတွက်ပရီးမီးယားလိဂ်ပွဲ၂၁၅ပွဲကစားခဲ့ရာမှာအနိုင်ရာခိုင်နှုန်း၅၆.၃ ရာခိုင်နှုန်းအထိရရှိခဲ့ပါတယ်။ဒါပေမယ့်သူမပါဝင်တဲ့ပရီးမီးယားလိဂ်ပွဲ၃၂ပွဲမှာတော့အနိုင်ရာခိုင်နှုန်း၄၃.၈ရာခိုင်နှုန်းသို့အထိကျဆင်းသွားပါတယ်။

ဒါပေမယ့်စပါးစ်ဟာဟယ်ရီကိန်းမပါဝင်ချိန်မှာဂိုးသွင်းနိုင်ဖို့လည်းရုန်းကန်ရပါတယ်။

ကိန်းပါဝင်ချိန်မှာစပါးစ်ဟာတစ်ပွဲပျမ်းမျှရမှတ်၁.၉နှုန်းရရှိပေမယ့်လည်း မပါဝင်ချိန်မှာတော့ရမှတ် ၁.၆မှတ်နှုန်းတည်းသာရရှိကြောင်းတွေ့ရပါတယ်။ဒါ့အပြင်ဟယ်ရီကိန်းပါဝင်ချိန်မှာစပါးစ်ဟာတစ်ပွဲပျမျှဂိုးပေါက် ကန်ချက်၁၄.၉ကြိမ်အထိရှိခဲ့ပေမယ့်မပါဝင်ချိန်မှာ၁၄.၃ကြိမ်တည်းသာရှိပါတယ်။

ဒါကိုကြည့်ရင်ဟယ်ရီကိန်းမပါဝင်မှုကစပါးစ်အတွက်အဘက်ဘက်ကနိမ့်ပါးဖို့ ဖြစ်နေတယ်လို့ယူဆလို့ရပါတယ်။ စပါးစ်ဟာလာမယ့်ခြောက်ပတ်အတွင်းမှာပွဲ၁၁ပွဲအထိကစားရမှာဖြစ်ပြီးမတ်လ၁၃ရက်နေ့မှာအမ်းမရိတ်ကွင်းမှာ အာဆင်နယ်နှင့်မြောက်လန်ဒန်ဒါဘီပွဲလည်းကစားဖို့ရှိပါသေးတယ်။

ZawGyi

ဟယ္ရီကိန္း အနားယူရမႈက စပါးစ္ရဲ႕ပရီးမီးယားလိဂ္ေမွ်ာ္လင့္ခ်က္ကို အဆုံးသတ္လာေစႏိုင္

ဟယ္ရီကိန္းဟာေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ေလးပတ္ကေနေျခာက္ပတ္အထိအနားယူရေတာ့မွာျဖစ္ပါတယ္။ မွတ္တမ္းမွတ္ရာမ်ားအရစပါးစ္အသင္းဟာအသင္းေခါင္းေဆာင္ႏွင့္တိုက္စစ္မႉးဟယ္ရီကိန္းမပါဝင္ခ်ိန္မွာအႀကီး အက်ယ္႐ုန္းကန္ရေလ့ရွိတာေၾကာင့္ဒီသတင္းကစပါးစ္အတြက္အႀကီးမားဆုံးထိုးႏွက္ခ်က္ႀကီးတစ္ခုျဖစ္လို႔ေနပါတယ္။

အသက္၂၇ႏွစ္ရွိအဂၤလန္အသင္းေခါင္းေဆာင္ဟာယခုရာသီမွာစပါးစ္ရဲ႕ပရီးမီးယားလိဂ္ပြဲတိုင္းကိုပြဲထြက္ကစားခဲ့ၿပီး ၁၂ဂိုးသြင္းကာ၁၁ႀကိမ္ဖန္တီးမႈျပဳလုပ္ထားပါတယ္။

စပါးစ္အသင္းရဲ႕တိုက္စစ္မွာဆန္ေဟာင္မင္း၊ဂါရတ္ေဘးလ္၊ကားလို႔စ္ဗီနီစီးယပ္စ္တို႔ရွိေနေပမယ့္လည္းသမိုင္းေၾကာင္းအရဟယ္ရီကိန္းမရွိတဲ့စပါးစ္ဟာအဆိပ္မရွိတဲ့ေရေျမလိုျဖစ္ေနေၾကာင္းေတြ႕ရပါတယ္။

ကိန္းဟာ၂၀၁၄-၁၅ရာသီမွစတင္ကာစပါးစ္အတြက္ပရီးမီးယားလိဂ္ပြဲ၂၁၅ပြဲကစားခဲ့ရာမွာအႏိုင္ရာခိုင္ႏႈန္း၅၆.၃ ရာခိုင္ႏႈန္းအထိရရွိခဲ့ပါတယ္။ဒါေပမယ့္သူမပါဝင္တဲ့ပရီးမီးယားလိဂ္ပြဲ၃၂ပြဲမွာေတာ့အႏိုင္ရာခိုင္ႏႈန္း၄၃.၈ရာခိုင္ႏႈန္းသို႔အထိက်ဆင္းသြားပါတယ္။

ဒါေပမယ့္စပါးစ္ဟာဟယ္ရီကိန္းမပါဝင္ခ်ိန္မွာဂိုးသြင္းႏိုင္ဖို႔လည္း႐ုန္းကန္ရပါတယ္။

ကိန္းပါဝင္ခ်ိန္မွာစပါးစ္ဟာတစ္ပြဲပ်မ္းမွ်ရမွတ္၁.၉ႏႈန္းရရွိေပမယ့္လည္း မပါဝင္ခ်ိန္မွာေတာ့ရမွတ္ ၁.၆မွတ္ႏႈန္းတည္းသာရရွိေၾကာင္းေတြ႕ရပါတယ္။ဒါ့အျပင္ဟယ္ရီကိန္းပါဝင္ခ်ိန္မွာစပါးစ္ဟာတစ္ပြဲပ်မွ်ဂိုးေပါက္ ကန္ခ်က္၁၄.၉ႀကိမ္အထိရွိခဲ့ေပမယ့္မပါဝင္ခ်ိန္မွာ၁၄.၃ႀကိမ္တည္းသာရွိပါတယ္။

ဒါကိုၾကည့္ရင္ဟယ္ရီကိန္းမပါဝင္မႈကစပါးစ္အတြက္အဘက္ဘက္ကနိမ့္ပါးဖို႔ ျဖစ္ေနတယ္လို႔ယူဆလို႔ရပါတယ္။ စပါးစ္ဟာလာမယ့္ေျခာက္ပတ္အတြင္းမွာပြဲ၁၁ပြဲအထိကစားရမွာျဖစ္ၿပီးမတ္လ၁၃ရက္ေန႔မွာအမ္းမရိတ္ကြင္းမွာ အာဆင္နယ္ႏွင့္ေျမာက္လန္ဒန္ဒါဘီပြဲလည္းကစားဖို႔ရွိပါေသးတယ္။