ဂယ်ရီနဗီးလ်ကို ပါလေရာငပိချက်လို့ ဒေးဗစ်ဘက်ဟမ်း ပြောကြားခဲ့ဖူး

အင်္ဂလန်နည်းပြဟောင်းဆဗင်ဂိုရန်အဲရစ်ဆင်ကမန်ယူဂန္ထဝင်နောက်ခံလူဂယ်ရီနဗီးလ်မှာသူ့လုပ်ဆောင်မှုများနှင့်ပတ်သက်ပြီးအလွန့်အလွန်ပရော်ဖက်ရှင်နယ်ကျသူအဖြစ်ပြောကြားခဲ့သော်လည်း၎င်းမှာပရော်ဖက်ရှင်နယ်ညည်းတွားသူတစ်ဦးဖြစ်ကြောင်းလည်းပြောကြားလိုက်ပါတယ်။

ဂယ်ရီနဗီးလ်ဟာမန်ယူတွင်အောင်မြင်တဲ့ကစားသမားဘဝကိုပိုင်ဆိုင်ခဲ့သူတစ်ဦးဖြစ်ပြီးပရီးမီးယားလိဂ်ဖလား၈ကြိမ်၊ချန်ပီယံလိဂ်ဖလား၂ကြိမ်၊အက်ဖ်အေဖလား၂ကြိမ်နှင့်လိဂ်ဖလား၃ကြိမ်ဆွတ်ခူးနိုင်ခဲ့ပါတယ်။

အသက်၄၆နှစ်ရှိမန်ယူအသင်းခေါင်းဆောင်ဟောင်းဟာအင်္ဂလန်အသင်းအတွက်၈၅ပွဲကစားခဲ့ကာအဲရစ်ဆင်လက်အောက်တွင်လည်းကစားခဲ့သူဖြစ်ပါတယ်။သူဟာအင်္ဂလန်နှင့်အတူယူရိုပြိုင်ပွဲသုံးကြိမ်နှင့်ကမ္ဘာ့ဖလားနှစ်ကြိမ်ကစားခဲ့ပါတယ်။

သူဟာ၂၀၁၁ခုနှစ်တွင်ကစားသမားဘဝမှအနားယူပြီးနောက်နည်းပြလုပ်ခဲ့သော်လည်းမအောင်မြင်မှုနဲ့အတူလက်ရှိအချိန်တွင် Sky Sport တွင် ဘောလုံးဝေဖန်သုံးသပ်သူအဖြစ် အလုပ်လုပ်နေပါတယ်။

ယနေ့မှာအဲရစ်ဆင်ကမန်ယူဂန္ထဝင်ဒေးဗစ်ဘက်ဟမ်းဟာဂယ်ရီနဗီးလ်ရဲ့သူ့အမြင်ကိုဖွင့်ဟပြောဆိုနေတတ်မှုနဲ့ပတ်သက်ပြီးအပြင်းအထန်သတိပေးခဲ့ဖူးကြောင်းဖွင့်ဟလာပါတယ်။

အဲရစ်ဆင်က “ဂယ်ရီနဗီးလ်ကအရာရာတိုင်းနဲ့ပတ်သက်ပြီးပရော်ဖက်ရှင်နယ်ညည်းတွားသူတစ်ဦးဖြစ်ပါတယ်။ပထမဆုံးလေ့ကျင့်ခန်းအစီအစဉ်တွေထဲကတစ်ခုတုန်းကဒေးဗစ်ဘက်ဟမ်းကကျွန်တော့်ကိုပြောပြဖူးပါတယ်။ သူက ‘ဘော့စ်၊သူပြောတာတွေကိုနားမထောင်နဲ့၊သူကမွေးကတည်းကအဲဒီအကျင့်ရှိတယ်၊ဒီအကျင့်နဲ့ပဲသေသွားလိမ့်မယ်၊ဘယ်တော့မှပြောင်းမှာမဟုတ်ဘူး၊ဒါပေမယ့်သူကလူကောင်းတစ်ဦးပါ၊သူပြောတာတွေနဲ့ပတ်သက်ပြီးတော့သူ့စိတ်ထဲသိပ်ထားတာမဟုတ်ပါဘူး’လို့ပြောပြပါတယ်။ဂယ်ရီနဗီးလ်ကသူလုပ်တာတွေနဲ့ပတ်သက်ပြီးအရမ်းအရမ်းကိုပရော်ဖက်ရှင်နယ်ပီသတဲ့သူပါ။သူ့မှာသူ့အမြင်ကိုပြောခွင့်ရှိတယ်လို့ထင်တယ်။အပြုသဘောမဆောင်ဘူးဆိုရင်တောင်ပြောတယ်။ဒါပေမယ့်သူ့ကိုကစားဖော်အားလုံးကလေးစားကြတယ်။သူ့အကျင့်ကိုလည်းလူတိုင်းကသိတယ်။သူပြောတာကိုလည်းဘယ်သူမှနားမထောင်ပါဘူး”လို့ပြောကြားခဲ့ပါတယ်။

ဂယ်ရီနဗီးလ်ဟာကစားသမားဘဝမှအနားယူပြီးနောက် Sky Sport တွင်တာဝန်ထမ်းဆောင်ခဲ့ပေမယ့်၂၀၁၅ခုနှစ်မှာဗလင်စီယာကိုကိုင်တွယ်ရန်ထွက်ခွာခဲ့ပါတယ်။သူဟာဗလင်စီယာကိုလေးလသာကိုင်တွယ်ခဲ့ရပြီးထုတ်ပယ်ခံခဲ့ရပါတယ်။

ယင်းနောက်ပိုင်းတွင်သူဟာ Sky Sport တွင်ပြန်လည်ထမ်းဆောင်ခဲ့ပြီး မန်ယူ၊လီဗာပူးတို့နဲ့ပတ်သက်ပြီးပြင်းထန်သောစကားလုံး၊အမြင်ကတ်ဖွယ်စကားလုံးများအသုံးပြုမှုက ဝေဖန်ပြောကြားမှုနဲ့အတူ လူစိတ်ဝင်စားခြင်းခံရတဲ့ ဘောလုံးဝေဖန်သမားအဖြစ် လူစိတ်ဝင်စားခြင်းခံနေရပါတယ်။

ZawGyi

ဂယ္ရီနဗီးလ္ကို ပါေလရာငပိခ်က္လို႔ ေဒးဗစ္ဘက္ဟမ္း ေျပာၾကားခဲ့ဖူး

အဂၤလန္နည္းျပေဟာင္းဆဗင္ဂိုရန္အဲရစ္ဆင္ကမန္ယူဂႏၴဝင္ေနာက္ခံလူဂယ္ရီနဗီးလ္မွာသူ႔လုပ္ေဆာင္မႈမ်ားႏွင့္ပတ္သက္ၿပီးအလြန႔္အလြန္ပေရာ္ဖက္ရွင္နယ္က်သူအျဖစ္ေျပာၾကားခဲ့ေသာ္လည္း၎မွာပေရာ္ဖက္ရွင္နယ္ညည္းတြားသူတစ္ဦးျဖစ္ေၾကာင္းလည္းေျပာၾကားလိုက္ပါတယ္။

ဂယ္ရီနဗီးလ္ဟာမန္ယူတြင္ေအာင္ျမင္တဲ့ကစားသမားဘဝကိုပိုင္ဆိုင္ခဲ့သူတစ္ဦးျဖစ္ၿပီးပရီးမီးယားလိဂ္ဖလား၈ႀကိမ္၊ခ်န္ပီယံလိဂ္ဖလား၂ႀကိမ္၊အက္ဖ္ေအဖလား၂ႀကိမ္ႏွင့္လိဂ္ဖလား၃ႀကိမ္ဆြတ္ခူးႏိုင္ခဲ့ပါတယ္။

အသက္၄၆ႏွစ္ရွိမန္ယူအသင္းေခါင္းေဆာင္ေဟာင္းဟာအဂၤလန္အသင္းအတြက္၈၅ပြဲကစားခဲ့ကာအဲရစ္ဆင္လက္ေအာက္တြင္လည္းကစားခဲ့သူျဖစ္ပါတယ္။သူဟာအဂၤလန္ႏွင့္အတူယူ႐ိုၿပိဳင္ပြဲသုံးႀကိမ္ႏွင့္ကမာၻ႔ဖလားႏွစ္ႀကိမ္ကစားခဲ့ပါတယ္။

သူဟာ၂၀၁၁ခုႏွစ္တြင္ကစားသမားဘဝမွအနားယူၿပီးေနာက္နည္းျပလုပ္ခဲ့ေသာ္လည္းမေအာင္ျမင္မႈနဲ႔အတူလက္ရွိအခ်ိန္တြင္ Sky Sport တြင္ ေဘာလုံးေဝဖန္သုံးသပ္သူအျဖစ္ အလုပ္လုပ္ေနပါတယ္။

ယေန႔မွာအဲရစ္ဆင္ကမန္ယူဂႏၴဝင္ေဒးဗစ္ဘက္ဟမ္းဟာဂယ္ရီနဗီးလ္ရဲ႕သူ႔အျမင္ကိုဖြင့္ဟေျပာဆိုေနတတ္မႈနဲ႔ပတ္သက္ၿပီးအျပင္းအထန္သတိေပးခဲ့ဖူးေၾကာင္းဖြင့္ဟလာပါတယ္။

အဲရစ္ဆင္က “ဂယ္ရီနဗီးလ္ကအရာရာတိုင္းနဲ႔ပတ္သက္ၿပီးပေရာ္ဖက္ရွင္နယ္ညည္းတြားသူတစ္ဦးျဖစ္ပါတယ္။ပထမဆုံးေလ့က်င့္ခန္းအစီအစဥ္ေတြထဲကတစ္ခုတုန္းကေဒးဗစ္ဘက္ဟမ္းကကြၽန္ေတာ့္ကိုေျပာျပဖူးပါတယ္။ သူက ‘ေဘာ့စ္၊သူေျပာတာေတြကိုနားမေထာင္နဲ႔၊သူကေမြးကတည္းကအဲဒီအက်င့္ရွိတယ္၊ဒီအက်င့္နဲ႔ပဲေသသြားလိမ့္မယ္၊ဘယ္ေတာ့မွေျပာင္းမွာမဟုတ္ဘူး၊ဒါေပမယ့္သူကလူေကာင္းတစ္ဦးပါ၊သူေျပာတာေတြနဲ႔ပတ္သက္ၿပီးေတာ့သူ႔စိတ္ထဲသိပ္ထားတာမဟုတ္ပါဘူး’လို႔ေျပာျပပါတယ္။ဂယ္ရီနဗီးလ္ကသူလုပ္တာေတြနဲ႔ပတ္သက္ၿပီးအရမ္းအရမ္းကိုပေရာ္ဖက္ရွင္နယ္ပီသတဲ့သူပါ။သူ႔မွာသူ႔အျမင္ကိုေျပာခြင့္ရွိတယ္လို႔ထင္တယ္။အျပဳသေဘာမေဆာင္ဘူးဆိုရင္ေတာင္ေျပာတယ္။ဒါေပမယ့္သူ႔ကိုကစားေဖာ္အားလုံးကေလးစားၾကတယ္။သူ႔အက်င့္ကိုလည္းလူတိုင္းကသိတယ္။သူေျပာတာကိုလည္းဘယ္သူမွနားမေထာင္ပါဘူး”လို႔ေျပာၾကားခဲ့ပါတယ္။

ဂယ္ရီနဗီးလ္ဟာကစားသမားဘဝမွအနားယူၿပီးေနာက္ Sky Sport တြင္တာဝန္ထမ္းေဆာင္ခဲ့ေပမယ့္၂၀၁၅ခုႏွစ္မွာဗလင္စီယာကိုကိုင္တြယ္ရန္ထြက္ခြာခဲ့ပါတယ္။သူဟာဗလင္စီယာကိုေလးလသာကိုင္တြယ္ခဲ့ရၿပီးထုတ္ပယ္ခံခဲ့ရပါတယ္။

ယင္းေနာက္ပိုင္းတြင္သူဟာ Sky Sport တြင္ျပန္လည္ထမ္းေဆာင္ခဲ့ၿပီး မန္ယူ၊လီဗာပူးတို႔နဲ႔ပတ္သက္ၿပီးျပင္းထန္ေသာစကားလုံး၊အျမင္ကတ္ဖြယ္စကားလုံးမ်ားအသုံးျပဳမႈက ေဝဖန္ေျပာၾကားမႈနဲ႔အတူ လူစိတ္ဝင္စားျခင္းခံရတဲ့ ေဘာလုံးေဝဖန္သမားအျဖစ္ လူစိတ္ဝင္စားျခင္းခံေနရပါတယ္။