ဟယ်ရီမက်ဂွိုင်းယားနှင့် ဘရူနိုဖာနန်ဒက်စ်တို့ ခါရာဘောင်ဖလားကို အတူကိုင်မြှောက်မှုအပေါ် ပရိသတ်များ တလေသံတည်းထွက်ပေါ်လာ

ဟယ်ရီမက်ဂွိုင်းယားဟာမနေ့ညတုန်းကဝင်ဘာလေကွင်းမှာဘရူနိုဖာနန်ဒက်စ်နှင့်အတူခါရာဘောင်ဖလားကိုအတူကိုင်မြှောက်ခဲ့ပါတယ်။

ယူနိုက်တက်အသင်းခေါင်းဆောင်ဟာမနေ့ညတုန်းကနယူးကာဆယ်ကို၂-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲစဉ်ရဲ့ပွဲပြီးခါနီးတွင်အရန်အဖြစ်ဝင်ရောက်ဝင်ရောက်ကစားခဲ့ရပါတယ်။

သူဟာယခုရာသီတွင်ပုံမှန်ပွဲထွက်ကစားခွင့်ရရှိရန်ရုန်းကန်နေရပေမဲ့လည်း၂၀၁၇ခုနှစ်နောက်ပိုင်းပထမဆုံးဆုဖလားကိုင်မြှောက်နိုင်တဲ့ယူနိုက်တက်အသင်းခေါင်းဆောင်ဖြစ်လာပါတယ်။

ဘောလုံးပရိသတ်များတွင်အနိုင်သေချာချိန်တွင်ဆုဖလားကိုင်မြှောက်နိုင်စေရန်အတွက်ဟယ်ရီမက်ဂွိုင်းယားကိုလူစားလဲ ဝင်ကစားစေခဲ့တဲ့အဲရစ်တန်ဟက်အားချီးကျူးနေကြပါတယ်။

ပရိသတ်တစ်ဦးက “အသင်းခေါင်းဆောင်အဖြစ်ဆုဖလားကိုင်မြှောက်နိုင်ဖို့မက်ဂွိုင်းယားကိ၈မိနစ်ကစားစေခဲ့တဲ့အဲရစ်တန်ဟက်ကိုလေးစားမိတယ်။တကယ့်ကိုလေးစားစရာကောင်းလှတယ်”လို့ဆိုသွားပါတယ်။

မနေ့ညကပွဲတွင်ယူနိုက်တက်ဟာနယူးကာဆယ်ကိုကက်စ်မီရို၊မားကပ်စ်ရက်ဖို့ဒ်တို့ရဲ့ဂိုးတို့ဖြင့်၂-၀ဖြင့်အနိုင်ရရှိကာအဲရစ်တန်ဟက်လက်အောက်ပထမဆုံးဆုဖလားရရှိခဲ့တာဖြစ်ပါတယ်။

အဲရစ်တန်ဟက်ဟာခါရာဘောင်ဖလားကိုဆွတ်ခူးနိုင်တဲ့ပထမဆုံးဒတ်ခ်လူမျိုးနည်းပြဖြစ်လာပါတယ်။

ZawGyi







