ဟယ်ရီမက်ဂွိုင်းယားရဲ့စိတ်ပျက်စရာ ဒဏ်ရာအခြေအနေကို သရဲနီအသိပေးလာ

မန်ယူအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားဟာယခုလအစောပိုင်းတုန်းကဗီလာနှင့်ပွဲစဉ်မှာခြေကျင်းဝတ်အရွတ်ဒဏ်ရာရရှိခဲ့ပြီးမန်ယူရဲ့နောက်ဆုံးသုံးပွဲဆက်လွဲချော်ခဲ့ပါတယ်။

သူဟာဒဏ်ရာကြောင့်အနားယူနေရစဉ်အတွင်းအိုးထရက်ဖို့ဒ်မှာကစားတဲ့မန်ယူကိုလာရောက်ကြည့်ခဲ့သလို ကြာသပတေးနေ့ကပြုလုပ်တဲ့ ဆာအဲလက်စ်ဖာဂူဆန်ရဲ့မှတ်တမ်းရုပ်ရှင် အထူးပြသပွဲသို့လည်းတက်ရောက်နိုင်ခဲ့ပါတယ်။

ဒါပေမယ့်ယနေ့မှာတော့မန်ယူနည်းပြဆိုးလ်ရှားကမေလ၂၉ရက်နေ့မှာဗီလာရီးရဲလ်နှင့်ကစားရမယ့်ယူရိုပါလိဂ်ဗိုလ်လုပွဲကိုလွဲချော်တော့မှာဖြစ်ကြောင်းအတည်ပြုလာပြီဖြစ်ပါတယ်။ဒါတင်မကသေးပါဘူး။မန်ယူအသင်းခေါင်းဆောင်ဟာနွေရာသီမှာကျင်းပမယ့်ယူရို၂၀၂၀ပြိုင်ပွဲကိုလည်းပါဝင်နိုင်ဖို့မရေမရာဖြစ်နေပြီဖြစ်ပါတယ်။

ဆိုးလ်ရှားက “သူလမ်းလျှောက်နိုင်ပါပြီ။ဒါပေမယ့်လမ်းလျှော်နိုင်တဲ့အဆင့်ကနေပြေးလွှားနိုင်တဲ့အဆင့်သို့ရောက်ဖို့အချိန်အကြာကြီးယူရပါတယ်။ Gdansk (ယူရိုပါလိဂ်ဗိုလ်လုပွဲကစားမယ့်ကွင်း)မှာသူရှိနေမယ်လို့မထင်ပါဘူး။သူ့ကိုအင်္ဂါနေ့ညအထိအချိန်ပေးသွားပါမယ်။သူပါဝင်နိုင်မလားနောက်ဆုံးလေ့ကျင့်ခန်းအစီအစဉ်အထိကြည့်မယ်။သူ့အခြေအနေတိုးတက်တယ်ဆိုမေပယ့်အရွတ်ဒဏ်ရာတွေကပြန်ကောင်းလာဖို့အချိန်ယူရတတ်ပါတယ်။သူကအဝတ်အစားလဲခန်းအတွင်းမှာအရေးပါတဲ့သူဖြစ်သလိုခေါင်းဆောင်လည်းဖြစ်ပါတယ်။သူဟာအဝတ်အစားလဲခန်းသို့လာပြီးဗိုလ်လုပွဲအတွက်ကျွန်တော်တို့အားလုံးအဆင်သင့်ဖြစ်နေ အောင်လုပ်ပေးသွားမှာပါ”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟယ္ရီမက္ဂြိဳင္းယားရဲ႕စိတ္ပ်က္စရာ ဒဏ္ရာအေျခအေနကို သရဲနီအသိေပးလာ

မန္ယူအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားဟာယခုလအေစာပိုင္းတုန္းကဗီလာႏွင့္ပြဲစဥ္မွာေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာရရွိခဲ့ၿပီးမန္ယူရဲ႕ေနာက္ဆုံးသုံးပြဲဆက္လြဲေခ်ာ္ခဲ့ပါတယ္။

သူဟာဒဏ္ရာေၾကာင့္အနားယူေနရစဥ္အတြင္းအိုးထရက္ဖို႔ဒ္မွာကစားတဲ့မန္ယူကိုလာေရာက္ၾကည့္ခဲ့သလို ၾကာသပေတးေန႔ကျပဳလုပ္တဲ့ ဆာအဲလက္စ္ဖာဂူဆန္ရဲ႕မွတ္တမ္း႐ုပ္ရွင္ အထူးျပသပြဲသို႔လည္းတက္ေရာက္ႏိုင္ခဲ့ပါတယ္။

ဒါေပမယ့္ယေန႔မွာေတာ့မန္ယူနည္းျပဆိုးလ္ရွားကေမလ၂၉ရက္ေန႔မွာဗီလာရီးရဲလ္ႏွင့္ကစားရမယ့္ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကိုလြဲေခ်ာ္ေတာ့မွာျဖစ္ေၾကာင္းအတည္ျပဳလာၿပီျဖစ္ပါတယ္။ဒါတင္မကေသးပါဘူး။မန္ယူအသင္းေခါင္းေဆာင္ဟာေႏြရာသီမွာက်င္းပမယ့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲကိုလည္းပါဝင္ႏိုင္ဖို႔မေရမရာျဖစ္ေနၿပီျဖစ္ပါတယ္။

ဆိုးလ္ရွားက “သူလမ္းေလွ်ာက္ႏိုင္ပါၿပီ။ဒါေပမယ့္လမ္းေလွ်ာ္ႏိုင္တဲ့အဆင့္ကေနေျပးလႊားႏိုင္တဲ့အဆင့္သို႔ေရာက္ဖို႔အခ်ိန္အၾကာႀကီးယူရပါတယ္။ Gdansk (ယူ႐ိုပါလိဂ္ဗိုလ္လုပြဲကစားမယ့္ကြင္း)မွာသူရွိေနမယ္လို႔မထင္ပါဘူး။သူ႔ကိုအဂၤါေန႔ညအထိအခ်ိန္ေပးသြားပါမယ္။သူပါဝင္ႏိုင္မလားေနာက္ဆုံးေလ့က်င့္ခန္းအစီအစဥ္အထိၾကည့္မယ္။သူ႔အေျခအေနတိုးတက္တယ္ဆိုေမပယ့္အ႐ြတ္ဒဏ္ရာေတြကျပန္ေကာင္းလာဖို႔အခ်ိန္ယူရတတ္ပါတယ္။သူကအဝတ္အစားလဲခန္းအတြင္းမွာအေရးပါတဲ့သူျဖစ္သလိုေခါင္းေဆာင္လည္းျဖစ္ပါတယ္။သူဟာအဝတ္အစားလဲခန္းသို႔လာၿပီးဗိုလ္လုပြဲအတြက္ကြၽန္ေတာ္တို႔အားလုံးအဆင္သင့္ျဖစ္ေန ေအာင္လုပ္ေပးသြားမွာပါ”လို႔ေျပာၾကားသြားပါတယ္။