ဟယ်ရီမက်ဂွိုင်းယားရဲ့ဆေးဘက်ဆိုင်ရာအချက်အလက်များကို မန်ယူအသင်းလျို့ဝှက်ထား

ဂရေမီဆောက်ဂိတ်ကမန်ယူအသင်းဘက်ကအသင်းခေါင်းဆောင်ဟယ်ရီမက်ဂွိုင်းယားရဲ့ဆေးဘက်ဆိုင်ရာအချက်အလက်များကိုလျို့ဝှက်ထားမှုကြောင့်ယူရို၂၀၂၀ပြိုင်ပွဲအမီကြံ့ခိုင်လာမလားဆိုတာအတိအကျမပြောနိုင်ကြောင်းဝန်ခံပြောကြားသွားပါတယ်။

မက်ဂွိုင်းယားဟာခြေကျင်းဝတ်အရွတ်ဒဏ်ရာကြောင့်အနားယူနေရသော်လည်းအင်္ဂလန်ရဲ့ယူရို၂၀၂၀ပြိုင်ပွဲအတွက်ပမာဏ၃၃ဦးစာရင်းတွင်ပါဝင်ပါတယ်။

ဒါပေမယ့်မန်ယူဟာယနေ့မှာယူရိုပါလိဂ်ဗိုလ်လုပွဲအဖြစ်ဗီလာရီးရဲလ်နှင့်ကစားရမှာဖြစ်ပြီးအသင်းခေါင်းဆောင်မက်ဂွိုင်းယားရဲ့ဒဏ်ရာနှင့်ပတ်သက်ပြီးတစ်စုံတစ်ရာပြောကြားခြင်းမရှိပါဘူး။

ဆောက်ဂိတ်က “အခုအချိန်မှာတော့မက်ဂွိုင်းယားဟာဒီညပွဲ(ယူရိုပါလိဂ်ဗိုလ်လုပွဲ)မှာကစားနိုင်မလား၊နှစ်လလည်းနားရနိုင်သလားကျွန်တော်မသိပါဘူး။ကျွန်တော်တို့ကတော့အကောင်းဘက်ဘဲတွေးပါတယ်။ဒါပေမယ့်တချို့အရာတွေမှာအဖုအထစ်လးတွေရှိပါတယ်။စစ်ဆေးမှုတွေပြုလုပ်ဖို့လိုပါတယ်။ဥရောပဗိုလ်လုပွဲတစ်ခုသို့တက်ရောက်ထားချိန်မှာအသင်းရဲ့သတင်းကိုတတ်နိုင်သမျှတော့လျို့ဝှက်ထားတတ်ကြတာကျွန်တော်နားလည်ပါတယ်။ဒီတော့ကျွန်တော်တို့အတွက်ပိုပြီးတော့ခက်ခဲသွားစေပါတယ်။ကျွန်တော်မှာမန်ယူနဲ့ဘာပြဿနာမှမရှိပါဘူး။ဒါနဲ့ပတ်သက်ပြီးတော့လည်းအပြည့်အဝနားလည်ပါတယ်”လို့ပြောကြားသွားပါတယ်။

ဆောက်ဂိတ်ဟာမက်ဂွိုင်းယားအပြင်ဖေဖော်ဝါရီလကတည်းကပေါင်ခြံဒဏ်ရာကြောင့်အနားယူလာခဲ့ရတဲ့လီဗာပူးအသင်းခေါင်းဆောင်ဂျော်ဒန်ဟင်ဒါဆင်ကိုလည်းရွေးချယ်ခဲ့ပါတယ်။

ZawGyi

ဟယ္ရီမက္ဂြိဳင္းယားရဲ႕ေဆးဘက္ဆိုင္ရာအခ်က္အလက္မ်ားကို မန္ယူအသင္းလ်ိဳ႕ဝွက္ထား

ဂေရမီေဆာက္ဂိတ္ကမန္ယူအသင္းဘက္ကအသင္းေခါင္းေဆာင္ဟယ္ရီမက္ဂြိဳင္းယားရဲ႕ေဆးဘက္ဆိုင္ရာအခ်က္အလက္မ်ားကိုလ်ိဳ႕ဝွက္ထားမႈေၾကာင့္ယူ႐ို၂၀၂၀ၿပိဳင္ပြဲအမီႀကံ့ခိုင္လာမလားဆိုတာအတိအက်မေျပာႏိုင္ေၾကာင္းဝန္ခံေျပာၾကားသြားပါတယ္။

မက္ဂြိဳင္းယားဟာေျခက်င္းဝတ္အ႐ြတ္ဒဏ္ရာေၾကာင့္အနားယူေနရေသာ္လည္းအဂၤလန္ရဲ႕ယူ႐ို၂၀၂၀ၿပိဳင္ပြဲအတြက္ပမာဏ၃၃ဦးစာရင္းတြင္ပါဝင္ပါတယ္။

ဒါေပမယ့္မန္ယူဟာယေန႔မွာယူ႐ိုပါလိဂ္ဗိုလ္လုပြဲအျဖစ္ဗီလာရီးရဲလ္ႏွင့္ကစားရမွာျဖစ္ၿပီးအသင္းေခါင္းေဆာင္မက္ဂြိဳင္းယားရဲ႕ဒဏ္ရာႏွင့္ပတ္သက္ၿပီးတစ္စုံတစ္ရာေျပာၾကားျခင္းမရွိပါဘူး။

ေဆာက္ဂိတ္က “အခုအခ်ိန္မွာေတာ့မက္ဂြိဳင္းယားဟာဒီညပြဲ(ယူ႐ိုပါလိဂ္ဗိုလ္လုပြဲ)မွာကစားႏိုင္မလား၊ႏွစ္လလည္းနားရႏိုင္သလားကြၽန္ေတာ္မသိပါဘူး။ကြၽန္ေတာ္တို႔ကေတာ့အေကာင္းဘက္ဘဲေတြးပါတယ္။ဒါေပမယ့္တခ်ိဳ႕အရာေတြမွာအဖုအထစ္လးေတြရွိပါတယ္။စစ္ေဆးမႈေတြျပဳလုပ္ဖို႔လိုပါတယ္။ဥေရာပဗိုလ္လုပြဲတစ္ခုသို႔တက္ေရာက္ထားခ်ိန္မွာအသင္းရဲ႕သတင္းကိုတတ္ႏိုင္သမွ်ေတာ့လ်ိဳ႕ဝွက္ထားတတ္ၾကတာကြၽန္ေတာ္နားလည္ပါတယ္။ဒီေတာ့ကြၽန္ေတာ္တို႔အတြက္ပိုၿပီးေတာ့ခက္ခဲသြားေစပါတယ္။ကြၽန္ေတာ္မွာမန္ယူနဲ႔ဘာျပႆနာမွမရွိပါဘူး။ဒါနဲ႔ပတ္သက္ၿပီးေတာ့လည္းအျပည့္အဝနားလည္ပါတယ္”လို႔ေျပာၾကားသြားပါတယ္။

ေဆာက္ဂိတ္ဟာမက္ဂြိဳင္းယားအျပင္ေဖေဖာ္ဝါရီလကတည္းကေပါင္ၿခံဒဏ္ရာေၾကာင့္အနားယူလာခဲ့ရတဲ့လီဗာပူးအသင္းေခါင္းေဆာင္ေဂ်ာ္ဒန္ဟင္ဒါဆင္ကိုလည္းေ႐ြးခ်ယ္ခဲ့ပါတယ္။