ဟာကီမီကို ယူရိုသန်း ၇၀ ဖြင့် ပီအက်စ်ဂျီ ခေါ်ယူ

ပီအက်စ်ဂျီဟာအင်တာမီလန်ညာနောက်ခံလူဟာကီမီကိုခေါ်ယူရေးအပြီးသတ်လုပ်ဆောင်လိုက်ပြီဖြစ်ပါတယ်။

ပီအက်စ်ဂျီဟာမော်ရိိုကိုလက်ရွေးစင်ကစားသမားအတွက်ပြောင်းရွှေ့ကြေးယူရိုသန်း၆၀ ပေးခဲ့ရပြီးအောင်မြင်မှုနှင့်ခြေစွမ်းအပေါ်မူတည်ကာယူရို၁၀သန်းထပ်မံပေးရပါဦးမယ်။

ဟာကီမီဟာပြီးခဲ့တဲ့နှစ်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကရီးရဲလ်မက်ဒရစ်မှပြောင်းလာပြီးနောက်အင်တာမီလန်အားစကူဒက်တိုဖလားဆွတ်ခူးနိုင်အောင်ကူညီခဲ့သူလည်းဖြစ်ပါတယ်။

ဟာကီမီက “ကစားဖော်သစ်တွေ၊ပရိသတ်တွေနဲ့ Parc des Princes ကွင်းအတွင်းမှာအားပေးမှုနဲ့အရောင်တို့အတွေ့အကြုံကိုခံစားဖို့မစောင့်ချင်တော့ပါဘူး။နည်းပြအဖွဲ့ဝင်တွေ၊ကစားဖော်တွေနဲ့အတူကြီးမားတဲ့ရည်မှန်းချက်နဲ့လျှောက်လှမ်းပါမယ်”လို့ပြောကြားသွားပါတယ်။

အသက်၂၂နှစ်ရှိဟာကီမီဟာအင်တာမီလန်အတွက်ကစားတဲ့တစ်ရာသီတည်းတွင်ပြိုင်ပွဲအရပ်ရပ်မှာ၃၈ပွဲကစားခဲ့ပါတယ်။သူဟာပီအက်စ်ဂျီမှာကျောနံပါတ်၂ကိုဝတ်ဆင်ကစားသွားပါမယ်။

ZawGyi

ဟာကီမီကို ယူ႐ိုသန္း ၇၀ ျဖင့္ ပီအက္စ္ဂ်ီ ေခၚယူ

ပီအက္စ္ဂ်ီဟာအင္တာမီလန္ညာေနာက္ခံလူဟာကီမီကိုေခၚယူေရးအၿပီးသတ္လုပ္ေဆာင္လိုက္ၿပီျဖစ္ပါတယ္။

ပီအက္စ္ဂ်ီဟာေမာ္ရိိုကိုလက္ေ႐ြးစင္ကစားသမားအတြက္ေျပာင္းေ႐ႊ႕ေၾကးယူ႐ိုသန္း၆၀ ေပးခဲ့ရၿပီးေအာင္ျမင္မႈႏွင့္ေျခစြမ္းအေပၚမူတည္ကာယူ႐ို၁၀သန္းထပ္မံေပးရပါဦးမယ္။

ဟာကီမီဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကရီးရဲလ္မက္ဒရစ္မွေျပာင္းလာၿပီးေနာက္အင္တာမီလန္အားစကူဒက္တိုဖလားဆြတ္ခူးႏိုင္ေအာင္ကူညီခဲ့သူလည္းျဖစ္ပါတယ္။

ဟာကီမီက “ကစားေဖာ္သစ္ေတြ၊ပရိသတ္ေတြနဲ႔ Parc des Princes ကြင္းအတြင္းမွာအားေပးမႈနဲ႔အေရာင္တို႔အေတြ႕အႀကဳံကိုခံစားဖို႔မေစာင့္ခ်င္ေတာ့ပါဘူး။နည္းျပအဖြဲ႕ဝင္ေတြ၊ကစားေဖာ္ေတြနဲ႔အတူႀကီးမားတဲ့ရည္မွန္းခ်က္နဲ႔ေလွ်ာက္လွမ္းပါမယ္”လို႔ေျပာၾကားသြားပါတယ္။

အသက္၂၂ႏွစ္ရွိဟာကီမီဟာအင္တာမီလန္အတြက္ကစားတဲ့တစ္ရာသီတည္းတြင္ၿပိဳင္ပြဲအရပ္ရပ္မွာ၃၈ပြဲကစားခဲ့ပါတယ္။သူဟာပီအက္စ္ဂ်ီမွာေက်ာနံပါတ္၂ကိုဝတ္ဆင္ကစားသြားပါမယ္။