ဟာဇက်ရဲ့လာလီဂါနှစ်ရာသီကျော်ဂိုးမှတ်တမ်း ၈ပွဲတည်းကစားပြီး လိုက်မီခဲ့တဲ့ ဘာစီလိုနာရဲ့ဒီပေး

မမ်ဖစ်ဒီပေးဟာလာလီဂါပွဲ၈ပွဲတည်းသာကစားပြီးအေဒင်ဟာဇက်ရဲ့လာလီဂါတွင်၂ရာသီကျော်ကြာကစားစဉ်အတွင်းသွင်းယူနိုင်ခဲ့တဲ့ဂိုးမှတ်တမ်းကိုလိုက်မီခဲ့ပါတယ်။

ဒီပေးဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ကမှဘာစီလိုနာသို့အလွတ်ပြောင်းရွှေ့ကြေးဖြင့်ရောက်လာခဲ့သူဖြစ်ပါတယ်။သူဟာဘာစီလိုနာအတွက်လာလီဂါပွဲ၈ပွဲကစားထားရာမှာ၄ဂိုးသွင်းယူထားနိုင်ပြီဖြစ်ပါတယ်။

အေဒင်ဟာဇက်ဟာ၂၀၁၉ခုနှစ်နွေရာသီတွင်ချဲလ်ဆီးသို့ရောက်လာပြီးနောက်လာလီဂါပွဲ၂၉ပွဲကစားထားရာမှာ၄ဂိုးတည်းသာသွင်းထားနိုင်ပါတယ်။သူဟာယခုရာသီမှာရီးရဲလ်မက်ဒရစ်အတွက်၇ပွဲကစားထားရာမှာတစ်ဂိုးမျှသွင်းယူထားနိုင်ခြင်းမရှိပါဘူး။

ပြိုင်ပွဲအရပ်ရပ်မှတ်တမ်းကိုကြည့်မယ်ဆိုရင်ဒီပေးဟာ၁၀ပွဲကစားထားရာမှာ၄ဂိုးသွင်းထားနိုင်ပြီးဟာဇက်က၅၁ပွဲမှာ၅ဂိုးသွင်းထားပါတယ်။

ဒီပေးဟာသူတို့ရဲ့စတုတ္ထမြောက်လာလီဂါဂိုးကိုမနေ့ညတုန်းကဗလင်စီယာအား၃-၁ဂိုးဖြင့်အနိုင်ရတဲ့ပွဲမှာပင်နယ်တီကနေသွင်းခဲ့တာဖြစ်ပါတယ်။ဘာစီလိုနာကျန်ဂိုးများကိုအန်ဆူးဖာတီနှင့်ကော်တင်ဟိုတို့ကသွင်းယူခဲ့ပါတယ်။

ကော်တင်ဟိုဟာ၁၁လအတွင်းတွင်ဘာစီလိုနာအတွက်ပထမဆုံးဂိုးကိုသွင်းယူနိုင်ခဲ့တာလည်းဖြစ်ပါတယ်။ယင်းပွဲမှာဆာဂျီယိုအဂွဲရိုးဟာလည်းလူစားဝင်ရောက်ကစားကာဘာစီလိုနာအတွက်ပထမဆုံးပွဲကိုကစားခဲ့ပါတယ်။

ZawGyi

ဟာဇက္ရဲ႕လာလီဂါႏွစ္ရာသီေက်ာ္ဂိုးမွတ္တမ္း ၈ပြဲတည္းကစားၿပီး လိုက္မီခဲ့တဲ့ ဘာစီလိုနာရဲ႕ဒီေပး

မမ္ဖစ္ဒီေပးဟာလာလီဂါပြဲ၈ပြဲတည္းသာကစားၿပီးေအဒင္ဟာဇက္ရဲ႕လာလီဂါတြင္၂ရာသီေက်ာ္ၾကာကစားစဥ္အတြင္းသြင္းယူႏိုင္ခဲ့တဲ့ဂိုးမွတ္တမ္းကိုလိုက္မီခဲ့ပါတယ္။

ဒီေပးဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ကမွဘာစီလိုနာသို႔အလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေရာက္လာခဲ့သူျဖစ္ပါတယ္။သူဟာဘာစီလိုနာအတြက္လာလီဂါပြဲ၈ပြဲကစားထားရာမွာ၄ဂိုးသြင္းယူထားႏိုင္ၿပီျဖစ္ပါတယ္။

ေအဒင္ဟာဇက္ဟာ၂၀၁၉ခုႏွစ္ေႏြရာသီတြင္ခ်ဲလ္ဆီးသို႔ေရာက္လာၿပီးေနာက္လာလီဂါပြဲ၂၉ပြဲကစားထားရာမွာ၄ဂိုးတည္းသာသြင္းထားႏိုင္ပါတယ္။သူဟာယခုရာသီမွာရီးရဲလ္မက္ဒရစ္အတြက္၇ပြဲကစားထားရာမွာတစ္ဂိုးမွ်သြင္းယူထားႏိုင္ျခင္းမရွိပါဘူး။

ၿပိဳင္ပြဲအရပ္ရပ္မွတ္တမ္းကိုၾကည့္မယ္ဆိုရင္ဒီေပးဟာ၁၀ပြဲကစားထားရာမွာ၄ဂိုးသြင္းထားႏိုင္ၿပီးဟာဇက္က၅၁ပြဲမွာ၅ဂိုးသြင္းထားပါတယ္။

ဒီေပးဟာသူတို႔ရဲ႕စတုတၳေျမာက္လာလီဂါဂိုးကိုမေန႔ညတုန္းကဗလင္စီယာအား၃-၁ဂိုးျဖင့္အႏိုင္ရတဲ့ပြဲမွာပင္နယ္တီကေနသြင္းခဲ့တာျဖစ္ပါတယ္။ဘာစီလိုနာက်န္ဂိုးမ်ားကိုအန္ဆူးဖာတီႏွင့္ေကာ္တင္ဟိုတို႔ကသြင္းယူခဲ့ပါတယ္။

ေကာ္တင္ဟိုဟာ၁၁လအတြင္းတြင္ဘာစီလိုနာအတြက္ပထမဆုံးဂိုးကိုသြင္းယူႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။ယင္းပြဲမွာဆာဂ်ီယိုအဂြဲ႐ိုးဟာလည္းလူစားဝင္ေရာက္ကစားကာဘာစီလိုနာအတြက္ပထမဆုံးပြဲကိုကစားခဲ့ပါတယ္။