ဟာဇက်သာ ထွက်ခွာလိုပါက တားဆီးနေမည်မဟုတ်ဟု အန်ဆယ်လော့တီ ပြောကြားလာ

ရီးရဲလ်မက်ဒရစ်နည်းပြကာလိုအန်ဆယ်လော့တီကအေဒင်ဟာဇက်သာကလပ်တွင်ဆက်မကစားလိုတော့ဘဲထွက်ခွာလိုနေပါကတားဆီးနေမည်မဟုတ်ကြောင်းပြောကြားလိုက်ပါတယ်။

အသက်၃၀နှစ်ရှိဘယ်လ်ဂျီယံအသင်းခေါင်းဆောင်ဟာ၂၀၁၉ခုနှစ်တွင်ပေါင်၈၉သန်းဖြင့်ချဲလ်ဆီးမှရောက်လာပြီးနောက်ဒဏ်ရာပြဿနာများနှင့်ကြုံရကာအကောင်းဆုံးပုံစံပျောက်နေခဲ့ပါတယ်။

အစောပိုင်းတုန်းကအန်ဆယ်လော့တီကဟာဇက်ထက်အခြားကစားသမားကိုပိုမိုနှစ်သက်တာကြောင့်အရန်ခုံတွင်ထိုင်ခိုင်းထားခြင်းဖြစ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။ယခုတစ်ဖန်အန်ဆယ်လော့တီကဟာဇက်သာမနေလိုတော့ပါကတားဆီးနေမှာမဟုတ်ကြောင်းပြောကြားလာပါတယ်။

အန်ဆယ်လော့တီက “ကျွန်တော့်နည်းပြဘဝမှာထွက်ခွာချင်နေတဲ့ကစားသမားတစ်ဦးမတားဆီးခဲ့ဖူးပါဘူး”လို့ပြောကြားသွားပါတယ်။

အေဒင်ဟာဇက်ဟာယခုရာသီတွင်ရီးရဲလ်မက်ဒရစ်အတွက်လာလီဂါပွဲ၄ပွဲတည်းသာပွဲထွက်ကစားခွင့်ရထားပြီးဗီနီစီးယပ်စ်နှင့်ရိုဒရီဂိုတို့နောက် ဒုတိယဦးစားပေးအဖြစ်သာကစားနေရပါတယ်။

ZawGyi

ဟာဇက္သာ ထြက္ခြာလိုပါက တားဆီးေနမည္မဟုတ္ဟု အန္ဆယ္ေလာ့တီ ေျပာၾကားလာ

ရီးရဲလ္မက္ဒရစ္နည္းျပကာလိုအန္ဆယ္ေလာ့တီကေအဒင္ဟာဇက္သာကလပ္တြင္ဆက္မကစားလိုေတာ့ဘဲထြက္ခြာလိုေနပါကတားဆီးေနမည္မဟုတ္ေၾကာင္းေျပာၾကားလိုက္ပါတယ္။

အသက္၃၀ႏွစ္ရွိဘယ္လ္ဂ်ီယံအသင္းေခါင္းေဆာင္ဟာ၂၀၁၉ခုႏွစ္တြင္ေပါင္၈၉သန္းျဖင့္ခ်ဲလ္ဆီးမွေရာက္လာၿပီးေနာက္ဒဏ္ရာျပႆနာမ်ားႏွင့္ႀကဳံရကာအေကာင္းဆုံးပုံစံေပ်ာက္ေနခဲ့ပါတယ္။

အေစာပိုင္းတုန္းကအန္ဆယ္ေလာ့တီကဟာဇက္ထက္အျခားကစားသမားကိုပိုမိုႏွစ္သက္တာေၾကာင့္အရန္ခုံတြင္ထိုင္ခိုင္းထားျခင္းျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။ယခုတစ္ဖန္အန္ဆယ္ေလာ့တီကဟာဇက္သာမေနလိုေတာ့ပါကတားဆီးေနမွာမဟုတ္ေၾကာင္းေျပာၾကားလာပါတယ္။

အန္ဆယ္ေလာ့တီက “ကြၽန္ေတာ့္နည္းျပဘဝမွာထြက္ခြာခ်င္ေနတဲ့ကစားသမားတစ္ဦးမတားဆီးခဲ့ဖူးပါဘူး”လို႔ေျပာၾကားသြားပါတယ္။

ေအဒင္ဟာဇက္ဟာယခုရာသီတြင္ရီးရဲလ္မက္ဒရစ္အတြက္လာလီဂါပြဲ၄ပြဲတည္းသာပြဲထြက္ကစားခြင့္ရထားၿပီးဗီနီစီးယပ္စ္ႏွင့္႐ိုဒရီဂိုတို႔ေနာက္ ဒုတိယဦးစားေပးအျဖစ္သာကစားေနရပါတယ္။