ဟာဇက်အားကိုးမရမှုကြောင့် မရာ့ဇ်က နွေရာသီအဓိကပစ်မှတ်အဖြစ်သတ်မှတ်လာတဲ့ ရီးရဲလ်မက်ဒရစ်

ရီးရဲလ်မက်ဒရစ်ဟာလာမယ့်နွေရာသီအပြောင်းအရွှေ့ဈေးကွက်တွင်မန်စီးတီးတောင်ပံတိုက်စစ်သမားရီယက်မရာ့ဇ်ကိုခေါ်ယူရေးကြိုးပမ်းလာမည်ဖြစ်ကြောင်းသတင်းထွက်နေပါတယ်။

အယ်လ်ဂျီးရီးယားတောင်ပံတိုက်စစ်သမားဟာယခုရာသီတွင်လည်းမန်စီးတီးတွင်ခြေစွမ်းပြကစားနေသူဖြစ်ပြီး၈ဂိုးသွင်းယူကာ၅ကြိမ်ဖန်တီးထားပါတယ်။

ရီးရဲလ်မက်ဒရစ်နည်းပြဇီဒန်းဟာ၂၀၁၈ခုနှစ်တုန်းကခရစ္စတီယာနိုရော်နယ်ဒိုထွက်ခွာသွားပြီးနောက်၎င်းနေရာတွင် အစားထိုးရန်ဟာဇက်ကိုခေါ်ယူခဲ့သော်လည်းဒဏ်ရာပြဿနာများနှင့်ရင်ဆိုင်နေရပါတယ်။ဒါ့အပြင်ဗီနီစီယပ်စ်၊အဆန်စီယို၊ရိုဒရီဂိုတို့မှာလည်းဆက်တိုက်ခြေစွမ်းပြနိုင်ရန်ရုန်းကန်နေကြပါတယ်။

မရာ့ဇ်ဟာလက်စတာမှပြောင်းလာပြီးနောက်ဂွါဒီယိုလာရဲ့အားကိုးရတဲ့ကစားသမားတစ်ဖြစ်လာသူလည်းဖြစ်ပါတယ်။သူဟာမန်စီးတီးနှင့်၂နှစ်စာချုပ်သက်တမ်းကျန်ရှိရာရီးရဲလ်မက်ဒရစ်အနေဖြင့်သူ့ကိုအလွယ်တကူခေါ်ယူနိုင်မှာ တော့မဟုတ်ပါဘူး။

ZawGyi




