ဟာဇက်အား ခေါ်ယူရန် ချဲလ်ဆီးနှင့်အပြိုင် နယူးကာဆယ်ကြိုးပမ်းလာ

အေဒင်ဟာဇက်ဟာရီးရဲလ်မက်ဒရစ်မှထွက်ခွာဖို့တဖြည်းဖြည်းနီးစပ်လာခဲ့ပြီဖြစ်ပါတယ်။ဘယ်လ်ဂျီယံစူပါစတားဟာလာမယ့်နှစ်နွေရာသီမှာအသင်းဟောင်းချဲလ်ဆီးရှိရာသို့ပြန်မယ်လို့အားလုံးရဲ့ယူဆခြင်းခံထားရပါတယ်။

ဒါပေမယ့်နယူးကာဆယ်ကိုဆော်ဒီရင်းနှီးမြှပ်နှံရေးကုမ္ပဏီ Public Investment Fund ကဝယ်ယူလိုက်မှုနဲ့အတူ ဟာဇက်ကိုခေါ်ယူရေးလန်ဒန်ကလပ်နဲ့အပြိုင်ကြိုးပမ်းလာဖို့ရှိနေပါတယ်။

ဟာဇက်ဟာ၂၀၁၉ခုနှစ်မှာရီးရဲလ်မက်ဒရစ်သို့ပေါင်သန်း၁၀၀နဲ့ပြောင်းပြီးနောက်မှာဒဏ်ရာပြဿနာများနှင့်ရုန်းကန်လာခဲ့ရသူဖြစ်ပါတယ်။

အသက်၃၀နှစ်ရှိကစားသမားဟာဇီဒန်းထွက်ခွာသွားချိန်အန်ဆယ်လော့တီလက်ထက်မှာဗီနီစီးယပ်စ်အကောင်းဆုံးပုံစံရရှိလာမှုနဲ့အတူပွဲထွက်ကစားခွင့်ရရန်ရုန်းကန်လာရပါတယ်။

ယခုလအစောပိုင်းတုန်းကချဲလ်ဆီးပိုင်ှရှင်အေဘရာမိုဗစ်ချ်ဟာဟာဇက်ကိုအနောက်လန်ဒန်သို့ပြန်ခေါ်ရေးအစွမ်းကုန်လုပ်ဆောင်ရန်အသင်းတာဝန်ရှိသူများကိုညွှန်ကြားထားကြောင်းသတင်းထွက်ခဲ့ပါတယ်။

ဒါပေမယ့်ယခုအခါပရီးမီးယားလိဂ်ရဲ့အချမ်းသာဆုံးကလပ်နယူးကာဆယ်ကလည်းဟာဇက်ကိုခေါ်ယူရေးချဲလ်ဆီးထက်လက်ဦးမှုရအောင်လုပ်ဆောင်လာတော့မှာဖြစ်ပါတယ်။

EPSN ကချဲလ်ဆီးဟာလာမယ့်ဇန်နဝါရီအပြောင်းအရွှေ့ဈေးကွက်မှာဟာဇက်ကိုခေါ်ယူရေးကမ်းလှမ်းလာမယ်လို့သိရပါတယ်။ရီးရဲလ်မက်ဒရစ်ဟာဟာဇက်ကိုယူရိုသန်း၄၀ဝန်းကျင်မျှရရှိလျှင်ရောင်းချသွားဖို့ရှိပါတယ်။

ZawGyi

ဟာဇက္အား ေခၚယူရန္ ခ်ဲလ္ဆီးႏွင့္အၿပိဳင္ နယူးကာဆယ္ႀကိဳးပမ္းလာ

ေအဒင္ဟာဇက္ဟာရီးရဲလ္မက္ဒရစ္မွထြက္ခြာဖို႔တျဖည္းျဖည္းနီးစပ္လာခဲ့ၿပီျဖစ္ပါတယ္။ဘယ္လ္ဂ်ီယံစူပါစတားဟာလာမယ့္ႏွစ္ေႏြရာသီမွာအသင္းေဟာင္းခ်ဲလ္ဆီးရွိရာသို႔ျပန္မယ္လို႔အားလုံးရဲ႕ယူဆျခင္းခံထားရပါတယ္။

ဒါေပမယ့္နယူးကာဆယ္ကိုေဆာ္ဒီရင္းႏွီးျမႇပ္ႏွံေရးကုမၸဏီ Public Investment Fund ကဝယ္ယူလိုက္မႈနဲ႔အတူ ဟာဇက္ကိုေခၚယူေရးလန္ဒန္ကလပ္နဲ႔အၿပိဳင္ႀကိဳးပမ္းလာဖို႔ရွိေနပါတယ္။

ဟာဇက္ဟာ၂၀၁၉ခုႏွစ္မွာရီးရဲလ္မက္ဒရစ္သို႔ေပါင္သန္း၁၀၀နဲ႔ေျပာင္းၿပီးေနာက္မွာဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္လာခဲ့ရသူျဖစ္ပါတယ္။

အသက္၃၀ႏွစ္ရွိကစားသမားဟာဇီဒန္းထြက္ခြာသြားခ်ိန္အန္ဆယ္ေလာ့တီလက္ထက္မွာဗီနီစီးယပ္စ္အေကာင္းဆုံးပုံစံရရွိလာမႈနဲ႔အတူပြဲထြက္ကစားခြင့္ရရန္႐ုန္းကန္လာရပါတယ္။

ယခုလအေစာပိုင္းတုန္းကခ်ဲလ္ဆီးပိုင္ွရွင္ေအဘရာမိုဗစ္ခ်္ဟာဟာဇက္ကိုအေနာက္လန္ဒန္သို႔ျပန္ေခၚေရးအစြမ္းကုန္လုပ္ေဆာင္ရန္အသင္းတာဝန္ရွိသူမ်ားကိုၫႊန္ၾကားထားေၾကာင္းသတင္းထြက္ခဲ့ပါတယ္။

ဒါေပမယ့္ယခုအခါပရီးမီးယားလိဂ္ရဲ႕အခ်မ္းသာဆုံးကလပ္နယူးကာဆယ္ကလည္းဟာဇက္ကိုေခၚယူေရးခ်ဲလ္ဆီးထက္လက္ဦးမႈရေအာင္လုပ္ေဆာင္လာေတာ့မွာျဖစ္ပါတယ္။

EPSN ကခ်ဲလ္ဆီးဟာလာမယ့္ဇန္နဝါရီအေျပာင္းအေ႐ႊ႕ေဈးကြက္မွာဟာဇက္ကိုေခၚယူေရးကမ္းလွမ္းလာမယ္လို႔သိရပါတယ္။ရီးရဲလ္မက္ဒရစ္ဟာဟာဇက္ကိုယူ႐ိုသန္း၄၀ဝန္းက်င္မွ်ရရွိလွ်င္ေရာင္းခ်သြားဖို႔ရွိပါတယ္။