ဟာနန်ဒက်ဇ်ရဲ့စည်းကမ်းသစ်ကြောင့် တီဗွီအစီအစဉ်တွင် ပါဝင်ရန် စီစဉ်ထားမှုကို ဖျက်သိမ်းလိုက်ရတဲ့ ပီကေး

ကစားဖော်ဟောင်းဇာဗီးဟာနန်ဒက်ဇ်ကိုဘာစီလိုနာနည်းပြသစ်အဖြစ်ခန့်အပ်လိုက်ပြီးနောက်ဂါရတ်ပီကေးဟာရုပ်သံအင်တာဗျူးတစ်ခုပြုလုပ်ရန်လက်ခံထားမှုကိုဖျက်သိမ်းလိုက်ကြောင်းသိရပါတယ်။

ဘာစီလိုနာဂန္ထဝင်ကစားသမားဇာဗီးဟာတနင်္လာနေ့တုန်းကဘာစီလိုနာနည်းပြသစ်အဖြစ်မိတ်ဆက်ခဲ့ပါတယ်။

ဇာဗီးဟာဘာစီလိုနာနည်းပြသစ်အဖြစ်ခန့်အပ်ခြင်းခံရပြီးနောက်ကလပ်တစ်ခုလုံးကိုအပြောင်းအလဲပြုလုပ်လာပြီးကစားသမားများနှင့်နည်းပြအဖွဲ့ဝင်များမဖြစ်မနေလိုက်နာရမယ့်စည်းကမ်း၁၀ခုကိုလည်းချမှတ်ခဲ့ပါတယ်။

SPORT ရဲ့ဖော်ပြချက်အရပီကေးဟာ El Hormiguero နှင့်အင်တာဗျူးရန်စီစဉ်ထားခဲ့သော်လည်းယခုအခါဇာဗီးရောက်လာမှုနဲ့အတူရွှေ့ဆိုင်းလိုက်ကြောင်းသိရပါတယ်။

ဇာဗီးကချမှတ်လိုက်တဲ့စည်းမျဉ်းထဲတွင်နိုင်ငံတကာပွဲကြောင့်အားလပ်ရက်ရတဲ့ကာလအတွင်းတွင်ကစားသမားများအားမလိုအပ်ဘဲခရီးဝေးသွားခြင်းမပြုလုပ်ရန်လည်းပါဝင်နေပါတယ်။

အသက်၃၄နှစ်ရှိပီကေးဟာပုံမှန်ခရီးဝေးသွားကာပွဲများသွားကြည့်လေ့ရှိသူဖြစ်ပြီးနည်းပြဇာဗီးလက်အောက်တွင်မူယင်းကိုခွင့်ပြုခြင်းမရှိတော့ပါဘူး။

ဒါ့အပြင်ဇာဗီးဟာကစားသမားများရဲ့ဆိုရှယ်မီဒီယာအသုံးပြုမှုများကိုလည်း ထိန်းသိမ်းလာတဲ့အပြင်လေ့ကျင့်ခန်းအစီအစဉ်သို့ရောက်ချိန်အတွင်းတွင်မည်သူမှဆိုရှယ်မီဒီယာမသုံးရန်ပိတ်ပင်မှုပြုလုပ်ထားပါတယ်။

ဇာဗီးချမှတ်လိုက်တဲ့စည်းမျဉ်း၁၀ခုမှာ(၁)ကစားသမားများ လေ့ကျင့်ခန်းအစီအစဉ်မစတင်မီမိနစ်၉၀အလိုတွင်အရောက်လာရန်(၂)နည်းပြအဖွဲ့ဝင်များလေ့ကျင့်ခန်းအစီအစဉ်မစတင်မီ၂နာရီအလိုတွင်အရောက်လာရန်(၃)ကလပ်ရဲ့လေ့ကျင့်ရေးကွင်းတွင်ပင်ကစားသမားများစားသောက်ရမဉ်(၄)ပြန်သွားသူများဒဏ်ရိုက်ခံရမည်(၅)ထပ်မံကျူးလွန်ပါကဒဏ်ငွေ၂ဆပေးဆောင်ရမည်(၆)ပွဲတစ်ပွဲမတိုင်မီ၂ရက်အလိုတွင်ကစားသမားများ ညည့်နက်ချိန်တွင်နေအိမ်တွင်ပင်ရှိရမည်(၇)ကစားသမားများအားလုံး လေ့ကျင့်ခန်းအစီအစဉ်တွင်အပြည့်အဝပေးဆပ်ကစားရမည်(၈)ကစား သမားများရဲ့ကွင်းပြင်ပနေထိုင်မှုကိုစောင့်ကြည့်သွားမည်(၉)အန္တရာယ်ရှိတဲ့လုပ်ဆောင်မှုများကို (ရေလွှာလျောစီးခြင်း၊ဆိုင်ကယ်စီးခြင်း)ခွင့်ပြုမည်မဟုတ်(၁၀)ကလပ်ရဲ့ဂုဏ်သိက္ခာကိုထိန်းသိမ်းတဲ့အနေဖြင့်အမူအကျင့်ကောင်းများဖြင့်စံပြတစ်ဦးပမာဏနေထိုင်ရမည် တို့ဖြစ်ပါတယ်။

ZawGyi

ဟာနန္ဒက္ဇ္ရဲ႕စည္းကမ္းသစ္ေၾကာင့္ တီဗြီအစီအစဥ္တြင္ ပါဝင္ရန္ စီစဥ္ထားမႈကို ဖ်က္သိမ္းလိုက္ရတဲ့ ပီေကး

ကစားေဖာ္ေဟာင္းဇာဗီးဟာနန္ဒက္ဇ္ကိုဘာစီလိုနာနည္းျပသစ္အျဖစ္ခန႔္အပ္လိုက္ၿပီးေနာက္ဂါရတ္ပီေကးဟာ႐ုပ္သံအင္တာဗ်ဴးတစ္ခုျပဳလုပ္ရန္လက္ခံထားမႈကိုဖ်က္သိမ္းလိုက္ေၾကာင္းသိရပါတယ္။

ဘာစီလိုနာဂႏၴဝင္ကစားသမားဇာဗီးဟာတနလၤာေန႔တုန္းကဘာစီလိုနာနည္းျပသစ္အျဖစ္မိတ္ဆက္ခဲ့ပါတယ္။

ဇာဗီးဟာဘာစီလိုနာနည္းျပသစ္အျဖစ္ခန႔္အပ္ျခင္းခံရၿပီးေနာက္ကလပ္တစ္ခုလုံးကိုအေျပာင္းအလဲျပဳလုပ္လာၿပီးကစားသမားမ်ားႏွင့္နည္းျပအဖြဲ႕ဝင္မ်ားမျဖစ္မေနလိုက္နာရမယ့္စည္းကမ္း၁၀ခုကိုလည္းခ်မွတ္ခဲ့ပါတယ္။

SPORT ရဲ႕ေဖာ္ျပခ်က္အရပီေကးဟာ El Hormiguero ႏွင့္အင္တာဗ်ဴးရန္စီစဥ္ထားခဲ့ေသာ္လည္းယခုအခါဇာဗီးေရာက္လာမႈနဲ႔အတူေ႐ႊ႕ဆိုင္းလိုက္ေၾကာင္းသိရပါတယ္။

ဇာဗီးကခ်မွတ္လိုက္တဲ့စည္းမ်ဥ္းထဲတြင္ႏိုင္ငံတကာပြဲေၾကာင့္အားလပ္ရက္ရတဲ့ကာလအတြင္းတြင္ကစားသမားမ်ားအားမလိုအပ္ဘဲခရီးေဝးသြားျခင္းမျပဳလုပ္ရန္လည္းပါဝင္ေနပါတယ္။

အသက္၃၄ႏွစ္ရွိပီေကးဟာပုံမွန္ခရီးေဝးသြားကာပြဲမ်ားသြားၾကည့္ေလ့ရွိသူျဖစ္ၿပီးနည္းျပဇာဗီးလက္ေအာက္တြင္မူယင္းကိုခြင့္ျပဳျခင္းမရွိေတာ့ပါဘူး။

ဒါ့အျပင္ဇာဗီးဟာကစားသမားမ်ားရဲ႕ဆိုရွယ္မီဒီယာအသုံးျပဳမႈမ်ားကိုလည္း ထိန္းသိမ္းလာတဲ့အျပင္ေလ့က်င့္ခန္းအစီအစဥ္သို႔ေရာက္ခ်ိန္အတြင္းတြင္မည္သူမွဆိုရွယ္မီဒီယာမသုံးရန္ပိတ္ပင္မႈျပဳလုပ္ထားပါတယ္။

ဇာဗီးခ်မွတ္လိုက္တဲ့စည္းမ်ဥ္း၁၀ခုမွာ(၁)ကစားသမားမ်ား ေလ့က်င့္ခန္းအစီအစဥ္မစတင္မီမိနစ္၉၀အလိုတြင္အေရာက္လာရန္(၂)နည္းျပအဖြဲ႕ဝင္မ်ားေလ့က်င့္ခန္းအစီအစဥ္မစတင္မီ၂နာရီအလိုတြင္အေရာက္လာရန္(၃)ကလပ္ရဲ႕ေလ့က်င့္ေရးကြင္းတြင္ပင္ကစားသမားမ်ားစားေသာက္ရမဥ္(၄)ျပန္သြားသူမ်ားဒဏ္႐ိုက္ခံရမည္(၅)ထပ္မံက်ဴးလြန္ပါကဒဏ္ေငြ၂ဆေပးေဆာင္ရမည္(၆)ပြဲတစ္ပြဲမတိုင္မီ၂ရက္အလိုတြင္ကစားသမားမ်ား ညည့္နက္ခ်ိန္တြင္ေနအိမ္တြင္ပင္ရွိရမည္(၇)ကစားသမားမ်ားအားလုံး ေလ့က်င့္ခန္းအစီအစဥ္တြင္အျပည့္အဝေပးဆပ္ကစားရမည္(၈)ကစားသမားမ်ားရဲ႕ကြင္းျပင္ပေနထိုင္မႈကိုေစာင့္ၾကည့္သြားမည္(၉)အႏၲရာယ္ရွိတဲ့လုပ္ေဆာင္မႈမ်ားကို (ေရလႊာေလ်ာစီးျခင္း၊ဆိုင္ကယ္စီးျခင္း)ခြင့္ျပဳမည္မဟုတ္(၁၀)ကလပ္ရဲ႕ဂုဏ္သိကၡာကိုထိန္းသိမ္းတဲ့အေနျဖင့္အမူအက်င့္ေကာင္းမ်ားျဖင့္စံျပတစ္ဦးပမာဏေနထိုင္ရမည္ တို႔ျဖစ္ပါတယ္။