ဟာဗတ်ဇ်ရဲ့အကောင်းဆုံးခြေစွမ်းထွက်လာဖို့ ဘယ်လိုလုပ်ရမလဲ တူချယ်ကို ဂျာမနီနည်းပြအကြံပေးလာ

သောမတ်စ်တူချယ်ဟာကိုင်ဟာဗတ်ဇ်ရဲ့အကောင်းဆုံးခြေစွမ်းထွက်ပေါ်လာဖို့ သူ့အတွက်အသင့်တော်ဆုံးနေရာကိုရှာဖွေလုပ်ဆောင်လာခဲ့တာကြာမြင့်ပြီဖြစ်ပါတယ်။

ဒါပေမယ့်ယခုအခါဂျာမနီနည်းပြဟန်စီဖလစ်ကချဲလ်ဆီးနည်းပြသောမတ်စ်တူချယ်ရဲ့ကိုင်ဟာဗတ်ဇ်ပြဿနာကိုအဖြေပေးလာခဲ့ပြီဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိကိုင်ဟာဗတ်ဇ်ဟာကျောနံပါတ်၁၀ကစားသမားအဖြစ်အဓိကကစားလာခဲ့ပေမယ့်တူချယ်ဟာကျောနံပါတ်၉ကစားသမားအဖြစ်လည်းကောင်း၊နောက်ချန်တိုက်စစ်မှူးအဖြစ်လည်းကောင်း၊တောင်ပံကစားသမားအဖြစ်လည်းကောင်းအသုံးပြုခဲ့ပါတယ်။

ဒါပေမယ့်ဖလစ်ကကိုင်ဟာဗတ်ဇ်အတွက်အသင့်တော်ဆုံးနေရာမှာတိုက်စစ်မှူးနေရာဖြစ်ကြောင်းဆိုလာပါတယ်။

ဖလစ်က “သောမတ်စ်တူချယ်နဲ့အကြံဉာဏ်တွေဖလှယ်ခဲ့ကြပါတယ်။ကျွန်တော်ကသူကိုဗဟိုတိုက်စစ်မှူးအဖြစ်အသုံးပြုနိုင်တယ်လို့ထင်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ချဲလ်ဆီးနည်းပြတူချယ်ကိုယ်တိုင်ကလည်းကိုင်ဗတ်ဇ်မှာသူ့မြန်နှုန်းကိုအသုံးပြုကာ တိုက်စစ်မှူးအဖြစ်ကစားနိုင်စွမ်းရှိသူဖြစ်ကြောင်းပြောကြားခဲ့ဖူးပါတယ်။

ဟာဗတ်ဇ်ဟာပြီးခဲ့တဲ့နှစ်နွေရာသီမှာဘိုင်ယန်မှပေါင်၇၁သန်းဖြင့်ပြောင်းလာပြီးနောက် ချဲလ်ဆီးကစားသမားဘဝအစတွင်အထနှေးနေခဲ့ကာပထမရာသီမှာပရီးမီးယားလိဂ်ပွဲ၃၀ကစားရာမှာ၅ဂိုးတည်းဘဲသွင်းနိုင်ခဲ့ပါတယ်။

ZawGyi

ဟာဗတ္ဇ္ရဲ႕အေကာင္းဆုံးေျခစြမ္းထြက္လာဖို႔ ဘယ္လိုလုပ္ရမလဲ တူခ်ယ္ကို ဂ်ာမနီနည္းျပအႀကံေပးလာ

ေသာမတ္စ္တူခ်ယ္ဟာကိုင္ဟာဗတ္ဇ္ရဲ႕အေကာင္းဆုံးေျခစြမ္းထြက္ေပၚလာဖို႔ သူ႔အတြက္အသင့္ေတာ္ဆုံးေနရာကိုရွာေဖြလုပ္ေဆာင္လာခဲ့တာၾကာျမင့္ၿပီျဖစ္ပါတယ္။

ဒါေပမယ့္ယခုအခါဂ်ာမနီနည္းျပဟန္စီဖလစ္ကခ်ဲလ္ဆီးနည္းျပေသာမတ္စ္တူခ်ယ္ရဲ႕ကိုင္ဟာဗတ္ဇ္ျပႆနာကိုအေျဖေပးလာခဲ့ၿပီျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိကိုင္ဟာဗတ္ဇ္ဟာေက်ာနံပါတ္၁၀ကစားသမားအျဖစ္အဓိကကစားလာခဲ့ေပမယ့္တူခ်ယ္ဟာေက်ာနံပါတ္၉ကစားသမားအျဖစ္လည္းေကာင္း၊ေနာက္ခ်န္တိုက္စစ္မႉးအျဖစ္လည္းေကာင္း၊ေတာင္ပံကစားသမားအျဖစ္လည္းေကာင္းအသုံးျပဳခဲ့ပါတယ္။

ဒါေပမယ့္ဖလစ္ကကိုင္ဟာဗတ္ဇ္အတြက္အသင့္ေတာ္ဆုံးေနရာမွာတိုက္စစ္မႉးေနရာျဖစ္ေၾကာင္းဆိုလာပါတယ္။

ဖလစ္က “ေသာမတ္စ္တူခ်ယ္နဲ႔အႀကံဉာဏ္ေတြဖလွယ္ခဲ့ၾကပါတယ္။ကြၽန္ေတာ္ကသူကိုဗဟိုတိုက္စစ္မႉးအျဖစ္အသုံးျပဳႏိုင္တယ္လို႔ထင္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ခ်ဲလ္ဆီးနည္းျပတူခ်ယ္ကိုယ္တိုင္ကလည္းကိုင္ဗတ္ဇ္မွာသူ႔ျမန္ႏႈန္းကိုအသုံးျပဳကာ တိုက္စစ္မႉးအျဖစ္ကစားႏိုင္စြမ္းရွိသူျဖစ္ေၾကာင္းေျပာၾကားခဲ့ဖူးပါတယ္။

ဟာဗတ္ဇ္ဟာၿပီးခဲ့တဲ့ႏွစ္ေႏြရာသီမွာဘိုင္ယန္မွေပါင္၇၁သန္းျဖင့္ေျပာင္းလာၿပီးေနာက္ ခ်ဲလ္ဆီးကစားသမားဘဝအစတြင္အထေႏွးေနခဲ့ကာပထမရာသီမွာပရီးမီးယားလိဂ္ပြဲ၃၀ကစားရာမွာ၅ဂိုးတည္းဘဲသြင္းႏိုင္ခဲ့ပါတယ္။