ဟာဗေးဘန်းစ်ကို ၂၀၂၅ ခုနှစ်အထိ ထိန်းထားနိုင်တော့မယ့် လက်စတာ

ဟာဗေးဘန်းစ်ဟာလက်စတာစီးတီးနှင့်၂၀၂၅ခုနှစ်အထိစာချုပ်သစ်ချုပ်ဆိုနိုင်ဖို့နီးစပ်နေပြီဖြစ်ကြောင်းသိရပါတယ်။လက်စတာအသင်းတာဝန်ရှိသူများဟာယခုအပတ်အတွင်းတွင်အသင်းရဲ့အရေးပါတဲ့စတားကစားသမားနှင့်စာချုပ်သစ်ချုပ်ဆိုနိုင်ရန်မျှော်လင့်နေပါတယ်။

အသက်၂၃နှစ်ရှိဟာဗေးဘန်းစ်ဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကလက်စတာနှင့်အတူခြေစွမ်းပြကစားနိုင်မှုနဲ့အတူအောက်တိုဘာလတုန်းကဝေးလ်အား၃-၀ဂိုးဖြင့်အနိုင်ရရှိတဲ့ပွဲတွင်အင်္ဂလန်အတွက်ပထမဆုံးပွဲကစားခွင့်ရရှိခဲ့ပါတယ်။

သူဟာအင်္ဂလန်ရဲ့ယူရို၂၀၂၀လူစာရင်းတွင်ပါဝင်လိမ့်မယ်လို့ယုံကြည်ခြင်းခံခဲ့ရပေမယ့်လည်းဒူးဒဏ်ရာရရှိခဲ့မှုနဲ့အတူယူရိုအိပ်မက်ပျက်ပြယ်ခဲ့ရသူလည်းဖြစ်ပါတယ်။

ယခုအခါလက်စတာဟာပရီးမီးယားလိဂ်ပြိုင်ဘက်ကလပ်များကစောင့်ကြည့်နေတဲ့ဟာဗေးဘန်းစ်ကိုအသင်းရဲ့လုပ်ခအများဆုံးကစားသမားများထဲမှတစ်ဦးအဖြစ်လုပ်ခတိုးမြှင့်ပေးပြီးစာချုပ်သစ်ချုပ်ဆိုသွားတော့မှာဖြစ်ပါတယ်။

ZawGyi




