ဟာလန်းကို ကန်တီထက် လုပ်ခပိုပေးပြီး ခေါ်ယူရမှာဖြစ်လို့ အသုံးစရိတ်လျှော့ချရမယ့် ချဲလ်ဆီး

ချဲလ်ဆီးဟာယခုနွေရာသီတွင်အာလင်းဟာလန်းကိုခေါ်ယူရန်အတွက်အသင်းရဲ့လုပ်ခအသုံးစရိတ်ကိုလျှော့ချမှုပြုလုပ်ရပါမယ်။

ချဲလ်ဆီးဟာတိုက်စစ်မှူးသစ်တစ်ဦးခေါ်ယူရန်ရှာဖွေနေပြီးဒေါ့မွန်တိုက်စစ်မှူးဟာလန်းမှာ သူတို့ရဲ့နံပါတ်တစ်ပစ်မှတ်ဖြစ်လျက်ရှိပါတယ်။

The Athletic ရဲ့ဖော်ပြချက်အရ အပြောင်းအရွှေ့သာဖြစ်မြောက်လာပါက နော်ဝေတိုက်စစ်မှူးမှာစတမ်းဖို့ဒ်ဘရစ်ချ်တွင်လုပ်ခအမြင့်မားဆုံးရရှိတဲ့ကစားသမားဖြစ်လာမှာဖြစ်ကြောင်းသိရတယ်။

လက်ရှိအချိန်တွင်ကန်တီမှာတစ်ပတ်လုပ်ခပေါင်၂၉၀၀၀၀ဖြင့်ချဲလ်ဆီးတွင်လုပ်ခအများဆုံးကစားသမားအဖြစ်ရပ်တည်နေပါတယ်။

ဒါပေမယ့်ဟာလန်းရဲ့အေးဂျင့်များဖြစ်တဲ့ဖခင်ဖြစ်သူနှင့်မီနိုရိုင်အိုလာတို့ကနော်ဝေတိုက်စစ်မှူးအတွက်အလွန်မြင့်မားတဲ့လုပ်ခတောင်းဆိုလာဖို့သေချာနေပါတယ်။

ရိုအိုလာကနော်ဝေတိုက်စစ်မှူးမှာတစ်ပတ်လုပ်ခပေါင်၁သန်းအထိရရှိသင့်တဲ့ကစားသမားဖြစ်ကြောင်းမကြာသေးမီတုန်းကဖွင့်ဟခဲ့ဖူးပါတယ်။

တစ်ဖက်တွင်ဒေါ့မွန်ဟာဟာလန်းကိုလာမယ့်ဘောလုံးရာသီအထိဆက်ထိန်းထားလိုနေပါတယ်။ဟာလန်းဟာဒေါ့မွန်နှင့်အတူရာသီကြိုလေ့ကျင့်ခန်းဆင်းနေပြီဖြစ်ပြီးလာမယ့်ရာသီအထိဆက်နေဖို့ရှိပါတယ်။

ဒေါ့မွန်ဟာဟာလန်းအတွက်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀အထိတောင်းဆိုနေပေမယ့် လာမယ့်နှစ်နွေတွင်ပေါင်၆၅သန်းခန့်ဖြင့်လက်လွှတ်ရမယ့်အချက်ကိုစာချုပ်အတွင်းမှာထည့်သွင်းထားရာလာမယ့်နွေတွင်လက်လွှတ်ရရန်သေချာနေပါတယ်။

ZawGyi

ဟာလန္းကို ကန္တီထက္ လုပ္ခပိုေပးၿပီး ေခၚယူရမွာျဖစ္လို႔ အသုံးစရိတ္ေလွ်ာ့ခ်ရမယ့္ ခ်ဲလ္ဆီး

ခ်ဲလ္ဆီးဟာယခုေႏြရာသီတြင္အာလင္းဟာလန္းကိုေခၚယူရန္အတြက္အသင္းရဲ႕လုပ္ခအသုံးစရိတ္ကိုေလွ်ာ့ခ်မႈျပဳလုပ္ရပါမယ္။

ခ်ဲလ္ဆီးဟာတိုက္စစ္မႉးသစ္တစ္ဦးေခၚယူရန္ရွာေဖြေနၿပီးေဒါ့မြန္တိုက္စစ္မႉးဟာလန္းမွာ သူတို႔ရဲ႕နံပါတ္တစ္ပစ္မွတ္ျဖစ္လ်က္ရွိပါတယ္။

The Athletic ရဲ႕ေဖာ္ျပခ်က္အရ အေျပာင္းအေ႐ႊ႕သာျဖစ္ေျမာက္လာပါက ေနာ္ေဝတိုက္စစ္မႉးမွာစတမ္းဖို႔ဒ္ဘရစ္ခ်္တြင္လုပ္ခအျမင့္မားဆုံးရရွိတဲ့ကစားသမားျဖစ္လာမွာျဖစ္ေၾကာင္းသိရတယ္။

လက္ရွိအခ်ိန္တြင္ကန္တီမွာတစ္ပတ္လုပ္ခေပါင္၂၉၀၀၀၀ျဖင့္ခ်ဲလ္ဆီးတြင္လုပ္ခအမ်ားဆုံးကစားသမားအျဖစ္ရပ္တည္ေနပါတယ္။

ဒါေပမယ့္ဟာလန္းရဲ႕ေအးဂ်င့္မ်ားျဖစ္တဲ့ဖခင္ျဖစ္သူႏွင့္မီႏို႐ိုင္အိုလာတို႔ကေနာ္ေဝတိုက္စစ္မႉးအတြက္အလြန္ျမင့္မားတဲ့လုပ္ခေတာင္းဆိုလာဖို႔ေသခ်ာေနပါတယ္။

႐ိုအိုလာကေနာ္ေဝတိုက္စစ္မႉးမွာတစ္ပတ္လုပ္ခေပါင္၁သန္းအထိရရွိသင့္တဲ့ကစားသမားျဖစ္ေၾကာင္းမၾကာေသးမီတုန္းကဖြင့္ဟခဲ့ဖူးပါတယ္။

တစ္ဖက္တြင္ေဒါ့မြန္ဟာဟာလန္းကိုလာမယ့္ေဘာလုံးရာသီအထိဆက္ထိန္းထားလိုေနပါတယ္။ဟာလန္းဟာေဒါ့မြန္ႏွင့္အတူရာသီႀကိဳေလ့က်င့္ခန္းဆင္းေနၿပီျဖစ္ၿပီးလာမယ့္ရာသီအထိဆက္ေနဖို႔ရွိပါတယ္။

ေဒါ့မြန္ဟာဟာလန္းအတြက္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀အထိေတာင္းဆိုေနေပမယ့္ လာမယ့္ႏွစ္ေႏြတြင္ေပါင္၆၅သန္းခန႔္ျဖင့္လက္လႊတ္ရမယ့္အခ်က္ကိုစာခ်ဳပ္အတြင္းမွာထည့္သြင္းထားရာလာမယ့္ေႏြတြင္လက္လႊတ္ရရန္ေသခ်ာေနပါတယ္။