ဟာလန်းကို ခေါ်ယူရန် စိတ်ဝင်စားကြောင်း ချဲလ်ဆီးနည်းပြတူချယ်အတည်ပြု

သောမတ်စ်တူချယ်ကဒေါ့မွန်မှအာလင်းဟာလန်းအားခေါ်ယူရန်စိတ်ဝင်စားကြောင်းအတည်ပြုသွားပါတယ်။အသက်၂၁နှစ်ရှိနော်ဝေတိုက်စစ်မှူးဟာဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါ၆၉ပွဲတွင်ဂိုး၇၀သွင်းပြီး၁၉ကြိမ်ဖန်တီးမှုပြုလုပ်ထားနိုင်သူဖြစ်ပါတယ်။

သူ့ရဲ့ဂိုးသွင်းစွမ်းရည်ကြောင့်သူ့ကိုမန်ယူ၊ပီအက်စ်ဂျီ၊ဘာစီလိုနာ၊မန်စီးတီးတို့ကလည်းစိတ်ဝင်စားနေပါတယ်။

တူချယ်က “အပြောင်းအရွှေ့ဈေးကွက်တုန်းကဟာလန်းနဲ့ပတ်သက်ပြီးပြောခဲ့တာတွေရှိပါတယ်။မဖြစ်နိုင်သလိုဖြစ်ခဲ့တယ်။သူကစိတ်လှုပ်ရှားဖို့ကောင်းတဲ့ကစားသမားတစ်ဦးဖြစ်သလို ဒေါ့မွန်ကထိပ်တန်းကစားသမားဆိုတော့သူနဲ့ပတ်သက်ပြီးကျွန်တော်တို့ပုံမှန်ပြောဖြစ်နေမှာပါ”လို့ပြောကြားသွားပါတယ်။

ဆက်လက်ပြီးသောမတ်စ်တူချယ်ကအာလင်းဟာလန်းကို ချဲလ်ဆီးတိုက်စစ်တွင်ပေါင်၉၇.၅သန်းတန် လူကာကူနှင့်တွဲဖက်ကစားစေနိုင်ကြောင်းလည်းပြောကြားသွားပါတယ်။

တူချယ်က “ဟာလန်းကိုခေါ်ပြီးလူကာကူနဲ့တွဲကစားဖို့လား။ဒါနဲ့ပတ်သက်ပြီးပြောရတာမခက်ပါဘူး။လာမယ့်ရက်သတ္တပတ်တွေမှာဘာတွေဖြစ်လာမလဲကြည့်ရပါမယ်”လို့ပြောကြားခဲ့ပါတယ်။

အာလင်းဟာလန်းနှင့်ဒေါ့မွန်တို့ချုပ်ဆိုထားတဲ့စာချုပ်မှာသူ့ကိုပေါင်၆၄သန်းဖြင့်ခေါ်ယူနိုင်မယ့်အချက်ပါဝင်ပြီးယင်းအချက်မှာယခုရာသီအကုန်တွင်စတင်အကျုံးဝင်ပါမယ်။

ZawGyi

ဟာလန္းကို ေခၚယူရန္ စိတ္ဝင္စားေၾကာင္း ခ်ဲလ္ဆီးနည္းျပတူခ်ယ္အတည္ျပဳ

ေသာမတ္စ္တူခ်ယ္ကေဒါ့မြန္မွအာလင္းဟာလန္းအားေခၚယူရန္စိတ္ဝင္စားေၾကာင္းအတည္ျပဳသြားပါတယ္။အသက္၂၁ႏွစ္ရွိေနာ္ေဝတိုက္စစ္မႉးဟာေဒါ့မြန္အတြက္ဘြန္ဒက္စ္လီဂါ၆၉ပြဲတြင္ဂိုး၇၀သြင္းၿပီး၁၉ႀကိမ္ဖန္တီးမႈျပဳလုပ္ထားႏိုင္သူျဖစ္ပါတယ္။

သူ႔ရဲ႕ဂိုးသြင္းစြမ္းရည္ေၾကာင့္သူ႔ကိုမန္ယူ၊ပီအက္စ္ဂ်ီ၊ဘာစီလိုနာ၊မန္စီးတီးတို႔ကလည္းစိတ္ဝင္စားေနပါတယ္။

တူခ်ယ္က “အေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကဟာလန္းနဲ႔ပတ္သက္ၿပီးေျပာခဲ့တာေတြရွိပါတယ္။မျဖစ္ႏိုင္သလိုျဖစ္ခဲ့တယ္။သူကစိတ္လႈပ္ရွားဖို႔ေကာင္းတဲ့ကစားသမားတစ္ဦးျဖစ္သလို ေဒါ့မြန္ကထိပ္တန္းကစားသမားဆိုေတာ့သူနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔ပုံမွန္ေျပာျဖစ္ေနမွာပါ”လို႔ေျပာၾကားသြားပါတယ္။

ဆက္လက္ၿပီးေသာမတ္စ္တူခ်ယ္ကအာလင္းဟာလန္းကို ခ်ဲလ္ဆီးတိုက္စစ္တြင္ေပါင္၉၇.၅သန္းတန္ လူကာကူႏွင့္တြဲဖက္ကစားေစႏိုင္ေၾကာင္းလည္းေျပာၾကားသြားပါတယ္။

တူခ်ယ္က “ဟာလန္းကိုေခၚၿပီးလူကာကူနဲ႔တြဲကစားဖို႔လား။ဒါနဲ႔ပတ္သက္ၿပီးေျပာရတာမခက္ပါဘူး။လာမယ့္ရက္သတၱပတ္ေတြမွာဘာေတြျဖစ္လာမလဲၾကည့္ရပါမယ္”လို႔ေျပာၾကားခဲ့ပါတယ္။

အာလင္းဟာလန္းႏွင့္ေဒါ့မြန္တို႔ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္မွာသူ႔ကိုေပါင္၆၄သန္းျဖင့္ေခၚယူႏိုင္မယ့္အခ်က္ပါဝင္ၿပီးယင္းအခ်က္မွာယခုရာသီအကုန္တြင္စတင္အက်ဳံးဝင္ပါမယ္။