ဟာလန်းကို ဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀ ဖြင့် ချဲလ်ဆီးကမ်းလှမ်းမည်

ချဲလ်ဆီးဟာယခုနွေရာသီတွင်ဒေါ့မွန်စတားအာလင်းဟာလန်းကိုဗြိတိန်စံချိန်တင်ပြောင်းရွှေ့ကြေးပေါင်သန်း၁၅၀ဖြင့်ကမ်းလှမ်းမှုပြုလုပ်ရန်စီစဉ်ထားကြောင်းသိရပါတယ်။

ဟာလန်းဟာလက်ရှိဘောလုံးလောကတွင်အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရသူဖြစ်ပြီး၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်ဆဲလ်ဘတ်မှပြောင်းလာပြီးနောက်ဒေါ့မွန်အတွက်၅၉ပွဲကစားထားရာမှာ၅၇ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

ဒါကြောင့်နော်ဝေတိုက်စစ်မှူးအားခေါ်ယူရန်ဥရောပထိပ်သီးကလပ်များဖြစ်ကြတဲ့ရီးရဲလ်မက်ဒရစ်၊ပီအက်စ်ဂျီ၊ချဲလ်ဆီး၊မန်ယူနှင့်ဘိုင်ယန်မြူးနစ်တို့ကစိတ်ဝင်စားနေကြတာဖြစ်ပါတယ်။

ဒါပေမယ့်လည်းယခုအခါချဲလ်ဆီးဟာအခြားဥရောပထိပ်သီးကလပ်များထက်လက်ဦးမှုရယူပြီးဟာလန်းကိုခေါ်ယူရေးအတွက်လုပ်ဆောင်လာပြီဖြစ်ပါတယ်။

ဒေါ့မွန်ဟာမကြာသေးမီတုန်းကသူတို့ရဲ့စတားကစားသမားဖြစ်တဲ့ဆန်ချိုကိုမန်ယူသို့ရောင်းချထားရာဟာလန်းကိုလက်လွှတ်လိုခြင်းမရှိပါဘူး။

ဒါပေမယ့်ချဲလ်ဆီးဟာဒေါ့မွန်ဘက်ကမငြင်းနိုင်အောင်ပေါင်သန်း၁၅၀ဖြင့်ကမ်းလှမ်းသွားပါမယ်။ချဲလ်ဆီးပိုင်ရှင်အေဘရာမိုဗစ်ချ်ကလည်းဟာလန်းအားခေါ်ယူရေးအတွက်ပြောင်းရွှေ့ကြေးအလုံအလောက်ပေးဖို့အသင့်ရှိနေပါတယ်။

ZawGyi

ဟာလန္းကို ၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀ ျဖင့္ ခ်ဲလ္ဆီးကမ္းလွမ္းမည္

ခ်ဲလ္ဆီးဟာယခုေႏြရာသီတြင္ေဒါ့မြန္စတားအာလင္းဟာလန္းကိုၿဗိတိန္စံခ်ိန္တင္ေျပာင္းေ႐ႊ႕ေၾကးေပါင္သန္း၁၅၀ျဖင့္ကမ္းလွမ္းမႈျပဳလုပ္ရန္စီစဥ္ထားေၾကာင္းသိရပါတယ္။

ဟာလန္းဟာလက္ရွိေဘာလုံးေလာကတြင္အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရသူျဖစ္ၿပီး၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတြင္ဆဲလ္ဘတ္မွေျပာင္းလာၿပီးေနာက္ေဒါ့မြန္အတြက္၅၉ပြဲကစားထားရာမွာ၅၇ဂိုးသြင္းယူထားသူလည္းျဖစ္ပါတယ္။

ဒါေၾကာင့္ေနာ္ေဝတိုက္စစ္မႉးအားေခၚယူရန္ဥေရာပထိပ္သီးကလပ္မ်ားျဖစ္ၾကတဲ့ရီးရဲလ္မက္ဒရစ္၊ပီအက္စ္ဂ်ီ၊ခ်ဲလ္ဆီး၊မန္ယူႏွင့္ဘိုင္ယန္ျမဴးနစ္တို႔ကစိတ္ဝင္စားေနၾကတာျဖစ္ပါတယ္။

ဒါေပမယ့္လည္းယခုအခါခ်ဲလ္ဆီးဟာအျခားဥေရာပထိပ္သီးကလပ္မ်ားထက္လက္ဦးမႈရယူၿပီးဟာလန္းကိုေခၚယူေရးအတြက္လုပ္ေဆာင္လာၿပီျဖစ္ပါတယ္။

ေဒါ့မြန္ဟာမၾကာေသးမီတုန္းကသူတို႔ရဲ႕စတားကစားသမားျဖစ္တဲ့ဆန္ခ်ိဳကိုမန္ယူသို႔ေရာင္းခ်ထားရာဟာလန္းကိုလက္လႊတ္လိုျခင္းမရွိပါဘူး။

ဒါေပမယ့္ခ်ဲလ္ဆီးဟာေဒါ့မြန္ဘက္ကမျငင္းႏိုင္ေအာင္ေပါင္သန္း၁၅၀ျဖင့္ကမ္းလွမ္းသြားပါမယ္။ခ်ဲလ္ဆီးပိုင္ရွင္ေအဘရာမိုဗစ္ခ်္ကလည္းဟာလန္းအားေခၚယူေရးအတြက္ေျပာင္းေ႐ႊ႕ေၾကးအလုံအေလာက္ေပးဖို႔အသင့္ရွိေနပါတယ္။