ဟာလန်းကို လိုချင်တဲ့ ကလပ် တစ်နှစ်လုပ်ခ ပေါင်သန်း ၃၀ ပေးရမည်

မန်ချက်စတာယူနိုက်တက်(သို့မဟုတ်)ချဲလ်ဆီးအနေဖြင့်အာလင်းဟာလန်းအားစာချုပ်ချုပ်ဆိုလိုက်ပါကတစ်ပတ်လုပ်ခပေါင်၅၇၅၀၀၀အထိအသုံးပြုရမယ့်ကိန်းဆိုက်နေပါတယ်။

အသက်၂၁နှစ်ရှိဒေါ့မွန်စူပါစတားတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်ရက်ဘူးလ်ဆဲလ်ဘတ်မှဒေါ့မွန်သို့ရောက်လာပြီးနောက်ဥရောပအကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သက်သေပြနေသူလည်းဖြစ်ပါတယ်။

သူဟာဒေါ့မွန်အတွက်ဘွန်ဒက်စ်လီဂါပွဲ၆၉ပွဲကစားထားရာမှာဂိုး၇၀သွင်းယူပြီး၁၉ကြိမ်ဖန်တီးမှုပြုလုပ်ထားပါတယ်။

ဒေါ့မွန်ဟာပြီးခဲ့တဲ့နွေတုန်းကဟာလန်းကိုမဆုံးရှုံးရရေးကြိုးပမ်းနိုင်ခဲ့ပေမယ့်လည်း၂၀၂၂ခုနှစ်၊နွေရာသီတွင်အကျုံးဝင်လာမယ့်ပေါင်၆၄သန်းဖြင့်ခေါ်ယူနိုင်မယ့်စာချုပ်ပါအချက်ကြောင့်ဆုံးရှုံးရဖို့ရှိနေပါတယ်။

ဒါကြောင့်ပြောင်းရွှေ့ကြေးပေါင်၆၄သန်းသာသုံးရမှာဖြစ်လို့ထိပ်တန်းကလပ်တိုင်းကခေါ်ယူနိုင်ရေးကြိုးပမ်းလာဖို့သေချာနေပါတယ်။

ဒါပေမယ့် ESPN ရဲ့ဖော်ပြချက်အရဟာလန်းကိုခေါ်ယူလိုတဲ့ကလပ်အနေဖြင့်တစ်နှစ်လုပ်ခပေါင်သန်း၃၀အထိလုပ်ခအသုံးပြုရဦးမှာဖြစ်ကြောင်းသိရပါတယ်။ဟာလန်းဘက်ကယင်းသို့အထိမြှင့်မားတဲ့လုပ်ခတောင်းဆိုမှုရှိလာပေမယ့်ဥရောပထိပ်သီးကလပ်များရဲ့ကြိုးပမ်းမှုနောက်ဆုတ်လာဖို့လည်းမရှိပါဘူး။

ZawGyi






