ဟာလန်းကို သရဲနီတို့ ခေါ်ယူနိုင်လုနီးပါးဖြစ်ပြီးမှ စူပါအေးဂျင့်ရိုင်အိုလာရဲ့လောဘကြောင့် ပျက်ခဲ့ရ

ဂယ်ရီနဗီးလ်ကအာလင်းဟာလန်းမှာမန်ချက်စတာယူနိုက်တက်သို့မပြောင်းရွှေ့ဘဲဒေါ့မွန်အသင်းသို့ပြောင်းရွှေ့သွားခဲ့ခြင်းမှာအေးဂျင့်ရိုင်အိုလာရဲ့ စာချုပ်ချုပ်ဆိုကြေးတောင်းဆိုမှုမြင့်မားခြင်းကြောင့်ဖြစ်ကြောင်းဖွင့်ချလာပါတယ်။

မန်ယူဂန္ထဝင်ကစားသမားဟောင်းဟာအသက်၅၃နှစ်ရှိမီနိုရိုင်အိုလာရဲ့လောဘကြီးမားမှုကိုထပ်မံတိုက်ခိုက်ပြောဆိုမှုပြုလုပ်လာတာလည်းဖြစ်ပါတယ်။

ယခုအပတ်အစောပိုင်းတုန်းကဒေါ့မွန်စီအီးအိုဟန်ဂျိုအာချင်ဝစ်ဇ်ကီကမန်ယူမှာဆဲလ်ဘတ်မှဟာလန်းကိုခေါ်ယူစဉ်တုန်းကမိမိတို့ထက်မြင့်မားတဲ့ပြောင်းရွှေ့ကြေးပေးခဲ့ကြောင်းဖွင့်ဟသွားခဲ့ပါတယ်။

ဝစ်ဇ်ကီက “မန်ချက်စတာယူနိုက်တက်ရဲ့ကမ်းလှမ်းမှုကပိုပြီးတော့ကောင်းမွန်ခဲ့တာပါ။ဒါပေမယ့်မီနိုရိုင်အိုလာကကျွန်တော်တို့ဆီပြောင်းတာကအာလင်းအတွက်အကောင်းဆုံးလို့ယုံကြည်ခဲ့ပါတယ်။ပါရမီရှင်တွေကကျွန်တော်တို့ဆီကိုရောက်ရင်ပိုပြီးတော့ထွန်းတောက်လာတာကိုလူတွေသိပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ယခုအခါဂယ်ရီနဗီးလ်ကရိုင်အိုလာမှာအာလင်းဟာလန်းရဲ့အပြောင်းအရွှေ့မှရာခိုင်နှုန်းခံစားခွင့်ပိုမိုရရှိစေမယ့်ဒေါ့မွန်ကိုရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်းဖွင့်ချလာပါတယ်။

အင်္ဂလန်နောက်ခံလူဟောင်းက “ဘာကြောင့်လဲဆိုတာကျွန်တော်တို့အားလုံးလည်းသိထားပြီးသားပါ။ကစားသမားတွေထွက်ခွာတဲ့အချိန်မှာသူ့ကိုပြောင်းရွှေ့ကြေးရဲ့ရာခိုင်နှုန်းအများဆုံးပေးမလဲဆိုတဲ့အချက်နဲ့သူကအရောင်းအဝယ်လုပ်တာပါ”လို့ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတုန်းကဆဲလ်ဘတ်မှမန်ယူသို့ပြောင်းမယ်လို့သတင်းများကျယ်ပြန့်စွာထွက်ပြီးမှဒေါ့မွန်သို့ပြောင်းခဲ့ဖြစ်ပါတယ်။ဟာလန်းဟာဒေါ့မွန်သို့ရောက်ပြီးနောက်ချက်ချင်းပင်ကမ္ဘာ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးဖြစ်ခဲ့ပါတယ်။

ဒေါ့မွန်အတွက်၆၉ပွဲကစားထားရာမှာဂိုး၇၀သွင်းထားတဲ့ဟာလန်းရဲ့စာချုပ်အတွင်းမှာလာမယ့်နွေရာသီတွင်ပေါင်၇၆သန်းဖြင့်ဒေါ့မွန်မှထွက်ခွာနိုင်တဲ့အချက်ပါဝင်နေပြီးမန်ယူအပါအဝင်ထိပ်သီးကလပ်အမြောက်အမြားတို့က ခေါ်ယူရန်ပစ်မှတ်ထားနေပါတယ်။

ZawGyi

ဟာလန္းကို သရဲနီတို႔ ေခၚယူႏိုင္လုနီးပါးျဖစ္ၿပီးမွ စူပါေအးဂ်င့္႐ိုင္အိုလာရဲ႕ေလာဘေၾကာင့္ ပ်က္ခဲ့ရ

ဂယ္ရီနဗီးလ္ကအာလင္းဟာလန္းမွာမန္ခ်က္စတာယူႏိုက္တက္သို႔မေျပာင္းေ႐ႊ႕ဘဲေဒါ့မြန္အသင္းသို႔ေျပာင္းေ႐ႊ႕သြားခဲ့ျခင္းမွာေအးဂ်င့္႐ိုင္အိုလာရဲ႕ စာခ်ဳပ္ခ်ဳပ္ဆိုေၾကးေတာင္းဆိုမႈျမင့္မားျခင္းေၾကာင့္ျဖစ္ေၾကာင္းဖြင့္ခ်လာပါတယ္။

မန္ယူဂႏၴဝင္ကစားသမားေဟာင္းဟာအသက္၅၃ႏွစ္ရွိမီႏို႐ိုင္အိုလာရဲ႕ေလာဘႀကီးမားမႈကိုထပ္မံတိုက္ခိုက္ေျပာဆိုမႈျပဳလုပ္လာတာလည္းျဖစ္ပါတယ္။

ယခုအပတ္အေစာပိုင္းတုန္းကေဒါ့မြန္စီအီးအိုဟန္ဂ်ိဳအာခ်င္ဝစ္ဇ္ကီကမန္ယူမွာဆဲလ္ဘတ္မွဟာလန္းကိုေခၚယူစဥ္တုန္းကမိမိတို႔ထက္ျမင့္မားတဲ့ေျပာင္းေ႐ႊ႕ေၾကးေပးခဲ့ေၾကာင္းဖြင့္ဟသြားခဲ့ပါတယ္။

ဝစ္ဇ္ကီက “မန္ခ်က္စတာယူႏိုက္တက္ရဲ႕ကမ္းလွမ္းမႈကပိုၿပီးေတာ့ေကာင္းမြန္ခဲ့တာပါ။ဒါေပမယ့္မီႏို႐ိုင္အိုလာကကြၽန္ေတာ္တို႔ဆီေျပာင္းတာကအာလင္းအတြက္အေကာင္းဆုံးလို႔ယုံၾကည္ခဲ့ပါတယ္။ပါရမီရွင္ေတြကကြၽန္ေတာ္တို႔ဆီကိုေရာက္ရင္ပိုၿပီးေတာ့ထြန္းေတာက္လာတာကိုလူေတြသိပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ယခုအခါဂယ္ရီနဗီးလ္က႐ိုင္အိုလာမွာအာလင္းဟာလန္းရဲ႕အေျပာင္းအေ႐ႊ႕မွရာခိုင္ႏႈန္းခံစားခြင့္ပိုမိုရရွိေစမယ့္ေဒါ့မြန္ကိုေ႐ြးခ်ယ္ခဲ့ျခင္းျဖစ္ေၾကာင္းဖြင့္ခ်လာပါတယ္။

အဂၤလန္ေနာက္ခံလူေဟာင္းက “ဘာေၾကာင့္လဲဆိုတာကြၽန္ေတာ္တို႔အားလုံးလည္းသိထားၿပီးသားပါ။ကစားသမားေတြထြက္ခြာတဲ့အခ်ိန္မွာသူ႔ကိုေျပာင္းေ႐ႊ႕ေၾကးရဲ႕ရာခိုင္ႏႈန္းအမ်ားဆုံးေပးမလဲဆိုတဲ့အခ်က္နဲ႔သူကအေရာင္းအဝယ္လုပ္တာပါ”လို႔ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတုန္းကဆဲလ္ဘတ္မွမန္ယူသို႔ေျပာင္းမယ္လို႔သတင္းမ်ားက်ယ္ျပန႔္စြာထြက္ၿပီးမွေဒါ့မြန္သို႔ေျပာင္းခဲ့ျဖစ္ပါတယ္။ဟာလန္းဟာေဒါ့မြန္သို႔ေရာက္ၿပီးေနာက္ခ်က္ခ်င္းပင္ကမာၻ႔အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးျဖစ္ခဲ့ပါတယ္။

ေဒါ့မြန္အတြက္၆၉ပြဲကစားထားရာမွာဂိုး၇၀သြင္းထားတဲ့ဟာလန္းရဲ႕စာခ်ဳပ္အတြင္းမွာလာမယ့္ေႏြရာသီတြင္ေပါင္၇၆သန္းျဖင့္ေဒါ့မြန္မွထြက္ခြာႏိုင္တဲ့အခ်က္ပါဝင္ေနၿပီးမန္ယူအပါအဝင္ထိပ္သီးကလပ္အေျမာက္အျမားတို႔က ေခၚယူရန္ပစ္မွတ္ထားေနပါတယ္။