ဟာလန်းကို အသင်းတွင် ဆက်ထိန်းထားရန် မဖြစ်နိုင်ကြောင်း ဒေါ့မွန်စီအီးအိုဝန်ခံ

ဒေါ့မွန်စီအီးအိုဝက်ဇ်ကီကတိုက်စစ်မှူးအာလင်းဟာလန်းအားအသင်းတွင်ဆက်ထိန်းထားနိုင်ရေးအတွက်ကြီးမားတဲ့စိန်ခေါ်မှုနှင့်ရင်ဆိုင်နေရကြောင်းဝန်ခံပြောကြားလိုက်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာ၂၀၂၀ခုနှစ်၊ဇန်နဝါရီလတွင်ရက်ဘူးလ်ဆဲလ်ဘတ်မှပြောင်းရွှေ့လာပြီးနောက်ဒေါ့မွန်အတွက်၆၇ပွဲကစားထားရာတွင်၆၈ဂိုးသွင်းယူထားသူဖြစ်ပါတယ်။

သူဟာဥရောပရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရပြီးဥရောပထိပ်သီးကလပ်များရဲ့စိတ်ဝင်စားခြင်းခံနေရပါတယ်။သူ့ကိုရီးရဲလ်မက်ဒရစ်၊ဘာစီလိုနာ၊ဘိုင်ယန်မြူးနစ်၊မန်စီးတီးနှင့်မန်စီးတီးတို့ကစိတ်ဝင်စားနေပါတယ်။

ချဲလ်ဆီးဟာနွေရာသီတုန်းကဟာလန်းကိုခေါ်ယူရေးကြိုးပမ်းခဲ့ပေမယ့်မခေါ်ယူနိုင်မှုနဲ့အတူလူကာကူကိုခေါ်ယူခဲ့ရပါတယ်။

ဒေါ့မွန်ဟာပြီးခဲ့တဲ့နွေရာသီတုန်းကဟာလန်းကိုထိန်းထားနိုင်ပေမယ့်လာမယ့်နွေရာသီတွင်သူ့ကိုပေါင်၇၅သန်းမှပေါင်သန်း၁၀၀အတွင်းပေးကာခေါ်ယူနိုင်မယ့်အချက်ပါဝင်နေရာမဖြစ်မနေရောင်းချရမယ့်အနေအထားတွင်ရှိနေပါတယ်။

ယခုအခါဒေါ့မွန်စီအီးအိုကိုယ်တိုင်ကလည်း “အရမ်းကိုခက်ခဲလာမှာသေချာပါတယ်။မဖြစ်နိုင်ဘူးလို့တော့မပြောပါဘူး။ဒါပေမယ့်မေးခွန်းမေးစရာမလိုအောင်ခက်ခဲနေပါတယ်။အနာဂတ်မှာကျွန်တော်တို့အပေါ်သစ္စာရှိတဲ့ကစားသမားတိုင်းကိုထိန်းထားနိုင်ဖို့အစွမ်းကုန်ကြိုးစားပါမယ်”လို့ပြောကြားသွားပါတယ်။

ZawGyi

ဟာလန္းကို အသင္းတြင္ ဆက္ထိန္းထားရန္ မျဖစ္ႏိုင္ေၾကာင္း ေဒါ့မြန္စီအီးအိုဝန္ခံ

ေဒါ့မြန္စီအီးအိုဝက္ဇ္ကီကတိုက္စစ္မႉးအာလင္းဟာလန္းအားအသင္းတြင္ဆက္ထိန္းထားႏိုင္ေရးအတြက္ႀကီးမားတဲ့စိန္ေခၚမႈႏွင့္ရင္ဆိုင္ေနရေၾကာင္းဝန္ခံေျပာၾကားလိုက္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာ၂၀၂၀ခုႏွစ္၊ဇန္နဝါရီလတြင္ရက္ဘူးလ္ဆဲလ္ဘတ္မွေျပာင္းေ႐ႊ႕လာၿပီးေနာက္ေဒါ့မြန္အတြက္၆၇ပြဲကစားထားရာတြင္၆၈ဂိုးသြင္းယူထားသူျဖစ္ပါတယ္။

သူဟာဥေရာပရဲ႕အေကာင္းဆုံးတိုက္စစ္မႉးမ်ားထဲမွတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရၿပီးဥေရာပထိပ္သီးကလပ္မ်ားရဲ႕စိတ္ဝင္စားျခင္းခံေနရပါတယ္။သူ႔ကိုရီးရဲလ္မက္ဒရစ္၊ဘာစီလိုနာ၊ဘိုင္ယန္ျမဴးနစ္၊မန္စီးတီးႏွင့္မန္စီးတီးတို႔ကစိတ္ဝင္စားေနပါတယ္။

ခ်ဲလ္ဆီးဟာေႏြရာသီတုန္းကဟာလန္းကိုေခၚယူေရးႀကိဳးပမ္းခဲ့ေပမယ့္မေခၚယူႏိုင္မႈနဲ႔အတူလူကာကူကိုေခၚယူခဲ့ရပါတယ္။

ေဒါ့မြန္ဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကဟာလန္းကိုထိန္းထားႏိုင္ေပမယ့္လာမယ့္ေႏြရာသီတြင္သူ႔ကိုေပါင္၇၅သန္းမွေပါင္သန္း၁၀၀အတြင္းေပးကာေခၚယူႏိုင္မယ့္အခ်က္ပါဝင္ေနရာမျဖစ္မေနေရာင္းခ်ရမယ့္အေနအထားတြင္ရွိေနပါတယ္။

ယခုအခါေဒါ့မြန္စီအီးအိုကိုယ္တိုင္ကလည္း “အရမ္းကိုခက္ခဲလာမွာေသခ်ာပါတယ္။မျဖစ္ႏိုင္ဘူးလို႔ေတာ့မေျပာပါဘူး။ဒါေပမယ့္ေမးခြန္းေမးစရာမလိုေအာင္ခက္ခဲေနပါတယ္။အနာဂတ္မွာကြၽန္ေတာ္တို႔အေပၚသစၥာရွိတဲ့ကစားသမားတိုင္းကိုထိန္းထားႏိုင္ဖို႔အစြမ္းကုန္ႀကိဳးစားပါမယ္”လို႔ေျပာၾကားသြားပါတယ္။