ဟာလန်းနှင့်ဘက်ပေးတို့နှစ်ဦးလုံးအား ခေါ်ယူရန် ရီးရဲလ်တွင် ငွေအလုံ‌အလောက်ရှိကြောင်း လာလီဂါဥက္ကဌပြောကြား

လာလီဂါဥက္ကဌဂျားဗီးယားတီဘက်စ်ကရီးရဲလ်မက်ဒရစ်တွင်အာလင်းဟာလန်းနှင့်ကိုင်လီယန်ဘက်ပေးတို့နှစ်ဦးလုံးအားခေါ်ယူရန်ငွေကြေးအလုံအလောက်ရှိနေကြောင်းပြောကြားလိုက်ပါတယ်။

ရီးရဲလ်မက်ဒရစ်ဟာပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့ဈေးကွက်တုန်းကကိုင်လီယန်ဘက်ပေးအားခေါ်ယူရန်အကြိမ်ကြိမ်ကမ်းလှမ်းမှုပြုလုပ်ခဲ့သော်လည်းပီအက်စ်ဂျီရဲ့ပယ်ချခြင်းခံခဲ့ရပါတယ်။

ယခုအခါရီးရဲလ်မက်ဒရစ်ဟာယခုရာသီအကုန်တွင်ပီအက်စ်ဂျီနှင့်စာချုပ်သက်တမ်းကုန်ဆုံးမယ့်ဘက်ပေးကိုအလွတ်ပြောင်းရွှေ့ကြေးဖြင့်ခေါ်ယူမယ့်အပြင်ဒေါ့မွန်စတားဟာလန်းကိုလည်းခေါ်ယူရန်လုပ်ဆောင်နေပါတယ်။

တီဘက်စ်က “ရီးရဲလ်မက်ဒရစ်ဟာယူရိုသန်း၂၀၀တန်ဖိုးရှိကစားသမားတွေကိုရောင်းချမှုပြုလုပ်ခဲ့ပါတယ်။သူတို့ဟာဘက်ပေးနဲ့ဟာလန်းတို့ကိုတပြိုင်တည်းခေါ်ယူဖို့ငွေကြေးအလုံအလောက်ရှိပါတယ်။သူတို့ငွေတွေအများကြီးမရှုံးပါဘူး။သူတို့ဟာကစားသမားရောင်းပြီးငွေအများကြီးရထားပါတယ်။ယူရိုသန်း၄၀၀လောက်အရှုံးပေါ်တဲ့ကလပ်၊လုပ်ခယူရိုသန်း၅၀၀လောက်သုံးတဲ့ကလပ်ကဘက်ပေးအတွက်ကမ်းလှမ်းမှုကိုပယ်ချခဲ့တာကတော့နားမလည်နိုင်အောင်ဖြစ်ရတယ်။ပြင်သစ်ကစည်းမျဉ်းကမအောင်မြင်ပါဘူး။သူတို့ကြောင့်ဥရောပဈေးကွက်ကိုနစ်နာစေပါတယ်။ယူအီးအက်ဖ်အေရဲ့စနစ်ကမှားယွင်းနေပါတယ်”လို့ပြောကြားသွားပါတယ်။

လာလီဂါဟာပြီးခဲ့တဲ့နွေရာသီတွင်လိဂ်ပြိုင်ပွဲကိုအများကြီးဆွဲဆောင်မှုဖြစ်စေတဲ့ လီယွန်နယ်မက်ဆီအားဆုံးရှုံးလိုက်ရမှုနဲ့အတူလူစိတ်ဝင်စားမှုလျှော့ကျလာခဲ့ပါတယ်။

ZawGyi

ဟာလန္းႏွင့္ဘက္ေပးတို႔ႏွစ္ဦးလုံးအား ေခၚယူရန္ ရီးရဲလ္တြင္ ေငြအလုံ‌အေလာက္ရွိေၾကာင္း လာလီဂါဥကၠဌေျပာၾကား

လာလီဂါဥကၠဌဂ်ားဗီးယားတီဘက္စ္ကရီးရဲလ္မက္ဒရစ္တြင္အာလင္းဟာလန္းႏွင့္ကိုင္လီယန္ဘက္ေပးတို႔ႏွစ္ဦးလုံးအားေခၚယူရန္ေငြေၾကးအလုံအေလာက္ရွိေနေၾကာင္းေျပာၾကားလိုက္ပါတယ္။

ရီးရဲလ္မက္ဒရစ္ဟာၿပီးခဲ့တဲ့ေႏြရာသီအေျပာင္းအေ႐ႊ႕ေဈးကြက္တုန္းကကိုင္လီယန္ဘက္ေပးအားေခၚယူရန္အႀကိမ္ႀကိမ္ကမ္းလွမ္းမႈျပဳလုပ္ခဲ့ေသာ္လည္းပီအက္စ္ဂ်ီရဲ႕ပယ္ခ်ျခင္းခံခဲ့ရပါတယ္။

ယခုအခါရီးရဲလ္မက္ဒရစ္ဟာယခုရာသီအကုန္တြင္ပီအက္စ္ဂ်ီႏွင့္စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ဘက္ေပးကိုအလြတ္ေျပာင္းေ႐ႊ႕ေၾကးျဖင့္ေခၚယူမယ့္အျပင္ေဒါ့မြန္စတားဟာလန္းကိုလည္းေခၚယူရန္လုပ္ေဆာင္ေနပါတယ္။

တီဘက္စ္က “ရီးရဲလ္မက္ဒရစ္ဟာယူ႐ိုသန္း၂၀၀တန္ဖိုးရွိကစားသမားေတြကိုေရာင္းခ်မႈျပဳလုပ္ခဲ့ပါတယ္။သူတို႔ဟာဘက္ေပးနဲ႔ဟာလန္းတို႔ကိုတၿပိဳင္တည္းေခၚယူဖို႔ေငြေၾကးအလုံအေလာက္ရွိပါတယ္။သူတို႔ေငြေတြအမ်ားႀကီးမရႈံးပါဘူး။သူတို႔ဟာကစားသမားေရာင္းၿပီးေငြအမ်ားႀကီးရထားပါတယ္။ယူ႐ိုသန္း၄၀၀ေလာက္အရႈံးေပၚတဲ့ကလပ္၊လုပ္ခယူ႐ိုသန္း၅၀၀ေလာက္သုံးတဲ့ကလပ္ကဘက္ေပးအတြက္ကမ္းလွမ္းမႈကိုပယ္ခ်ခဲ့တာကေတာ့နားမလည္ႏိုင္ေအာင္ျဖစ္ရတယ္။ျပင္သစ္ကစည္းမ်ဥ္းကမေအာင္ျမင္ပါဘူး။သူတို႔ေၾကာင့္ဥေရာပေဈးကြက္ကိုနစ္နာေစပါတယ္။ယူအီးအက္ဖ္ေအရဲ႕စနစ္ကမွားယြင္းေနပါတယ္”လို႔ေျပာၾကားသြားပါတယ္။

လာလီဂါဟာၿပီးခဲ့တဲ့ေႏြရာသီတြင္လိဂ္ၿပိဳင္ပြဲကိုအမ်ားႀကီးဆြဲေဆာင္မႈျဖစ္ေစတဲ့ လီယြန္နယ္မက္ဆီအားဆုံးရႈံးလိုက္ရမႈနဲ႔အတူလူစိတ္ဝင္စားမႈေလွ်ာ့က်လာခဲ့ပါတယ္။