ဟာလန်းနှင့် နှိုင်းယှဉ်ပြောကြားမှုကို ပီအက်စ်ဂျီစူပါစတားအမ်ဘက်ပီငြင်းဆို

ပီအက်စ်ဂျီစူပါစတားကိုင်လီယန်အမ်ဘက်ပီဟာဟာလန်းနှင့်နှိုင်းယှဉ်ပြောကြားနေမှုများအားဒေါ့မွန်တိုက်စစ်မှူးကိုကမ္ဘာ့ဘောလုံးလောကကသိလာခါစမျှသာရှိသေးကြောင်းပြောကြားကာငြင်းဆိုလိုက်ပါတယ်။

အမ်ဘက်ပီဟာ၂၀၁၇ခုနှစ်တွင်မိုနာကိုမှပီအက်စ်ဂျီသို့ပြောင်းလာပြီးနောက်သူ့မျိုးဆက်တွင်အကောင်းဆုံးကစားသမားတစ်ဦးအဖြစ်သတ်မှတ်ခြင်းခံထားရပြီးကစားသမားဘဝတစ်လျှောက်သွင်းဂိုး၂၃၁ဂိုးအထိသွင်းယူထားပြီးဖြစ်တဲ့အပြင်ကမ္ဘာ့ဖလားလည်းဆွတ်ခူးထားပြီးဖြစ်ပါတယ်။

အသက်၂၂နှစ်ရှိအမ်ဘက်ပီဟာပီအက်စ်ဂျီနှင့်အတူဆက်လက်ခြေစွမ်းပြနိုင်မှုနဲ့အတူ၂၀၂၁ခုနှစ် Ballon d’Or ဆုအတွက်ရေပန်းစားနေတဲ့သူများထဲမှတစ်ဦးဖြစ်နေပါတယ်။ဒါပေမယ့်ဟာလန်းမှာမူလွန်ခဲ့တဲ့တစ်နှစ်ကျော်ကမှဘောလုံးလောကတစ်ခုလုံးရဲ့အာရုံစိုက်ခြင်းခံလာခဲ့ရသူလည်းဖြစ်ပါတယ်။

ကိုင်လီယန်အမ်ဘက်ပီနှင့်အာလင်းဟာလန်းတို့ကိုတစ်နေ့တွင်ခရစ္စတီယာနိုရော်နယ်ဒိုနှင့်လီယွန်နယ်မက်ဆီတို့ကဲ့သို့ဘောလုံးလောကနံပါတ်တစ်နေရာအတွက်ယှဉ်ပြိုင်လာကြမယ့်သူများအဖြစ်ယုံကြည်ထားကြပါတယ်။

အမ်ဘက်ပီက “ဒီရာသီကသူ့ရဲ့ဒုတိယရာသီမျှသာရှိပါသေးတယ်။သူ့နဲ့ပတ်သက်ပြီးကျွန်တော်တို့သိအောင်လုပ်ခစဘဲရှိပါသေးတယ်။သူ့အတွက်ကအစဘဲရှိပါသေးတယ်။သူလုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးကျွန်တော်ဝမ်းသာပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဒါ့အပြင်အမ်ဘက်ပီကကိုယ့်ကိုယ်ကိုအခြားကစားသမားများနှင့်နှိုင်းယှဉ်ကာကိုယ့်အရည်အချင်းကိုကောင်းသထက်ကောင်းအောင်လုပ်ဆောင်လေ့ရှိကြောင်းလည်းပြောကြားသွားပါတယ်။

ZawGyi

ဟာလန္းႏွင့္ ႏႈိင္းယွဥ္ေျပာၾကားမႈကို ပီအက္စ္ဂ်ီစူပါစတားအမ္ဘက္ပီျငင္းဆို

ပီအက္စ္ဂ်ီစူပါစတားကိုင္လီယန္အမ္ဘက္ပီဟာဟာလန္းႏွင့္ႏႈိင္းယွဥ္ေျပာၾကားေနမႈမ်ားအားေဒါ့မြန္တိုက္စစ္မႉးကိုကမာၻ႔ေဘာလုံးေလာကကသိလာခါစမွ်သာရွိေသးေၾကာင္းေျပာၾကားကာျငင္းဆိုလိုက္ပါတယ္။

အမ္ဘက္ပီဟာ၂၀၁၇ခုႏွစ္တြင္မိုနာကိုမွပီအက္စ္ဂ်ီသို႔ေျပာင္းလာၿပီးေနာက္သူ႔မ်ိဳးဆက္တြင္အေကာင္းဆုံးကစားသမားတစ္ဦးအျဖစ္သတ္မွတ္ျခင္းခံထားရၿပီးကစားသမားဘဝတစ္ေလွ်ာက္သြင္းဂိုး၂၃၁ဂိုးအထိသြင္းယူထားၿပီးျဖစ္တဲ့အျပင္ကမာၻ႔ဖလားလည္းဆြတ္ခူးထားၿပီးျဖစ္ပါတယ္။

အသက္၂၂ႏွစ္ရွိအမ္ဘက္ပီဟာပီအက္စ္ဂ်ီႏွင့္အတူဆက္လက္ေျခစြမ္းျပႏိုင္မႈနဲ႔အတူ၂၀၂၁ခုႏွစ္ Ballon d’Or ဆုအတြက္ေရပန္းစားေနတဲ့သူမ်ားထဲမွတစ္ဦးျဖစ္ေနပါတယ္။ဒါေပမယ့္ဟာလန္းမွာမူလြန္ခဲ့တဲ့တစ္ႏွစ္ေက်ာ္ကမွေဘာလုံးေလာကတစ္ခုလုံးရဲ႕အာ႐ုံစိုက္ျခင္းခံလာခဲ့ရသူလည္းျဖစ္ပါတယ္။

ကိုင္လီယန္အမ္ဘက္ပီႏွင့္အာလင္းဟာလန္းတို႔ကိုတစ္ေန႔တြင္ခရစၥတီယာႏိုေရာ္နယ္ဒိုႏွင့္လီယြန္နယ္မက္ဆီတို႔ကဲ့သို႔ေဘာလုံးေလာကနံပါတ္တစ္ေနရာအတြက္ယွဥ္ၿပိဳင္လာၾကမယ့္သူမ်ားအျဖစ္ယုံၾကည္ထားၾကပါတယ္။

အမ္ဘက္ပီက “ဒီရာသီကသူ႔ရဲ႕ဒုတိယရာသီမွ်သာရွိပါေသးတယ္။သူ႔နဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔သိေအာင္လုပ္ခစဘဲရွိပါေသးတယ္။သူ႔အတြက္ကအစဘဲရွိပါေသးတယ္။သူလုပ္ေဆာင္ေနတာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ဝမ္းသာပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဒါ့အျပင္အမ္ဘက္ပီကကိုယ့္ကိုယ္ကိုအျခားကစားသမားမ်ားႏွင့္ႏႈိင္းယွဥ္ကာကိုယ့္အရည္အခ်င္းကိုေကာင္းသထက္ေကာင္းေအာင္လုပ္ေဆာင္ေလ့ရွိေၾကာင္းလည္းေျပာၾကားသြားပါတယ္။