ဟာလန်းမှာ ကမ္ဘာ့ပထမဆုံး ပေါင် ၁ ဘီလီယံတန်ကစားသမားဖြစ်လာမယ်လို့ အေးဂျင့်ပြောကြားလာ

အာလင်းဟာလန်းကိုကမ္ဘာ့ပထမဆုံး ပေါင်၁ဘီလီယံတန်ကစားသမားဖြစ်လာမယ်လို့ သူ့အေးဂျင့်ဖြစ်သူကဟောကိန်းထုတ်လာပါတယ်။

ဟာလန်းဟာဘောလုံးလောကရဲ့အကောင်းဆုံးတိုက်စစ်မှူးများထဲမှတစ်ဦးအဖြစ်ရပ်တည်နေပြီး နွေရာသီတွင်မန်စီးတီးသို့ရောက်လာပြီးနောက်ဂိုး၂၀သွင်းထားပြီးဖြစ်ပါတယ်။

မန်စီးတီးဟာနော်ဝေတိုက်စစ်မှူးကိုခေါ်ယူရန်အတွက်နွေရာသီတုန်းကဒေါ့မွန်ကိုပေါင်၅၁သန်းတည်းသာပေးခဲ့ရပါတယ်။

ယခုအခါအေးဂျင့်ရာဖီလာပီမန်တာက “တစ်ဘီလီယံပါ။တကယ်လို့နှိုင်းယှဉ်ရင်ပေါ့။အာလင်း(ဟာလန်း)နဲ့ကိုင်လီယန်ဘက်ပေးကိုနှိုင်းယှဉ်တာကပုံမှန်ပါ။အာလင်းကတစ်ဘီလီယံတန်အပြောင်းအရွှေ့ဖြစ်လာနိုင်တဲ့သူလို့ကျွန်မထင်တယ်”လို့ပြောကြားသွားပါတယ်။

အာလင်းဟာဟာလန်းဟာမန်စီးတီးနှင့်ငါးနှစ်စာချုပ်ချုပ်ဆိုထားတာဖြစ်ပါတယ်။ဒါပေမဲ့သူ့ရဲ့မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်ပါအချက်အရ၂၀၂၄ခုနှစ်တွင် ပေါင်၁၇၅.၅သန်း(ယူရိုသန်း၂၀၀)ဖြင့်ခေါ်ယူနိုင်တဲ့အချက်ကိုထည့်သွင်းချုပ်ဆိုထားပါတယ်။

ZawGyi





