
ဘာစီလိုနာနည်းပြဇာဗီးကမန်စီးတီးပစ်မှတ်အာလင်းဟာလန်းမှာနူးကမ့်သို့ပြောင်းရွှေ့ရေးငြင်းပယ်ရန်ခက်ခဲလိမ့်မယ်လို့ပြောကြားလာပါတယ်။
ပရီးမီးယားလိဂ်ချန်ပီယံဟာရီးရဲလ်မက်ဒရစ်နှင့်အတူ ဒေါ့မွန်တိုက်စစ်မှူးဟာလန်းကိုယခုနွေရာသီတွင်စာချုပ်ပါအချက်အတိုင်းပြောင်းရွှေ့ကြေးပေါင်၆၄သန်းဖြင့်ခေါ်ယူနိုင်ရန်ထိပ်ဆုံးမှရေပန်းစားနေပါတယ်။
ဘာစီလိုနာဟာလည်းဟာလန်းကိုခေါ်ယူလိုတဲ့အသင်းများတွင်ပါဝင်ပေမဲ့ ဘဏ္ဍာရေးအခြေအနေကြောင့်ခေါ်ယူရေးကြိုးပမ်းလာဖို့တော့မရှိပါဘူး။
ဒါပေမဲ့ဇာဗီးဟာပြီးခဲ့တဲ့လတုန်းကမြူးနစ်သို့သွားရောက်ကာဟာလန်းကိုခေါ်ယူရေးဖျောင်းဖျမှုပြုလုပ်ခဲ့ကြောင်းသတင်းထွက်ခဲ့ပါတယ်။
ဟာလန်းအားခေါ်ယူရေးနှင့်ပတ်သက်ပြီးဇာဗီးက “ဘယ်ကစားသမားမှဘာစီလိုနာကိုမငြင်းနိုင်ပါဘူး”လို့ပြောကြားသွားပါတယ်။
မန်စီးတီးဟာပြီးခဲ့တဲ့နွေရာသီတုန်းကထွက်ခွာသွားခဲ့တဲ့ဆာဂျီယိုအဂွဲရိုးနေရာတွင်အစားထိုးရန်တိုက်စစ်မှူးတစ်ဦးရှာဖွေနေတာဖြစ်ပြီး၎င်းတို့ရဲ့ပစ်မှတ်ထဲတွင်အာလင်းဟာလန်းကထိပ်ဆုံးကပါဝင်နေပါတယ်။
ZawGyi
ဟာလန္းမွာ ဘာစီလိုနာကို ပယ္ခ်ရန္ ခက္ခဲလိမ့္မယ္လို႔ ဇာဗီးေျပာၾကားလာ
ဘာစီလိုနာနည္းျပဇာဗီးကမန္စီးတီးပစ္မွတ္အာလင္းဟာလန္းမွာႏူးကမ့္သို႔ေျပာင္းေ႐ႊ႕ေရးျငင္းပယ္ရန္ခက္ခဲလိမ့္မယ္လို႔ေျပာၾကားလာပါတယ္။
ပရီးမီးယားလိဂ္ခ်န္ပီယံဟာရီးရဲလ္မက္ဒရစ္ႏွင့္အတူ ေဒါ့မြန္တိုက္စစ္မႉးဟာလန္းကိုယခုေႏြရာသီတြင္စာခ်ဳပ္ပါအခ်က္အတိုင္းေျပာင္းေ႐ႊ႕ေၾကးေပါင္၆၄သန္းျဖင့္ေခၚယူႏိုင္ရန္ထိပ္ဆုံးမွေရပန္းစားေနပါတယ္။
ဘာစီလိုနာဟာလည္းဟာလန္းကိုေခၚယူလိုတဲ့အသင္းမ်ားတြင္ပါဝင္ေပမဲ့ ဘ႑ာေရးအေျခအေနေၾကာင့္ေခၚယူေရးႀကိဳးပမ္းလာဖို႔ေတာ့မရွိပါဘူး။
ဒါေပမဲ့ဇာဗီးဟာၿပီးခဲ့တဲ့လတုန္းကျမဴးနစ္သို႔သြားေရာက္ကာဟာလန္းကိုေခၚယူေရးေဖ်ာင္းဖ်မႈျပဳလုပ္ခဲ့ေၾကာင္းသတင္းထြက္ခဲ့ပါတယ္။
ဟာလန္းအားေခၚယူေရးႏွင့္ပတ္သက္ၿပီးဇာဗီးက “ဘယ္ကစားသမားမွဘာစီလိုနာကိုမျငင္းႏိုင္ပါဘူး”လို႔ေျပာၾကားသြားပါတယ္။
မန္စီးတီးဟာၿပီးခဲ့တဲ့ေႏြရာသီတုန္းကထြက္ခြာသြားခဲ့တဲ့ဆာဂ်ီယိုအဂြဲ႐ိုးေနရာတြင္အစားထိုးရန္တိုက္စစ္မႉးတစ္ဦးရွာေဖြေနတာျဖစ္ၿပီး၎တို႔ရဲ႕ပစ္မွတ္ထဲတြင္အာလင္းဟာလန္းကထိပ္ဆုံးကပါဝင္ေနပါတယ္။