ဟာလန်းမှာ မိမိရဲ့အဆင့်မျိုးသို့ မရောက်သေးကြောင်း ချက်နဲ့လက်နဲ့ ပြောချလာတဲ့ဘက်ပေး

ကိုင်လီယန်ဘက်ပေးကအာလင်းဟာလန်းမှာမိမိရဲ့အဆင့်မျိုးသို့ရောက်ခြင်းမရှိသေးကြောင်းအင်တာဗျူးတစ်ခုမှာချက်နဲ့လက်နဲ့ပြောကြားလာပါတယ်။

ဘက်ပေးနှင့်ဟာလန်းတို့ဟာလီယွန်နယ်မက်ဆီနှင့်ခရစ္စတီယာနိုရော်နယ်ဒိုတို့ရဲ့ခြေရာကိုနင်းမယ့်ကစားသမားများအဖြစ်ဘောလုံးလောကရဲ့သတ်မှတ်ခြင်းခံထားရသူများဖြစ်ပါတယ်။

ပီအက်စ်ဂျီစူပါစတားဘက်ပေးဟာ Esquire နှင့်အင်တာဗျူးမှာဟာလန်းနှင့်ပတ်သက်ပြီးဆွေးနွေးမှုပြုလုပ်လာပါတယ်။ယင်းအင်တာဗျူးမှာပြင်သစ်စူပါစတားကဟာလန်းမှာမိမိရဲ့အဆင့်မျိုးသို့မရောက်သေးကြောင်းဆိုလာပါတယ်။

အသက်၂၃နှစ်ရှိဘက်ပေးက “ဒါကသူ့ရဲ့ဒုတိယနှစ်ပါ။သူနဲ့ပတ်သက်ပြီးကျွန်တော်တို့အပြည့်အစုံမသိရသေးပါဘူး။အခုမှသူ့အတွက်အစပဲရှိပါသေးတယ်။သူ့လုပ်ဆောင်နေတာနဲ့ပတ်သက်ပြီးကျွန်တော်ပျော်ပါတယ်”လို့ပြောကြားခဲ့ပါတယ်။

ဟာလန်းဟာပြီးခဲ့တဲ့ဘောလုံးရာသီတုန်းကဒေါ့မွန်နှင့်ပထမဆုံးရာသီပြည့်ကစားခဲ့တာဖြစ်ပြီး၂၈ပွဲကစားခဲ့ရာမှာ၂၇ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။

တစ်ဖက်တွင်ဘက်ပေးဟာပီအက်စ်ဂျီတွင်အနာဂတ်မရေမရာဖြစ်နေပါတယ်။သူဟာပီအက်စ်ဂျီနှင့်တစ်နှစ်စာချုပ်သာကျန်တော့သူဖြစ်ပြီးစာချုပ်သစ်ကမ်းလှမ်းမှုကိုပယ်ချထားပါတယ်။

ရီးရဲလ်မက်ဒရစ်ကပြင်သစ်စူပါစတားဘက်ပေးကိုပြောင်းရွှေ့ကြေးပေါင်သန်းတစ်ရာကျော်ဖြင့်ကမ်းလှမ်းဖြင့်စီစဉ်နေကြောင်းသတင်းထွက်နေပါတယ်။

ZawGyi

ဟာလန္းမွာ မိမိရဲ႕အဆင့္မ်ိဳးသို႔ မေရာက္ေသးေၾကာင္း ခ်က္နဲ႔လက္နဲ႔ ေျပာခ်လာတဲ့ဘက္ေပး

ကိုင္လီယန္ဘက္ေပးကအာလင္းဟာလန္းမွာမိမိရဲ႕အဆင့္မ်ိဳးသို႔ေရာက္ျခင္းမရွိေသးေၾကာင္းအင္တာဗ်ဴးတစ္ခုမွာခ်က္နဲ႔လက္နဲ႔ေျပာၾကားလာပါတယ္။

ဘက္ေပးႏွင့္ဟာလန္းတို႔ဟာလီယြန္နယ္မက္ဆီႏွင့္ခရစၥတီယာႏိုေရာ္နယ္ဒိုတို႔ရဲ႕ေျခရာကိုနင္းမယ့္ကစားသမားမ်ားအျဖစ္ေဘာလုံးေလာကရဲ႕သတ္မွတ္ျခင္းခံထားရသူမ်ားျဖစ္ပါတယ္။

ပီအက္စ္ဂ်ီစူပါစတားဘက္ေပးဟာ Esquire ႏွင့္အင္တာဗ်ဴးမွာဟာလန္းႏွင့္ပတ္သက္ၿပီးေဆြးေႏြးမႈျပဳလုပ္လာပါတယ္။ယင္းအင္တာဗ်ဴးမွာျပင္သစ္စူပါစတားကဟာလန္းမွာမိမိရဲ႕အဆင့္မ်ိဳးသို႔မေရာက္ေသးေၾကာင္းဆိုလာပါတယ္။

အသက္၂၃ႏွစ္ရွိဘက္ေပးက “ဒါကသူ႔ရဲ႕ဒုတိယႏွစ္ပါ။သူနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္တို႔အျပည့္အစုံမသိရေသးပါဘူး။အခုမွသူ႔အတြက္အစပဲရွိပါေသးတယ္။သူ႔လုပ္ေဆာင္ေနတာနဲ႔ပတ္သက္ၿပီးကြၽန္ေတာ္ေပ်ာ္ပါတယ္”လို႔ေျပာၾကားခဲ့ပါတယ္။

ဟာလန္းဟာၿပီးခဲ့တဲ့ေဘာလုံးရာသီတုန္းကေဒါ့မြန္ႏွင့္ပထမဆုံးရာသီျပည့္ကစားခဲ့တာျဖစ္ၿပီး၂၈ပြဲကစားခဲ့ရာမွာ၂၇ဂိုးသြင္းယူႏိုင္ခဲ့ပါတယ္။

တစ္ဖက္တြင္ဘက္ေပးဟာပီအက္စ္ဂ်ီတြင္အနာဂတ္မေရမရာျဖစ္ေနပါတယ္။သူဟာပီအက္စ္ဂ်ီႏွင့္တစ္ႏွစ္စာခ်ဳပ္သာက်န္ေတာ့သူျဖစ္ၿပီးစာခ်ဳပ္သစ္ကမ္းလွမ္းမႈကိုပယ္ခ်ထားပါတယ္။

ရီးရဲလ္မက္ဒရစ္ကျပင္သစ္စူပါစတားဘက္ေပးကိုေျပာင္းေ႐ႊ႕ေၾကးေပါင္သန္းတစ္ရာေက်ာ္ျဖင့္ကမ္းလွမ္းျဖင့္စီစဥ္ေနေၾကာင္းသတင္းထြက္ေနပါတယ္။