ဟာလန်းရဲ့တုန်လှုပ်ဖွယ်ဂိုးသွင်းနှုန်းကြောင့် အခြားတိုက်စစ်မှူးများအတွက် ငွေဖိနပ်ဆု ဖန်တီးချီးမြှင့်ရန် ပရီးမီးယားလိဂ်တောင်းဆိုခံနေရ

နယူးကာဆယ်တိုက်စစ်မှူးကယ်လမ်ဝီလ်ဆင်ကအာလင်းဟာလန်းမှာ ပရီးမီးယားလိဂ်ရွှေဖိနပ်ဆုကိုရရှိထားပြီးဖြစ်ပြီးအခြားကျန်ပရီးမီးယားလိဂ်တိုက်စစ်မှူးများအတွက် ဒုတိယဆုတစ်ခုဖန်တီးပေးသင့်ကြောင်းပြောကြားလာပါတယ်။

အာလင်းဟာလန်းဟာမန်စီးတီးအတွက်ပရီးမီးယားလိဂ်ပွဲ၈ပွဲတည်းကစားထားရာမှာ၁၄ဂိုးအထိသွင်းယူထားနိုင်ပါတယ်။

နော်ဝေတိုက်စစ်မှူးဟာဟက်ထရစ်သုံးကြိမ်အဖြစ်အမြန်သွင်းနိုင်သူအဖြစ်လည်းကောင်း၊အိမ်ကွင်းသုံးပွဲဆက်ဟက်ထရစ်သွင်းနိုင်သူအဖြစ်လည်းကောင်းမှတ်တမ်းရေးထိုးထားပါတယ်။

အာလင်းဟာလန်းရဲ့လက်ရှိတုန်လှုပ်ဖွယ်ဂိုးသွင်းနိုင်ကြောင့်ဒီဇီဒိန်းရဲ့၉၅နှစ်ကြာ အဆင့်မြင့်တစ်ရာသီတည်းတွင်ဂိုး၆၀သွင်းနိုင်တဲ့စံချိန်ကိုပါရိုက်ချိုးလာမယ်လို့ခန့်မှန်းခြင်းခံထားရပါတယ်။

အာလင်းဟာလန်းအနေဖြင့်နောက်ထပ်၁၀ဂိုးသွင်းရုံဖြင့်ယမန်နှစ်ပရီးမီးယားလိဂ်ဂိုးသွင်းဘုရင်ဆာလက်နှင့်ဆန်ဟောင်မင်းတို့ရဲ့သွင်းဂိုးကိုကျော်ဖြတ်လာပါမယ်။

ဒါကြောင့်လည်းနယူးကာဆယ်တိုက်စစ်မှူးကယ်ဆင်ဝီလ်ဆင်ကအခြားတိုက်စစ်မှူးများအတွက် ငွေဖိနပ်ဆုဖန်တီးပေးသင့်ကြောင်းပြောကြားလာပါတယ်။

ဝီလ်ဆင်က “တိုက်စစ်မှူးတစ်ဦးအနေနဲ့ဂိုးတွေအများကြီးသွင်းနိုင်ရင်ရာသီအကုန်မှာရွှေဖိနပ်ဆုတစ်ဆုရှိနေမယ်။ဒါပေမဲ့အခုတော့မရှိတော့ပါဘူး။သူ့အတွက်ရွှေဖိနပ်ဆုတစ်ခုလိုတယ်။ပြီးတော့ကျွန်တော်တို့အပါအဝင်အခြားတိုက်စစ်မှူးတွေအတွက်နောက်ထပ်တစ်ဆုလိုတယ်။ဒီနေ့အချိန်မှာကျွန်တော်တို့အတွက်ငွေဖိနပ်ဆုလုပ်ပေးသင့်တယ်လို့ထင်တယ်။ဒါမှလည်းကျွန်တော်တို့အတွက်နည်းနည်းမျှတလာမှာပါ။ကျွန်တော့်ပုဂ္ဂိုလ်ရေးအမြင်အရဒီနှစ်မှာသူဟာပရီးမီးယားလိဂ်တစ်ရာသီသွင်းဂိုးစံချိန်သစ်ရေးထိုးလာမယ်လို့ထင်တယ်”လို့ပြောကြားသွားပါတယ်။

ဒါ့အပြင်ဝီလ်ဆင်ကအာလင်းဟာလန်းမှာဂိုး၄၀အထက်သွင်းယူလာမယ်လို့လည်းပြောကြားသွားပါတယ်။၎င်းက “၄၅ဂိုးကိုပြောတာ။အနည်းဆုံးပြောတာပါ”လို့ပြောကြားသွားပါတယ်။

အာလင်းဟာလန်းဟာကြားရက်တုန်းကကိုပင်ဟေဂင်နှင့်ပွဲတွင်နှစ်ဂိုးသွင်းယူပြီးနောက်မန်စီးတီးအတွက်ပြိုင်ပွဲအရပ်ရပ်တွင်၁၁ပွဲကစားထားရာမှာ၁၉ဂိုးအထိသွင်းထားနိုင်ပါတယ်။

ZawGyi

ဟာလန္းရဲ႕တုန္လႈပ္ဖြယ္ဂိုးသြင္းႏႈန္းေၾကာင့္ အျခားတိုက္စစ္မႉးမ်ားအတြက္ ေငြဖိနပ္ဆု ဖန္တီးခ်ီးျမႇင့္ရန္ ပရီးမီးယားလိဂ္ေတာင္းဆိုခံေနရ

နယူးကာဆယ္တိုက္စစ္မႉးကယ္လမ္ဝီလ္ဆင္ကအာလင္းဟာလန္းမွာ ပရီးမီးယားလိဂ္ေ႐ႊဖိနပ္ဆုကိုရရွိထားၿပီးျဖစ္ၿပီးအျခားက်န္ပရီးမီးယားလိဂ္တိုက္စစ္မႉးမ်ားအတြက္ ဒုတိယဆုတစ္ခုဖန္တီးေပးသင့္ေၾကာင္းေျပာၾကားလာပါတယ္။

အာလင္းဟာလန္းဟာမန္စီးတီးအတြက္ပရီးမီးယားလိဂ္ပြဲ၈ပြဲတည္းကစားထားရာမွာ၁၄ဂိုးအထိသြင္းယူထားႏိုင္ပါတယ္။

ေနာ္ေဝတိုက္စစ္မႉးဟာဟက္ထရစ္သုံးႀကိမ္အျဖစ္အျမန္သြင္းႏိုင္သူအျဖစ္လည္းေကာင္း၊အိမ္ကြင္းသုံးပြဲဆက္ဟက္ထရစ္သြင္းႏိုင္သူအျဖစ္လည္းေကာင္းမွတ္တမ္းေရးထိုးထားပါတယ္။

အာလင္းဟာလန္းရဲ႕လက္ရွိတုန္လႈပ္ဖြယ္ဂိုးသြင္းႏိုင္ေၾကာင့္ဒီဇီဒိန္းရဲ႕၉၅ႏွစ္ၾကာ အဆင့္ျမင့္တစ္ရာသီတည္းတြင္ဂိုး၆၀သြင္းႏိုင္တဲ့စံခ်ိန္ကိုပါ႐ိုက္ခ်ိဳးလာမယ္လို႔ခန႔္မွန္းျခင္းခံထားရပါတယ္။

အာလင္းဟာလန္းအေနျဖင့္ေနာက္ထပ္၁၀ဂိုးသြင္း႐ုံျဖင့္ယမန္ႏွစ္ပရီးမီးယားလိဂ္ဂိုးသြင္းဘုရင္ဆာလက္ႏွင့္ဆန္ေဟာင္မင္းတို႔ရဲ႕သြင္းဂိုးကိုေက်ာ္ျဖတ္လာပါမယ္။

ဒါေၾကာင့္လည္းနယူးကာဆယ္တိုက္စစ္မႉးကယ္ဆင္ဝီလ္ဆင္ကအျခားတိုက္စစ္မႉးမ်ားအတြက္ ေငြဖိနပ္ဆုဖန္တီးေပးသင့္ေၾကာင္းေျပာၾကားလာပါတယ္။

ဝီလ္ဆင္က “တိုက္စစ္မႉးတစ္ဦးအေနနဲ႔ဂိုးေတြအမ်ားႀကီးသြင္းႏိုင္ရင္ရာသီအကုန္မွာေ႐ႊဖိနပ္ဆုတစ္ဆုရွိေနမယ္။ဒါေပမဲ့အခုေတာ့မရွိေတာ့ပါဘူး။သူ႔အတြက္ေ႐ႊဖိနပ္ဆုတစ္ခုလိုတယ္။ၿပီးေတာ့ကြၽန္ေတာ္တို႔အပါအဝင္အျခားတိုက္စစ္မႉးေတြအတြက္ေနာက္ထပ္တစ္ဆုလိုတယ္။ဒီေန႔အခ်ိန္မွာကြၽန္ေတာ္တို႔အတြက္ေငြဖိနပ္ဆုလုပ္ေပးသင့္တယ္လို႔ထင္တယ္။ဒါမွလည္းကြၽန္ေတာ္တို႔အတြက္နည္းနည္းမွ်တလာမွာပါ။ကြၽန္ေတာ့္ပုဂၢိဳလ္ေရးအျမင္အရဒီႏွစ္မွာသူဟာပရီးမီးယားလိဂ္တစ္ရာသီသြင္းဂိုးစံခ်ိန္သစ္ေရးထိုးလာမယ္လို႔ထင္တယ္”လို႔ေျပာၾကားသြားပါတယ္။

ဒါ့အျပင္ဝီလ္ဆင္ကအာလင္းဟာလန္းမွာဂိုး၄၀အထက္သြင္းယူလာမယ္လို႔လည္းေျပာၾကားသြားပါတယ္။၎က “၄၅ဂိုးကိုေျပာတာ။အနည္းဆုံးေျပာတာပါ”လို႔ေျပာၾကားသြားပါတယ္။

အာလင္းဟာလန္းဟာၾကားရက္တုန္းကကိုပင္ေဟဂင္ႏွင့္ပြဲတြင္ႏွစ္ဂိုးသြင္းယူၿပီးေနာက္မန္စီးတီးအတြက္ၿပိဳင္ပြဲအရပ္ရပ္တြင္၁၁ပြဲကစားထားရာမွာ၁၉ဂိုးအထိသြင္းထားႏိုင္ပါတယ္။