ဟာလန်းရဲ့ဖခင်အား ဒဏ်ရာရအောင် တမင်လုပ်ခဲ့မှုအပေါ် နောင်တမရကြောင်း သရဲနီဂန္ထဝင်ပြောကြား

မန်ယူဂန္ထဝင်ကစားသမားရွိုင်ကိန်းကမန်စီးတီးကစားသမားဟောင်းနှင့်အာလင်းဟာလန်းရဲ့ဖခင်အယ်လ်ဖင်ဟာလန်းအားဒဏ်ရာရရှိအောင်ကြမ်းတမ်းစွာဖျက်ထုတ်ကစားခဲ့မှုအပေါ်နောင်တမရကြောင်းဆိုသွားပါတယ်။

အိုင်ယာလန်အသင်းခေါင်းဆောင်ဟောင်းဟာRoad To Wembley စီးရီးတွင်မန်စီးတီးနောက်ခံလူဟောင်းမီကာရစ်ချက်ကမေးမြန်းလာအားဖြေကြားခဲ့တာလည်းဖြစ်ပါတယ်။

ကိန်းက၎င်းမှာပြိုင်ဘက်ကစားသမားကိုတမင်နာကျင်ရအောင်ရည်ရွယ်ဖျက်ထုတ်မှုပြုလုပ်ခဲ့ဖူးကြောင်း၊၎င်းကိုလည်းအခြားကစားသမားများကနာကျင်အောင်ပြုလုပ်ခဲ့ဖူးရာယင်းဖြစ်ရပ်တို့အတွက်လုံးဝတောင်းပန်မည်မဟုတ်ကြောင်းဆိုသွားပါတယ်။ဒါပေမယ့်ကိန်းကပြိုင်ဘက်ကစားသမားကိုဒဏ်ရာရရှိအောင်တမင်မလုပ်ခဲ့ကြောင်းလည်းဆိုသွားပြန်ပါတယ်။

၂၀၀၁ခုနှစ်တုန်းကမန်ချက်စတာဒါဘီပွဲစဉ်မှာရွိုင်ကိန်းဟာအယ်လ်ဖင်ဟာလန်းအားကြမ်းတမ်းစွာဖျက်ထုတ်မှုပြုလုပ်ခဲ့ခြင်းကြောင့်အနီကတ်ပြထုတ်ပယ်ခြင်းခံခဲ့ရပါတယ်။

ကိန်းဟာယင်းဖျက်ထုတ်မှုအတွက်၃ပွဲပယ်ခံခဲ့ရပါတယ်။ဒါ့အပြင်ကိန်းဟာ၂၀၀၂ခုနှစ်မှာထွက်တဲ့ကိုယ်ရေးအတ္ထုပတ္တိစာအုပ်အတွင်းတွင်ဟာလန်းကသူ့ကိုဝေဖန်မှုပြုလုပ်ခဲ့ခြင်းကြောင့်တမင်ရည်ရွယ်လုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်းရေးသားခဲ့ရာနောက်ထပ်ငါးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရပါတယ်။

SkyBet Road To Wembley စီးရီးတွင်မန်စီးတီးနောက်ခံလူဟောင်းကမန်ယူအလယ်တန်းကစားသမားဟောင်းအားကစားသမားဘဝတုန်းကအဖြစ်အပျက်များအတွက်နောင်တရမှုရှိသလားဟုမေးမြန်းခဲ့ပါတယ်။

ကိန်းက “ငါတစ်ခုခုပြောရမလား။ဘောလုံးကွင်းထဲမှာဖြစ်ပျက်တာနဲ့ပတ်သက်ပြီးလုံးဝနောင်တမရပါဘူး”လို့ဆိုခဲ့ပါတယ်။ဒါ့အပြင်ချက်ချင်းပင်ကိန်းက “နားထောင်။ငါအထုတ်ခံခဲ့ရတယ်။ပြီးတော့အသင်းကိုနိမ့်ကျအောင်လုပ်ခဲ့တယ်”လို့ဝန်ခံခဲ့ပါတယ်။

ဆက်တိုက်ဆိုသလိုရစ်ချက်ကဟာလန်းအားဖျက်ထုတ်မှုနဲ့ပတ်သက်ပြီးမေးမြန်းခဲ့ပါတယ်။ကိန်းကလည်းယင်းဖြစ်ရပ်ကိုရှင်းပြခဲ့ပါတယ်။

ကိန်းက “ငါကလူတွေနဲ့တိုက်ပွဲဆင်နွဲနေရတယ်။တစ်ရွာလုံးနဲ့တစ်ယောက်လိုပဲ”လို့ပြောကြားခဲ့ပါတယ်။

ရစ်ချက်ကကိန်းမှာဟာလန်းကိုတမင်ရည်ရွယ်လုပ်ခဲ့သလားလို့မေးမြန်းရာမန်ယူအသင်းခေါင်းဆောင်ဟောင်းကလည်းတမင်မလုပ်ခဲ့ကြောင်းဆိုသွားပါတယ်။

ကိန်းက “ကစားသမားတွေကိုနာကျင်အောင်လုပ်ခဲ့သလားဆိုတော့လုပ်ခဲ့ဖူးတယ်။ဒါပေမယ့်တောင်းပန်မှာတော့မဟုတ်ဘူး။ငါ့ကိုလည်းနာအောင်လုပ်ကြတာပဲလေ။ဒီအတွက်တောင်းပန်ဖို့ပြောနေမှာလည်းမဟုတ်ဘူး။ဒါပေမယ့်ငါ့ဘဝမှာဘယ်ကစားသမားတစ်ဦးဦးကိုမှဒဏ်ရာရပါစေတော့ဆိုပြီးမလုပ်ခဲ့ဖူးဘူး။ဒါပေမယ့်ကစားသမားတွေကိုနာအောင်လုပ်ခဲ့တယ်။ကွင်းလယ်ကဘောလုံးတစ်လုံးအတွက်ကြိုးစားနေချိန်မှာဘယ်သူမဆိုဒဏ်ရာရသွားနိုင်တာပဲလေ”လို့ပြောကြားခဲ့ပါတယ်။

အယ်လ်ဖင်ဟာလန်းဟာအထက်ပါအဖြစ်အပျက်ဖြစ်ပြီးနောက်၂၀၀၃ခုနှစ်မှာကစားသမားဘဝမှအနားယူခဲ့ရပါတယ်။သူဟာရွိုင်ကိန်းကကိုယ်ရေးအတ္ထုပတ္တိမှာတမင်ဒဏ်ရာရအောင်လုပ်နိုင်ခဲ့တာဖြစ်နိုင်တယ်လို့ရေးသားခဲ့ပြီးနောက်တရားစွဲဆိုရန်စီစဉ်ခဲ့ပါသေးတယ်။ဒါပေမယ့်တကယ်တော့ဟာလန်းဟာကိန်းရဲ့ဖျက်ထုတ်မှုကြောင့်ညာဖက်ခြေထောက်ဒဏ်ရာရခဲ့တာဖြစ်ပြီးသူဟာဘယ်ဖက်ခြေထောက်ဒဏ်ရာကြောင့်အနားယူခဲ့ရတာပါ။

ZawGyi

ဟာလန္းရဲ႕ဖခင္အား ဒဏ္ရာရေအာင္ တမင္လုပ္ခဲ့မႈအေပၚ ေနာင္တမရေၾကာင္း သရဲနီဂႏၴဝင္ေျပာၾကား

မန္ယူဂႏၴဝင္ကစားသမား႐ြိဳင္ကိန္းကမန္စီးတီးကစားသမားေဟာင္းႏွင့္အာလင္းဟာလန္းရဲ႕ဖခင္အယ္လ္ဖင္ဟာလန္းအားဒဏ္ရာရရွိေအာင္ၾကမ္းတမ္းစြာဖ်က္ထုတ္ကစားခဲ့မႈအေပၚေနာင္တမရေၾကာင္းဆိုသြားပါတယ္။

အိုင္ယာလန္အသင္းေခါင္းေဆာင္ေဟာင္းဟာRoad To Wembley စီးရီးတြင္မန္စီးတီးေနာက္ခံလူေဟာင္းမီကာရစ္ခ်က္ကေမးျမန္းလာအားေျဖၾကားခဲ့တာလည္းျဖစ္ပါတယ္။

ကိန္းက၎မွာၿပိဳင္ဘက္ကစားသမားကိုတမင္နာက်င္ရေအာင္ရည္႐ြယ္ဖ်က္ထုတ္မႈျပဳလုပ္ခဲ့ဖူးေၾကာင္း၊၎ကိုလည္းအျခားကစားသမားမ်ားကနာက်င္ေအာင္ျပဳလုပ္ခဲ့ဖူးရာယင္းျဖစ္ရပ္တို႔အတြက္လုံးဝေတာင္းပန္မည္မဟုတ္ေၾကာင္းဆိုသြားပါတယ္။ဒါေပမယ့္ကိန္းကၿပိဳင္ဘက္ကစားသမားကိုဒဏ္ရာရရွိေအာင္တမင္မလုပ္ခဲ့ေၾကာင္းလည္းဆိုသြားျပန္ပါတယ္။

၂၀၀၁ခုႏွစ္တုန္းကမန္ခ်က္စတာဒါဘီပြဲစဥ္မွာ႐ြိဳင္ကိန္းဟာအယ္လ္ဖင္ဟာလန္းအားၾကမ္းတမ္းစြာဖ်က္ထုတ္မႈျပဳလုပ္ခဲ့ျခင္းေၾကာင့္အနီကတ္ျပထုတ္ပယ္ျခင္းခံခဲ့ရပါတယ္။

ကိန္းဟာယင္းဖ်က္ထုတ္မႈအတြက္၃ပြဲပယ္ခံခဲ့ရပါတယ္။ဒါ့အျပင္ကိန္းဟာ၂၀၀၂ခုႏွစ္မွာထြက္တဲ့ကိုယ္ေရးအတၳဳပတၱိစာအုပ္အတြင္းတြင္ဟာလန္းကသူ႔ကိုေဝဖန္မႈျပဳလုပ္ခဲ့ျခင္းေၾကာင့္တမင္ရည္႐ြယ္လုပ္ခဲ့ျခင္းျဖစ္ႏိုင္ေၾကာင္းေရးသားခဲ့ရာေနာက္ထပ္ငါးပြဲပယ္ျပစ္ဒဏ္ခ်မွတ္ခံခဲ့ရပါတယ္။

SkyBet Road To Wembley စီးရီးတြင္မန္စီးတီးေနာက္ခံလူေဟာင္းကမန္ယူအလယ္တန္းကစားသမားေဟာင္းအားကစားသမားဘဝတုန္းကအျဖစ္အပ်က္မ်ားအတြက္ေနာင္တရမႈရွိသလားဟုေမးျမန္းခဲ့ပါတယ္။

ကိန္းက “ငါတစ္ခုခုေျပာရမလား။ေဘာလုံးကြင္းထဲမွာျဖစ္ပ်က္တာနဲ႔ပတ္သက္ၿပီးလုံးဝေနာင္တမရပါဘူး”လို႔ဆိုခဲ့ပါတယ္။ဒါ့အျပင္ခ်က္ခ်င္းပင္ကိန္းက “နားေထာင္။ငါအထုတ္ခံခဲ့ရတယ္။ၿပီးေတာ့အသင္းကိုနိမ့္က်ေအာင္လုပ္ခဲ့တယ္”လို႔ဝန္ခံခဲ့ပါတယ္။

ဆက္တိုက္ဆိုသလိုရစ္ခ်က္ကဟာလန္းအားဖ်က္ထုတ္မႈနဲ႔ပတ္သက္ၿပီးေမးျမန္းခဲ့ပါတယ္။ကိန္းကလည္းယင္းျဖစ္ရပ္ကိုရွင္းျပခဲ့ပါတယ္။

ကိန္းက “ငါကလူေတြနဲ႔တိုက္ပြဲဆင္ႏြဲေနရတယ္။တစ္႐ြာလုံးနဲ႔တစ္ေယာက္လိုပဲ”လို႔ေျပာၾကားခဲ့ပါတယ္။

ရစ္ခ်က္ကကိန္းမွာဟာလန္းကိုတမင္ရည္႐ြယ္လုပ္ခဲ့သလားလို႔ေမးျမန္းရာမန္ယူအသင္းေခါင္းေဆာင္ေဟာင္းကလည္းတမင္မလုပ္ခဲ့ေၾကာင္းဆိုသြားပါတယ္။

ကိန္းက “ကစားသမားေတြကိုနာက်င္ေအာင္လုပ္ခဲ့သလားဆိုေတာ့လုပ္ခဲ့ဖူးတယ္။ဒါေပမယ့္ေတာင္းပန္မွာေတာ့မဟုတ္ဘူး။ငါ့ကိုလည္းနာေအာင္လုပ္ၾကတာပဲေလ။ဒီအတြက္ေတာင္းပန္ဖို႔ေျပာေနမွာလည္းမဟုတ္ဘူး။ဒါေပမယ့္ငါ့ဘဝမွာဘယ္ကစားသမားတစ္ဦးဦးကိုမွဒဏ္ရာရပါေစေတာ့ဆိုၿပီးမလုပ္ခဲ့ဖူးဘူး။ဒါေပမယ့္ကစားသမားေတြကိုနာေအာင္လုပ္ခဲ့တယ္။ကြင္းလယ္ကေဘာလုံးတစ္လုံးအတြက္ႀကိဳးစားေနခ်ိန္မွာဘယ္သူမဆိုဒဏ္ရာရသြားႏိုင္တာပဲေလ”လို႔ေျပာၾကားခဲ့ပါတယ္။

အယ္လ္ဖင္ဟာလန္းဟာအထက္ပါအျဖစ္အပ်က္ျဖစ္ၿပီးေနာက္၂၀၀၃ခုႏွစ္မွာကစားသမားဘဝမွအနားယူခဲ့ရပါတယ္။သူဟာ႐ြိဳင္ကိန္းကကိုယ္ေရးအတၳဳပတၱိမွာတမင္ဒဏ္ရာရေအာင္လုပ္ႏိုင္ခဲ့တာျဖစ္ႏိုင္တယ္လို႔ေရးသားခဲ့ၿပီးေနာက္တရားစြဲဆိုရန္စီစဥ္ခဲ့ပါေသးတယ္။ဒါေပမယ့္တကယ္ေတာ့ဟာလန္းဟာကိန္းရဲ႕ဖ်က္ထုတ္မႈေၾကာင့္ညာဖက္ေျခေထာက္ဒဏ္ရာရခဲ့တာျဖစ္ၿပီးသူဟာဘယ္ဖက္ေျခေထာက္ဒဏ္ရာေၾကာင့္အနားယူခဲ့ရတာပါ။