
အာလင်းဟာလန်းရဲ့မန်စီးတီးနှင့်ချုပ်ဆိုထားတဲ့စာချုပ်အတွင်းတွင်၂၀၂၄ခုနှစ်တွင်သူ့ကိုခေါ်ယူနိုင်မယ့်စာချုပ်ဖျက်သိမ်းကြေးထည့်သွင်းချုပ်ဆိုထားကြောင်းသိရပါတယ်။
နော်ဝေစူပါစတားဟာနွေရာသီတွင်ဒေါ့မွန်မှပေါင်၅၁သန်းဖြင့်ရောက်လာပြီးနောက်ပရီးမီးယားလိဂ်ပွဲ၉ပွဲတွင်၁၅ဂိုးသွင်းယူထားနိုင်ပါတယ်။
အစောပိုင်းတုန်းကစပိန်မီဒီယာများကအသက်၂၂နှစ်ရှိတိုက်စစ်မှူးရဲ့မန်စီးတီးစာချုပ်တွင် ရီးရဲလ်မက်ဒရစ်ကခေါ်ယူနိုင်မဲ့အချက်ပါဝင်နေကြောင်းဖော်ပြခဲ့ကြဖူးပါတယ်။
ဒါပေမဲ့ဂွါဒီယိုလာက “ဒါမမှန်ပါဘူး။ရီးရဲလ်မက်ဒရစ်(သို့မဟုတ်)အခြားဘယ်အသင်းအတွက်မှစာချုပ်ဖျက်သိမ်းချက်မထည့်သွင်းထားပါဘူး”လို့ ငြင်းဆိုခဲ့ပါတယ်။
ဒါပေမဲ့ The Athletic က တကယ်တမ်းတွင်အာလင်းဟာလန်းရဲ့စာချုပ်အတွင်းမှာ၂၀၂၄ခုနှစ်မှာသူ့ကိုစာချုပ်ဖျက်သိမ်းကြေးပေးကာခေါ်ယူနိုင်မဲ့အချက်ပါဝင်နေကြောင်းဖော်ပြလာပါတယ်။
နိုင်ငံခြားကလပ်များအနေဖြင့်၂၀၂၄ခုနှစ်၊နွေရာသီတွင်အာလင်းဟာလန်းကို ပြောင်းရွှေ့ကြေးပေါင်၁၇၅.၅သန်းဖြင့်ခေါ်ယူနိုင်ပါမယ်။ဒါကြောင့်လည်းပရီးမီးယားလိဂ်ကလပ်များအနေဖြင့်အာလင်းဟာလန်းကိုခေါ်ယူနိုင်မှာမဟုတ်ပါဘူး။
ဒါ့အပြင် The Athletic ကအာလင်းဟာလန်းရဲ့စာချုပ်ပါ စာချုပ်ဖျက်သိမ်းကြေးပမာဏမှာစာချုပ်သက်တမ်းကုန်ဆုံးရန်နီးစပ်လာတာနဲ့အမျှလျှော့ကျလာမှာဖြစ်ကြောင်းလည်းဖော်ပြသွားပါတယ်။
ZawGyi
ဟာလန္းရဲ႕မန္စီးတီးစာခ်ဳပ္အတြင္းတြင္ ေပါင္ ၁၇၅ သန္းျဖင့္ ေခၚယူႏိုင္မဲ့ အခ်က္ပါဝင္ေန၊ ဒါေပမဲ့ ပရီးမီးယားလိဂ္ကလပ္မ်ား အသုံးမခ်ႏိုင္
အာလင္းဟာလန္းရဲ႕မန္စီးတီးႏွင့္ခ်ဳပ္ဆိုထားတဲ့စာခ်ဳပ္အတြင္းတြင္၂၀၂၄ခုႏွစ္တြင္သူ႔ကိုေခၚယူႏိုင္မယ့္စာခ်ဳပ္ဖ်က္သိမ္းေၾကးထည့္သြင္းခ်ဳပ္ဆိုထားေၾကာင္းသိရပါတယ္။
ေနာ္ေဝစူပါစတားဟာေႏြရာသီတြင္ေဒါ့မြန္မွေပါင္၅၁သန္းျဖင့္ေရာက္လာၿပီးေနာက္ပရီးမီးယားလိဂ္ပြဲ၉ပြဲတြင္၁၅ဂိုးသြင္းယူထားႏိုင္ပါတယ္။
အေစာပိုင္းတုန္းကစပိန္မီဒီယာမ်ားကအသက္၂၂ႏွစ္ရွိတိုက္စစ္မႉးရဲ႕မန္စီးတီးစာခ်ဳပ္တြင္ ရီးရဲလ္မက္ဒရစ္ကေခၚယူႏိုင္မဲ့အခ်က္ပါဝင္ေနေၾကာင္းေဖာ္ျပခဲ့ၾကဖူးပါတယ္။
ဒါေပမဲ့ဂြါဒီယိုလာက “ဒါမမွန္ပါဘူး။ရီးရဲလ္မက္ဒရစ္(သို႔မဟုတ္)အျခားဘယ္အသင္းအတြက္မွစာခ်ဳပ္ဖ်က္သိမ္းခ်က္မထည့္သြင္းထားပါဘူး”လို႔ ျငင္းဆိုခဲ့ပါတယ္။
ဒါေပမဲ့ The Athletic က တကယ္တမ္းတြင္အာလင္းဟာလန္းရဲ႕စာခ်ဳပ္အတြင္းမွာ၂၀၂၄ခုႏွစ္မွာသူ႔ကိုစာခ်ဳပ္ဖ်က္သိမ္းေၾကးေပးကာေခၚယူႏိုင္မဲ့အခ်က္ပါဝင္ေနေၾကာင္းေဖာ္ျပလာပါတယ္။
ႏိုင္ငံျခားကလပ္မ်ားအေနျဖင့္၂၀၂၄ခုႏွစ္၊ေႏြရာသီတြင္အာလင္းဟာလန္းကို ေျပာင္းေ႐ႊ႕ေၾကးေပါင္၁၇၅.၅သန္းျဖင့္ေခၚယူႏိုင္ပါမယ္။ဒါေၾကာင့္လည္းပရီးမီးယားလိဂ္ကလပ္မ်ားအေနျဖင့္အာလင္းဟာလန္းကိုေခၚယူႏိုင္မွာမဟုတ္ပါဘူး။
ဒါ့အျပင္ The Athletic ကအာလင္းဟာလန္းရဲ႕စာခ်ဳပ္ပါ စာခ်ဳပ္ဖ်က္သိမ္းေၾကးပမာဏမွာစာခ်ဳပ္သက္တမ္းကုန္ဆုံးရန္နီးစပ္လာတာနဲ႔အမွ်ေလွ်ာ့က်လာမွာျဖစ္ေၾကာင္းလည္းေဖာ္ျပသြားပါတယ္။